TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း(ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း(ဒီဇင်ဘာ ၇ ရက်၊ ၂၀၂၄) − ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ အီဂျစ်မှာ ပြန်စမည်၊ ဗန်းမော်မြို့တွင်း အစိုးရရုံးတချို့ KIA သိမ်းပိုက်၊ ကိုးကန့်တပ်သားဟန်ဆောင်ပြီး ပြစ်မှုကျူးလွန်သူ(၆)ဦး MNDAA ကွပ်မျက် စတာတွေနဲ့ အပတ်စဉ် အမျိုးသမီး၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း
ဗွီအိုအေ တပတ်အတွင်းသတင်းအစီအစဉ်ကို INTELSAT 17, 19 နဲ့ EUTELSAT 70B ဂြိုလ်တုတွေကနေ နေ့စဉ် (၂၄) နာရီပတ်လုံး ထုတ်လွှင့်ပေးနေပါတယ်။ အပတ်စဉ်စနေနေ့ ည (၇) နာရီတိုင်းမှာ မြန်မာပိုင်းအစီအစဉ်သစ်ကို တင်ဆက်ပေးပြီးတော့ နောက်နေ့ အစီအစဉ်သစ် မပြောင်းခင်အထိ အကြိမ်ကြိမ်ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဒီဇင်ဘာ ၇ ၊ ၂၀၂၄
အမ်းလေဆိပ်နဲ့ အုပ်ချုပ်ရေးဌာနအားလုံး AA သိမ်းပိုက်၊ သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာ ဆက်လက်တာဝန်ယူခွင့်ရ၊ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Steinberg ကွယ်လွန်၊ သမ္မတ Yoon ကိုတရားစွဲဖို့အဆို မဲ မခွဲနိုင်ခဲ့၊ ပြင်သစ်သမ္မတနဲ့ Donald Trump ပါရီမှာ တွေ့ဆုံ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။