TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၇-၂၀၁၇)
မြောက်ကိုရီးယားဘက်က အကောင်းဆုံး လုပ်နိုင်တာကတော့ ဒုံးကျည် စမ်းသပ်မှုကို ရပ်တန့် ဖို့ အတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ တောင်ကိုရီးယားမှာ THAAD ဒုံးခွင်းဒုံးစနစ် ထပ်ဆင်ထားရှိမယ့်ကိစ္စကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံကတောင်းဆိုလိုက်ပါတယ်။ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာ ဒေသခံတွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။