TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၈၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၈၊၂၀၂၄) မြန်မာ့အရေး ကန်သမ္မတရဲ့အရေးပေါ်အခြေအနေထုတ်ပြန်ချက် တနှစ်သက်တမ်းတိုး၊ “မြန်မာ့အရေးအာရုံစိုက်တွန်းအားပေးဖို့ Burma Caucus ဖွဲ့စည်း” အောက်လွှတ်တော်အမတ် Bill Huizenga အင်တာဗျူး စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
ဂါဇာတောင်ပိုင်း Ref ah မြို့ကို တပ်ဖွဲ့တွေ စေလွှတ်ဖို့ အစ္စရေးဝန်ကြီးချုပ်က အမိန့်ပေး၊ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ခမ်းပတ်မြို့က ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံရမှုကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့ Amnesty International တိုက်တွန်း၊ ပါကစ္စတန်မှာ ရွေးကောက်ပွဲကျင်းပ စတဲ့နောက်ဆုံးရသတင်းတွေနဲ့ သတင်းဆောင်းပါးတွေ စုစည်းတင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၄)
မြန်မာ့အရေး အမြန်ဆုံးဝိုင်းဝန်းဖြေရှင်းဖို့ ကုလအကြီးအကဲတိုက်တွန်း၊ ကန် လွှတ်တော်မှာ Burma Caucus မြန်မာ့အရေးအဖွဲ့ ဖွဲ့ခဲ့တာနဲ့ ပတ်သက်လို့ ပူးတွဲ ဥက္ကဌ Bill Huizenga နဲ့ သီးသန့်မေးမြန်းခန်း စတာတွအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။