TV Schedule
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (ဖေဖော်ဝါရီ ၉၊ ၂၀၂၄)
ဟာမတ်စ်ကို လက်တုံ့ပြန်တဲ့ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်က အလွန်အကျူး ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန် ဝေဖန်၊ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေကြား ရွေးကောက်ပွဲရလဒ် ရေတွက်မှုတွေ နှောင့်နှေး၊ ကမ္ဘာတဝန်း တရုတ်နှစ်သစ်ကူး ဆင်နွှဲဖို့ ပြင်ဆင် စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့ အပတ်စဥ် ဆောင်းပါးတွေ စုစည်း တင်ဆက်ထားပါတယ်။
၂၁:၀၀ - ၂၁:၅၉
ဗွီအိုအေ မြန်မာညချမ်း (ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၂၄)
ဟာမတ်စ်အပေါ် အစ္စရေးရဲ့လက်တုန့်ပြန်မှု အလွန်အကျူးဖြစ်နေ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယားမှာ စာသင်ကျောင်းတွေ ပိတ်ထားရ၊ ကျိုက်မရောထောင်မှာ အကျဉ်းသား ၅၀နီးပါး အစာငတ်ခံ ဆန္ဒပြ၊ နိုင်ငံရေးအခြေအနေကြောင့် မြန်မာမှာ တရုတ်နှစ်သစ်ကူး အကျဉ်းရုံးကျင်းပ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။