TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၉၊ ၂၀၂၄)
NATO အဖွဲ့ရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဒီကနေ့ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ စတင်မှာဖြစ်ပြီး ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေတဲ့ရတဲ့ ယူကရိန်းကို ကူညီရေးအဓိက ဆွေးနွေးကြဖို့ရှိနေ၊ ရုရှားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၃၇ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာ ရခဲ့တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ရှိ၊ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တော်လှန်တိုက်ပွဲ အတွက် ဝင်ငွေရှာတဲ့ အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ တိုးမြှင့် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထဲရောင်းချ တာတွေ ပို လုပ်လာနေတယ်လို့ ထိုင်းစစ်တပ် အကြီးတန်း အရာရှိတဦးက ပြောလိုက်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင်လ ၉ ရက်၊ ၂၀၂၄)
နေတိုးထိပ်သီးစည်းဝေးပွဲ ဒီကနေ့ စတင်မည်၊ မိုးမိတ်က စစ်ကောင်စီတပ်စခန်း ၄ ခုကို TNLA သိမ်းပိုက်၊ မုံရွာမှာ စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရသူတွေထဲ အမျိုးသမီးတချို့ပါဝင် စတာတွေနဲ့ မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။