ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဘယ်ဟာ အဓိကလဲဆိုတာ မြန်မာ့နိုင်ငံရေးမှာ အငြင်းပွါးစရာ အကြောင်းအရာတရပ် ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်ဝင်းအား ဦးတင်မောင်သန်းက ဆက်သွယ်မေးမြန်းပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ တင်ပြထားပါတယ်။
နယူးဇီလန်နိုင်ငံမှာ မူလနေထိုင်နေကြတဲ့ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကိုလိုနီလုပ်ခဲ့တဲ့ ဗြိတိသျှအင်ပါယာကြား ၁၈၄၀ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ သဘောထားကွဲမှုတွေ ဒီနေ့အထိ အကြီးအကျယ် ရှိနေပါတယ်။
ဒီလို လက်နက်သစ်တွေ သုံးဖို့ခွင့်ပြုတာဟာ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိင်သလဲ ဆိုတာကို မမြသဇင်အောင်က အယ်ဒီတာဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
ဆူဒန်နိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း ချဒ်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ အမျိုးသမီးတွေ လိင်အမြတ်ထုတ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးဒုက္ခသည်တွေရော လုံခြုံမှု ရှိပါရဲ့လား။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေဝေနု ကို ဦးတင်မောင်သန်း က မေးမြန်းထားပါတယ်။
နိုင်ငံထဲ ရောက်လာသူတွေကို တခြားနိုင်ငံမှာ သွားထားဖို့ ကြိုးစားတဲ့ အီတလီနိုင်ငံအကြောင်း ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာမှာ ဦးတင်မောင်သန်း တင်ပြထားပါတယ်။
ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။
အမေရိကန် လွှတ်တော်က ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးဖို့ အတည်ပြုထားပါတယ်။ ဒီရန်ပုံငွေရဲ့ ရာခိုင်နှုန်းဘယ်လောက် အောက်ခြေကို ရောက်နိုင်ပါမလဲ။
၂၀၂၄ ခုနှစ် မတ်လလယ်လောက်မှာ အမေရိကန်လွှတ်တော်က ပြဌာန်းခဲ့တဲ့ Burma Act အတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂၁ သန်းကို ချထားခဲ့ပါတယ်။ ဒီရန်ပုံငွေရဲ့ ရာခိုင်နှုန်း ဘယ်လောက် အောက်ခြေကို ရောက်နိုင်ပါမလဲ။
နိုင်ငံတွေ သာယာဝပြော တိုးတက်ဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဥပဒေမူဘောင်တွေ ခိုင်မာဖို့ အရေးကြီးတယ်ဆိုတာကို သုတေသနပြု ဖော်ထုတ်ခဲ့ကြတဲ့ ပညာရှင်တွေ အခုနှစ်အတွက် Nobel စီးပွားရေးဆု ရရှိခဲ့ကြပါတယ်။
မြန်မာစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာ တရုတ်နဲ့ ပဋိပက္ခ မဖြစ်ဖို့ ကြိုးစားရမှာ ဖြစ်ပေမဲ့ ကိုယ့်ရည်မှန်းချက်ကို အထိခိုက်ခံလို့ မရဘူးလို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှဇော်ကျော်ဇောက ပြောပါတယ်။
မြန်မာ့လက်တွေ့နိုင်ငံရေးမှာ တရုတ်ကို ချန်စဥ်းစားမလား။ တရုတ်ရဲ့ အနေအထားနဲ့ ဆက်ဆံပုံတွေကို နားလည်ပြီး မဟာဗျူဟာ ချမှတ်မလား ဆိုတာဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စက်တင်ဘာ ၁၉ ရက်နေ့က တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ပေါင်း ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ "ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" ဆိုတဲ့ ရှေ့လုပ်ငန်းစဥ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်