သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာ့ဖလား ေဘာလုံးပြဲ အိမ္ရွင္ ကာတာႏိိုင္ငံက အလုပ္သမားေရး အရႈပ္ေတာ္ပုံ


FBL-WC-2022-QATAR

[[Zawgyi/Unicode]]

လုပ္ခလစာမရလို႔ ဆႏၵျပၾကတဲ့ ႏိုင္ငံျခားသား အလုပ္သမား ၆၀ ကို ကာတာအစိုးရက မၾကာေသးခင္က ဖမ္းဆီးလိုက္ၿပီး တခ်ိဳ႕ကို ေနရပ္ ျပန္ပို႔လိုက္တယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ကာတာႏိုင္ငံအေနနဲ႔ ၂၀၂၂ ခုႏွစ္ ကမၻာ့ဖလား ေဘာလုံးဗိုလ္လုပြဲေတြကို အိမ္ရွင္အျဖစ္လက္ခံက်င္းပဖို႔ ၃ လ အလိုမွာ အခုလို ျဖစ္သြားခဲ့တာပါ။

ကမၻာ့ဖလားမတိုင္မွာ ကာတာႏိုင္ငံဟာ အလုပ္သမားအခြင့္အေရးေတြကို ခ်ဳိးေဖာက္ေနတယ္ဆိုတဲ့ ႏိုင္ငံတကာရဲ႕ ေဝဖန္ ေျပာဆိုမႈေတြထြက္ေပၚေနခ်ိန္မွာပဲ အခုလို ဖမ္းဆီးတဲ့သတင္း ထြက္ေပၚလာတာပါ။ ပင္လယ္ေကြ႔ေဒသမွာရွိတဲ့ တျခား ႏိုင္ငံေတြနည္းတူ ကာတာႏိုင္ငံဟာလည္း ႏိုင္ငံျခားသားအလုပ္သမားေတြအေပၚ မွီခိုအားထားေနရတာပါ။ အလုပ္သမားေတြဟာ လြန္ခဲ့တဲ့ သီတင္းတပတ္တုန္းက ဆႏၵျပခဲ့ၾကတာျဖစ္တာေၾကာင့္ ႏိုင္ငံတကာရဲ႕ စိုးရိမ္မႈေတြ ပိုႀကီးထြားလာေစတယ္လို႔ ဆိုပါတယ္။

အခုလို ဖမ္းဆီးမႈဟာ အလုပ္သမားေတြကို ေကာင္းမြန္စြာ ဆက္ဆံပါမယ္ဆိုတဲ့ ကာတာႏိုင္ငံရဲ႕ ကတိျပဳမႈအေပၚ သံသယရွိဖြယ္ ျဖစ္ေနတယ္လို႔ ဒီဖမ္းဆီးမႈကို ဦးေဆာင္ စုံစမ္းေနတဲ့အဖြဲ႔က ေျပာပါတယ္။

အမ်ားျပည္သူေဘးကင္းလုံၿခံဳမႈကို အႏၲရာယ္ျဖစ္ေစတဲ့အတြက္ ဆႏၵျပသူတခ်ဳိ႕ကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ကာတာအစိုးရက တနဂၤေႏြေန႔ေႏွာင္းပိုင္းမွာ ေအပီ သတင္းဌာကို အတည္ျပဳ ေျပာဆိုပါတယ္။ ဒါေပမယ့္ ဖမ္းဆီးမႈအေသးစိတ္နဲ႔ ဘယ္ႏွစ္ေယာက္ကို ေနရပ္ ျပန္ပို႔လိုက္တယ္ဆိုတဲ့ အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိပါဘူး။

သူတို႔ လုပ္ခလစာအေပၚ မေက်မနပ္ျဖစ္ေနၾကတဲ့ အလုပ္သမား ၆၀ ေလာက္ ဒိုဟာ ၿမိဳ႕မွာရွိတဲ့ Al Bandary International Group ႐ုံးေရွ႕မွာ ၾသဂုတ္လ ၁၄ ရက္ေန႔က ဆႏၵျပေနၾကတဲ့ ဗြီဒီယိုေတြ လူမႈကြန္ယက္ေပၚမွာ ထြက္ေပၚေနပါတယ္။

FBL-WC-2022-QATAR
FBL-WC-2022-QATAR

=============

[[Unicode]]

ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင် ကာတာနိုင်ငံက အလုပ်သမားရေး အရှုပ်တော်ပုံ

လုပ်ခလစာမရလို့ ဆန္ဒပြကြတဲ့ နိုင်ငံခြားသား အလုပ်သမား ၆၀ ကို ကာတာအစိုးရက မကြာသေးခင်က ဖမ်းဆီးလိုက်ပြီး တချို့ကို နေရပ် ပြန်ပို့လိုက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကာတာနိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ၃ လ အလိုမှာ အခုလို ဖြစ်သွားခဲ့တာပါ။

ကမ္ဘာ့ဖလားမတိုင်မှာ ကာတာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန် ပြောဆိုမှုတွေထွက်ပေါ်နေချိန်မှာပဲ အခုလို ဖမ်းဆီးတဲ့သတင်း ထွက်ပေါ်လာတာပါ။ ပင်လယ်ကွေ့ဒေသမှာရှိတဲ့ တခြား နိုင်ငံတွေနည်းတူ ကာတာနိုင်ငံဟာလည်း နိုင်ငံခြားသားအလုပ်သမားတွေအပေါ် မှီခိုအားထားနေရတာပါ။ အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ သီတင်းတပတ်တုန်းက ဆန္ဒပြခဲ့ကြတာဖြစ်တာကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ပိုကြီးထွားလာစေတယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးမှုဟာ အလုပ်သမားတွေကို ကောင်းမွန်စွာ ဆက်ဆံပါမယ်ဆိုတဲ့ ကာတာနိုင်ငံရဲ့ ကတိပြုမှုအပေါ် သံသယရှိဖွယ် ဖြစ်နေတယ်လို့ ဒီဖမ်းဆီးမှုကို ဦးဆောင် စုံစမ်းနေတဲ့အဖွဲ့က ပြောပါတယ်။

အများပြည်သူဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေတဲ့အတွက် ဆန္ဒပြသူတချို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာတာအစိုးရက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အေပီ သတင်းဌာကို အတည်ပြု ပြောဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးမှုအသေးစိတ်နဲ့ ဘယ်နှစ်ယောက်ကို နေရပ် ပြန်ပို့လိုက်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

သူတို့ လုပ်ခလစာအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ အလုပ်သမား ၆၀ လောက် ဒိုဟာ မြို့မှာရှိတဲ့ Al Bandary International Group ရုံးရှေ့မှာ သြဂုတ်လ ၁၄ ရက်နေ့က ဆန္ဒပြနေကြတဲ့ ဗွီဒီယိုတွေ လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG