သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွန်ခဲ့တဲ့ ၈ နှစ် ကမ္ဘာမှာအပူဆုံးအဖြစ် ကုလသမဂ္ဂ မှတ်တမ်းတင် 


အာဖရိကဦးချိုဒေသမှာ မိုးခေါင်ရေရှားဒဏ်ခံနေတာကြောင့် နောက်ဘက်ကမ်းခြေက တာကာနာရေကန် ရေခမ်းနေတဲ့အတွက် ဆိတ်တွေအတွက် လက်ယက်တွင်းကရေကိုစစ်ထုတ်ခပ်ယူပေးနေတဲ့ အမျိုးသမီးတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)
အာဖရိကဦးချိုဒေသမှာ မိုးခေါင်ရေရှားဒဏ်ခံနေတာကြောင့် နောက်ဘက်ကမ်းခြေက တာကာနာရေကန် ရေခမ်းနေတဲ့အတွက် ဆိတ်တွေအတွက် လက်ယက်တွင်းကရေကိုစစ်ထုတ်ခပ်ယူပေးနေတဲ့ အမျိုးသမီးတဦး။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

အအေးဓာတ်တွေသယ်ဆောင်လာလေ့ရှိတဲ့ လာနီညာရာသီဥတုပုံစံရှိပေမဲ့လည်း ကမ္ဘာကြီးမှာ လွန်ခဲ့တဲ့ ၈ နှစ်ဟာ အပူဆုံးဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်မှုခေတ်မတိုင်ခင်ကာလထက် ပျမ်းမျှအပူချိန် ၁.၁၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် ပိုများခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာဆိုရင်လည်း ထိခိုက်သေကျေတဲ့အထိ မကြုံစဖူး ရာသီဖောက်ပြန်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေကို ကြုံခဲ့ရတယ်လို့လည်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ကပြောပါတယ်။ အပူဆုံးနှစ်တွေကတော့ ၂၀၁၆၊ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ကြုံခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ်ကအပူချိန်ဟာ ၁၈၅၀ ပြည့်နဲ့ ၁၉၀၀ ပြည့်ကြား စက်မှုခေတ်က ကမ္ဘာ့အပူချိန်ထက် ၁ ဒီဂရီ ပိုများတဲ့ ၈ နှစ်မြောက် နှစ်တနှစ်လည်း ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့နိုင်ငံအားလုံးနီးပါး သဘောတူခဲ့ကြတဲ့ ပါရီသဘောတူညီချက်မှာတော့ ရာသီဥတုဖောက်ပြန်မှုဒဏ်တွေကို ထိန်းချုပ်နိုင်မဲ့အဆင့်အဖြစ် သိပ္ပံပညာရှင်တွေက ခန့်မှန်းထားတဲ့ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်လောက်မှာ ထိန်းထားဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့လည်း သတ်မှတ်ထားတဲ့အပူချိန်ကို ကျော်မယ့် အလားအလာတွေ တွေ့နေရကြောင်း WMO က ကြာသပတေးနေ့မှာ သတိပေးခဲ့တာပါ။

WMO ရဲ့ သုံးသပ်ချက်ကိုတော့ ဥရောပသမဂ္ဂ EU ရဲ့ ကော်ပါးနီးကပ်စ် ရာသီဥတုစောင့်ကြည့်ရေးဌာန၊ အမေရိကန် သမုဒ္ဒရာနဲ့လေထုဆိုင်ရာ ကြီးကြပ်ရေးဌာန (NOAA) အပါအဝင် နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

===============






XS
SM
MD
LG