သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ငတ္မြတ္ေခါင္းပါးမႈေၾကာင့္ ၄ စကၠန္႔တိုင္းမွာ လူ တေယာက္ႏႈန္း ေသဆံုး


ဆိုမာလီယာႏိုင္ငံ၊ မုိဂါဒစ္႐ႉးၿမိဳ႕ျပင္က ရြက္ဖ်င္တဲမွာေနထိုင္ေနသူ ၂၁ ႏွစ္အရြယ္မိခင္နဲ႔ အာဟာရခ်ဳိ႕တဲ့ေနတဲ့ ၂ လသားအရြယယ္ကေလးငယ္။ (ဇြန္ ၃၀၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ကမၻာမွာ ငတ္မြတ္ေခါင္းပါးမႈေၾကာင့္ ေလးစကၠန႔္တိုင္းမွာ ေသဆုံးရသူတယာက္ရွိမယ္လို႔ ခန႔္မွန္းေၾကာင္း အစိုးရမဟုတ္တဲ့အဖြဲ႕အစည္း NGO ၂၀၀ ေက်ာ္က အဂၤါေန႔မွာ သတိေပးလိုက္ပါတယ္။ ကမာၻ႔ငတ္မြတ္ေခါင္းပါးမႈသံသရာကို အဆုံးသတ္ႏိုင္ ဖို႔ အဆုံးအျဖတ္ ေပးႏိုင္ေလာက္တဲ့ ႏိုင္ငံတကာ လုပ္ငန္းစဥ္တရပ္ ခ်မွတ္ေဆာင္ ႐ြက္ဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။

နယူးေယာက္ၿမိဳ႕မွာက်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံကို တက္ေရာက္ လာၾကမယ့္ ကမာၻ႔ေခါင္းေဆာင္ေတြကို ႏိုင္ငံေပါင္း ၇၅ ႏိုင္ငံက NGO ၂၃၈ ဖြဲ႔ က ေပးပို႔တဲ့အိပ္ဖြင့္ေပးစာမွာ အခုလို တိုက္တြန္းလိုက္ၾကတာ ျဖစ္ပါတယ္။ ကမာၻမွာ ငတ္မြတ္ေခါင္းပါးမႈအဆင့္ တဟုန္ထိုးတက္လာတဲ့အေပၚ Oxfam ၊ Save the Children နဲ႔ Plan International တို႔အပါအဝင္ NGO အဖြဲ႔ေတြက ခုလို သေဘာထား ေဖာ္ျပခဲ့ၾကတာပါ။

ကမာၻမွာ လူေပါင္း ၃၄၅ သန္းဟာ ငတ္မြတ္ေခါင္းပါးမႈ ေတြ႕ႀကဳံေနၾကရတာ ျဖစ္ပါတယ္။ ဒါဟာ ၂၀၁၉ ကထက္ ၂ ဆ တိုးလာတာ ျဖစ္တယ္လို႔ NGO ေတြက သူတို႔ရဲ႕ ေၾကညာခ်က္မွာ ေျပာပါတယ္။

၂၁ ရာစုထဲမွာ အငတ္ေဘး မႀကဳံေစရဘူးလို႔ ကမာၻ႔ ေခါင္းေဆာင္ေတြက ကတိကဝတ္ေတြထားခဲ့ၾကေပမယ့္ ဆိုမားလီးယားမွာ အငတ္ေဘး ႀကဳံရေတာမယ့္ အေျခဆိုက္ေနၿပီလို႔ NGO ေတြက ေျပာပါတယ္။ တိုင္းျပည္ ၄၅ ျပည္မွာ လူ သန္းေပါင္း ၅၀ ဟာ ငတ္သေလာက္အျဖစ္ကို ေရာက္ေနတယ္လို႔လည္း ဆိုပါတယ္။

ေန႔တိုင္း ငတ္မြတ္ၿပီးေသဆုံးၾကရသူ ၁၉,၇၀၀ ရွိတယ္လို႔ ခန႔္မွန္းရတာေၾကာင့္ ၄ စကၠန႔္တိုင္းမွာ တေယာက္ ေသဆုံးေနၾကရတယ္လို႔ NGO ေတြက ေျပာတာပါ။ အသက္ကယ္တင္ဖို႔ စားနပ္ရိကၡာ ခ်က္ခ်င္း ေထာက္ပံ့ရမယ့္အျပင္ မိသားစုေတြ ဟာ သူတို႔ဝမ္း သူတို႔ေက်ာင္းႏိုင္ေအာင္ ေရရွည္အတြက္ ပံပိုးကူညီဖို႔ လိုအပ္တယ္လို႔ ယီမင္ မိသားစု ေစာင့္ေရွာက္ေရး အဖြဲ႕ (Yemen Family Care Association) က Mohanna Ahmed Ali Eljabaly က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ငတ်မွတ်ခေါင်းပါးမှုကြောင့် ၄ စက္ကန့်တိုင်းမှာ လူ တယောက်နှုန်း သေဆုံး

ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် လေးစက္ကန့်တိုင်းမှာ သေဆုံးရသူတယာက်ရှိမယ်လို့ ခန့်မှန်းကြောင်း အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO ၂၀၀ ကျော်က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုသံသရာကို အဆုံးသတ်နိုင် ဖို့ အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ နိုင်ငံတကာ လုပ်ငန်းစဉ်တရပ် ချမှတ်ဆောင် ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက် လာကြမယ့် ကမ္ဘာ့ခေါင်းဆောင်တွေကို နိုင်ငံပေါင်း ၇၅ နိုင်ငံက NGO ၂၃၈ ဖွဲ့ က ပေးပို့တဲ့အိပ်ဖွင့်ပေးစာမှာ အခုလို တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုအဆင့် တဟုန်ထိုးတက်လာတဲ့အပေါ် Oxfam ၊ Save the Children နဲ့ Plan International တို့အပါအဝင် NGO အဖွဲ့တွေက ခုလို သဘောထား ဖော်ပြခဲ့ကြတာပါ။

ကမ္ဘာမှာ လူပေါင်း ၃၄၅ သန်းဟာ ငတ်မွတ်ခေါင်းပါးမှု တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ကထက် ၂ ဆ တိုးလာတာ ဖြစ်တယ်လို့ NGO တွေက သူတို့ရဲ့ ကြေညာချက်မှာ ပြောပါတယ်။

၂၁ ရာစုထဲမှာ အငတ်ဘေး မကြုံစေရဘူးလို့ ကမ္ဘာ့ ခေါင်းဆောင်တွေက ကတိကဝတ်တွေထားခဲ့ကြပေမယ့် ဆိုမားလီးယားမှာ အငတ်ဘေး ကြုံရတောမယ့် အခြေဆိုက်နေပြီလို့ NGO တွေက ပြောပါတယ်။ တိုင်းပြည် ၄၅ ပြည်မှာ လူ သန်းပေါင်း ၅၀ ဟာ ငတ်သလောက်အဖြစ်ကို ရောက်နေတယ်လို့လည်း ဆိုပါတယ်။

နေ့တိုင်း ငတ်မွတ်ပြီးသေဆုံးကြရသူ ၁၉,၇၀၀ ရှိတယ်လို့ ခန့်မှန်းရတာကြောင့် ၄ စက္ကန့်တိုင်းမှာ တယောက် သေဆုံးနေကြရတယ်လို့ NGO တွေက ပြောတာပါ။ အသက်ကယ်တင်ဖို့ စားနပ်ရိက္ခာ ချက်ချင်း ထောက်ပံ့ရမယ့်အပြင် မိသားစုတွေ ဟာ သူတို့ဝမ်း သူတို့ကျောင်းနိုင်အောင် ရေရှည်အတွက် ပံပိုးကူညီဖို့ လိုအပ်တယ်လို့ ယီမင် မိသားစု စောင့်ရှောက်ရေး အဖွဲ့ (Yemen Family Care Association) က Mohanna Ahmed Ali Eljabaly က ပြောပါတယ်။

XS
SM
MD
LG