သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုၿမိဳ႕အနီး လက္နက္ႀကီးပစ္ခတ္မႈေတြရွိ


ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္က စစ္ေဘးေရွာင္ျပည္သူမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္ ဒီးေမာ့ဆိုၿမိဳ႕နယ္အေရွ႕ျခမ္းမွာ ၾသဂုတ္လ ၁၀ ရက္ ဒီေန႔မနက္ကေန ေန႔ခင္းပိုင္းအထိ လက္နက္ႀကီးပစ္ခတ္သံေတြၾကားေနရတယ္လို႔ စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။ ဒီကေန႔ ပစ္ခတ္မႈေတြမွာ ထိခိုက္ဒဏ္ရာရတာမရွိေပမယ့္ မေန႔ကေတာ့ လြိဳင္လင္ေလးၿမိဳ႕နယ္ဘက္မွာ ေလယာဥ္ဗံုးႀကဲတိုက္ခိုက္ခံရလို႔ အရပ္သားတဦးေသဆံုး ၂ ဦးဒဏ္ရရွိၿပီး ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ ဘက္ျခမ္းမွာလည္း လက္နက္ႀကီးက်လို႔ အရပ္သား ၃ ဦး ထိခိုက္ဒဏ္ရာရသြားပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေန႔စဥ္လိုလို ပစ္ခတ္တိုက္ခိုက္မႈရွိေနတဲ့ ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းမွာ ၾသဂုတ္လ ၁၀ ရက္ ဒီေန႔ မနက္ပိုင္းကေန ေန႔ခင္းပိုင္းအထိ လက္နက္ႀကီး၊ လက္နက္ငယ္ ပစ္ခတ္သံေတြ ဆက္လက္ၾကားေနရေၾကာင္း ဒီးေမာ့ဆို အေရွ႕ျခမ္း စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။

“ဒီမနက္ ၁၀ နာရီ ၁၀ နာရီေက်ာ္ေလာက္မွာ စျဖစ္တာ။ အၾကာႀကီးပဲ အခုထက္ထိပဲ။ သူတို႔ လက္နက္ႀကီးေတြနဲ႔ လွမ္းထုေနၾကတာလားေတာ့ မသိဘူးေပါ့ေနာ္။ ညီမတို႔လည္း သူတို႔ရွိတဲ့ဘက္ကို ကိုယ္တိုင္သြားမေတြ႔ ရဘူးဆိုေတာ့ သူတို႔ အခ်င္းခ်င္းပစ္ေနၾကတာလား၊ ဒါမွမဟုတ္ တျခားေနရာဘက္ကို လွမ္းပစ္ေနတာလား ေတာ့ မေသခ်ာဘူးေပါ့ေနာ္။”

မေန႔က ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းမွာ လက္နက္ႀကီးက်လို႔ အရပ္သား ျပည္သူ ၃ ဦးဒဏ္ရာရရွိတာလို႔ ဆိုပါတယ္။

“မေန႔က လက္နက္ႀကီး ၅ လံုး၊ ၇ လံုး က်လာတယ္။ ရြာထဲမွာက်လာတာ သံုးေယာက္ ထိခိုက္သြားတယ္ေျပာပါတယ္။ မေန႔ကေတာ့ တေနကုန္ေလာက္ျဖစ္တယ္။ မေန႔က တေနကုန္ျဖစ္ၿပီးေတာ့မွ ညေန ၅ နာရီ ၆ နာရီေလာက္မွာ သူတို႔က လက္နက္ႀကီးနဲ႔ ရြာေတြထဲကို ပစ္လာတာ။ တိုက္ပြဲမရွိတဲ့ေနရာမွာ သူတို႔ကပစ္လာတာ။”

မေန႔က ဒီးေမာ့ဆို စံျပ (၆) မိုင္ေက်းရြာဘက္ တေနကုန္ ျပင္းျပင္းထန္ထန္ တိုက္ပြဲျဖစ္ေနတာလို႔ ဆိုပါတယ္။ ဒါေပမယ့္ တိုက္ပြဲမရွိတဲ့ ေက်းရြာေတြဘက္ လက္နက္ႀကီးနဲ႔ လွမ္းပစ္ခံရလို႔ အရပ္သားျပည္သူေတြ ထိခိုက္ရတာပါ။

စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႔ေတြနဲ႔ အၿမဲတမ္း တိုက္ပြဲျဖစ္ေနတာပါ။ ဒါေပမယ့္ တိုက္ပြဲမရွိခ်ိန္လည္း ဦးတည္ရာမရွိ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္သလို ေလေၾကာင္းသံုး တိုက္ ခိုက္မႈေတြလည္း မၾကာမၾကာလုပ္ေဆာင္တယ္လို႔ ေနာက္ထပ္ စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။

“မေန႔က လြိဳင္လင္အေရွ႕ဘက္ကမ္းလည္း ေလယာဥ္နဲ႔ ဗံုးႀကဲတာဆိုေတာ့ ကေလးေတြ၊ စာသင္ေက်ာင္းေတြပါ ထိကုန္တာေပါ့။ အဲဒီဘက္တိုက္ပြဲမျဖစ္ဘူး။ မျဖစ္ဘဲနဲ႔ႀကဲတာ။ ကေလးေတြ စာသင္ေနရင္း ထြက္ေျပးရတာ။ မေန႔ကေတာ့ ဒီးေမာ့ဆုိဘက္ကေတာ့ အေရွ႕ဘက္ျခမ္းလည္း လက္နက္ႀကီးနဲ႔ထုခံရတာေရာ၊ တိုက္ပြဲမျဖစ္ဘူးေလ။ ျဖစ္တာေတာ့ ၆ မိုင္(ရြာ) ဘက္ျဖစ္တာ။ ဒါေပမယ့္ သူတို႔က ထံုစံအတိုင္းေပါ့။ တေနရာျဖစ္ရင္ မျဖစ္တဲ့ေနရာေတြပါ လိုက္ရမ္းထုတာ၊ သူတို႔ စစ္ေၾကာင္းထိုးရင္ ဟိုဘက္က ကေလးေတြနဲ႔ ျဖစ္ၾကတာေပါ့။ စစ္ေၾကာင္းထိုးရင္ေတာ့ အၿမဲတမ္းျဖစ္တာပဲ။ စစ္ေၾကာင္းထိုးတာနဲ႔ ျဖစ္တာပဲ၊ တခါက်လည္း မျဖစ္ဘဲနဲ႔ လက္နက္ႀကီးက ထုတာပဲ။ သူတို႔က မသကၤာတဲ့ေနရာေတြ။”

စစ္ေကာင္စီရဲ႕တိုက္ခိုက္မႈကေန ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္မွာ မေန႔က တရက္တည္းတင္ အရပ္သား တဦးေသဆံုး၊ ၅ ဦး ထိခိုက္ဒဏ္ရာရရွိသြားပါတယ္။ မေန႔က တိုက္ပြဲမရွိဘဲ အရပ္သားပစ္မွတ္ ထား တိုက္ခိုက္ခံရတာလို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

မေန႔က ၁၀ နာရီခြဲကေန ၁၁ နာရီအထိ လိြဳင္လင္ေလးၿမိဳ႕နယ္၊ တီးလံုးေက်းရြာအုပ္စု၊ ေဒါပါပါးေက်းရြာထဲကို စစ္ေကာင္စီရဲ႕ ဂ်က္ေလယာဥ္နဲ႔ ၃ ႀကိမ္တိုင္တိုင္ ဗံုးႀကဲတိုက္ခိုက္ခဲ့ၿပီး အရပ္သားျပည္သူ တဦးေသဆံုး၊ ၂ ဦးထိခိုက္ဒဏ္ရာရရွိခဲ့သလို ေက်းရြာေဆးေအးခန္းႀကီးနဲ႔ လူေနအိမ္တလံုး ပ်က္စီးသြားေၾကာင္း ကရင္နီအမ်ဳိးသားမ်ားကာကြယ္ေရးတပ္ (KNDF) မေန႔က ထုတ္ျပန္ထားပါတယ္။

တိုက္ပြဲမျဖစ္ဘဲ စစ္ပြဲနဲ႔ မဆိုင္တဲ့ေက်းရြာကို ရည္ရြယ္ရွိရွိ လူထုေတြကို ပစ္မွတ္ထား တိုက္ခိုက္တာလို႔ KNDF က ေျပာပါတယ္။ မေန႔က တိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစံုတရာထုတ္ျပန္တာမ်ဳိး မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဒီးမော့ဆိုမြို့အနီး လက်နက်ကြီးပစ်ခတ်မှုတွေရှိ

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ သြဂုတ်လ ၁၀ ရက် ဒီနေ့မနက်ကနေ နေ့ခင်းပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။ ဒီကနေ့ ပစ်ခတ်မှုတွေမှာ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် မနေ့ကတော့ လွိုင်လင်လေးမြို့နယ်ဘက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သားတဦးသေဆုံး ၂ ဦးဒဏ်ရရှိပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ ဘက်ခြမ်းမှာလည်း လက်နက်ကြီးကျလို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်မှုရှိနေတဲ့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ သြဂုတ်လ ၁၀ ရက် ဒီနေ့ မနက်ပိုင်းကနေ နေ့ခင်းပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်လက်ကြားနေရကြောင်း ဒီးမော့ဆို အရှေ့ခြမ်း စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“ဒီမနက် ၁၀ နာရီ ၁၀ နာရီကျော်လောက်မှာ စဖြစ်တာ။ အကြာကြီးပဲ အခုထက်ထိပဲ။ သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းထုနေကြတာလားတော့ မသိဘူးပေါ့နော်။ ညီမတို့လည်း သူတို့ရှိတဲ့ဘက်ကို ကိုယ်တိုင်သွားမတွေ့ ရဘူးဆိုတော့ သူတို့ အချင်းချင်းပစ်နေကြတာလား၊ ဒါမှမဟုတ် တခြားနေရာဘက်ကို လှမ်းပစ်နေတာလား တော့ မသေချာဘူးပေါ့နော်။”

မနေ့က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးကျလို့ အရပ်သား ပြည်သူ ၃ ဦးဒဏ်ရာရရှိတာလို့ ဆိုပါတယ်။

“မနေ့က လက်နက်ကြီး ၅ လုံး၊ ၇ လုံး ကျလာတယ်။ ရွာထဲမှာကျလာတာ သုံးယောက် ထိခိုက်သွားတယ်ပြောပါတယ်။ မနေ့ကတော့ တနေကုန်လောက်ဖြစ်တယ်။ မနေ့က တနေကုန်ဖြစ်ပြီးတော့မှ ညနေ ၅ နာရီ ၆ နာရီလောက်မှာ သူတို့က လက်နက်ကြီးနဲ့ ရွာတွေထဲကို ပစ်လာတာ။ တိုက်ပွဲမရှိတဲ့နေရာမှာ သူတို့ကပစ်လာတာ။”

မနေ့က ဒီးမော့ဆို စံပြ (၆) မိုင်ကျေးရွာဘက် တနေကုန် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဒါပေမယ့် တိုက်ပွဲမရှိတဲ့ ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ လှမ်းပစ်ခံရလို့ အရပ်သားပြည်သူတွေ ထိခိုက်ရတာပါ။

စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ အမြဲတမ်း တိုက်ပွဲဖြစ်နေတာပါ။ ဒါပေမယ့် တိုက်ပွဲမရှိချိန်လည်း ဦးတည်ရာမရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းသုံး တိုက် ခိုက်မှုတွေလည်း မကြာမကြာလုပ်ဆောင်တယ်လို့ နောက်ထပ် စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“မနေ့က လွိုင်လင်အရှေ့ဘက်ကမ်းလည်း လေယာဉ်နဲ့ ဗုံးကြဲတာဆိုတော့ ကလေးတွေ၊ စာသင်ကျောင်းတွေပါ ထိကုန်တာပေါ့။ အဲဒီဘက်တိုက်ပွဲမဖြစ်ဘူး။ မဖြစ်ဘဲနဲ့ကြဲတာ။ ကလေးတွေ စာသင်နေရင်း ထွက်ပြေးရတာ။ မနေ့ကတော့ ဒီးမော့ဆိုဘက်ကတော့ အရှေ့ဘက်ခြမ်းလည်း လက်နက်ကြီးနဲ့ထုခံရတာရော၊ တိုက်ပွဲမဖြစ်ဘူးလေ။ ဖြစ်တာတော့ ၆ မိုင်(ရွာ) ဘက်ဖြစ်တာ။ ဒါပေမယ့် သူတို့က ထုံစံအတိုင်းပေါ့။ တနေရာဖြစ်ရင် မဖြစ်တဲ့နေရာတွေပါ လိုက်ရမ်းထုတာ၊ သူတို့ စစ်ကြောင်းထိုးရင် ဟိုဘက်က ကလေးတွေနဲ့ ဖြစ်ကြတာပေါ့။ စစ်ကြောင်းထိုးရင်တော့ အမြဲတမ်းဖြစ်တာပဲ။ စစ်ကြောင်းထိုးတာနဲ့ ဖြစ်တာပဲ၊ တခါကျလည်း မဖြစ်ဘဲနဲ့ လက်နက်ကြီးက ထုတာပဲ။ သူတို့က မသင်္ကာတဲ့နေရာတွေ။”

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကနေ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်မှာ မနေ့က တရက်တည်းတင် အရပ်သား တဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ မနေ့က တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ် ထား တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မနေ့က ၁၀ နာရီခွဲကနေ ၁၁ နာရီအထိ လွိုင်လင်လေးမြို့နယ်၊ တီးလုံးကျေးရွာအုပ်စု၊ ဒေါပါပါးကျေးရွာထဲကို စစ်ကောင်စီရဲ့ ဂျက်လေယာဉ်နဲ့ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ တဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာဆေးအေးခန်းကြီးနဲ့ လူနေအိမ်တလုံး ပျက်စီးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မနေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်ပွဲနဲ့ မဆိုင်တဲ့ကျေးရွာကို ရည်ရွယ်ရှိရှိ လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ KNDF က ပြောပါတယ်။ မနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG