သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေဘးဒုကၡသည္ေတြၾကား ကိုဗစ္လကၡဏာနဲ႔ ဖ်ားနာသူေတြ မ်ားလာ 


ဖ်ားနာနေတဲ့ ကယားစစ္ေဘးေရွာင္တဦးအား သယ္ယူစဥ္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္နဲ႔ကယားျပည္နယ္ နယ္ျခားတိုက္ပြဲေတြကေန ေဘးလြတ္ရာ ေျပးေရွာင္ေနသူေတြၾကား ကူးစက္ျမန္တဲ့ ဗီဇေျပာင္း ကိုဗစ္ေရာဂါလကၡဏာလို႔ယူဆရတဲ့ ေရာဂါေတြခံစားေနရၿပီး ဖ်ားနာ ေခ်ာင္းဆိုးေနၾကတယ္ လို႔ က်န္းမာေရး ကုသေပးေနသူေတြနဲ႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေနသူေတြက ေျပာဆိုပါတယ္။ ဖ်ားနာေနသူေတြ ကိုဗစ္ေရာဟုတ္ မဟုတ္ အားလုံးမစစ္ေဆး ႏိုင္တဲ့အျပင္ ေဆးဝါးေတြလည္း မလုံေလာက္ဘူးလို႔ ေျပာပါတယ္။ ရွမ္းျပည္နယ္နဲ႔ ကယားျပည္နယ္ နယ္စပ္က စစ္ေဘးဒုကၡသည္ေတြရဲ႕ အေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပထားပါတယ္။

တိုက္ပြဲေတြၾကား လနဲ႔ခ်ီေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကတဲ့ ရွမ္းျပည္နယ္နဲ႔ကယားျပည္နယ္နယ္စပ္ ဖယ္ခုံၿမိဳ႕နယ္အေရွ႕ျခမ္းက ေဒသခံေတြၾကားမွာ ကူးစက္ျမန္ၿပီး ကိုဗစ္ေရာဂါလကၡဏာလို႔ယူဆရတဲ့ ေရာဂါေတြ ခံစားေနရၿပီး ႏွားေစး ေခ်ာင္းဆိုး ဖ်ားနာေနၾကေၾကာင္း စစ္ေဘးဒုကၡသည္ေတြအတြက္ ကူညီေစာင့္ေရွာက္ေပးေနတဲ့ သူနာျပဳဆရာမတဦးက ေျပာပါတယ္။

“ အခုတေလာဆို ႏွာေစး ေခ်ာင္းဆိုး ကိုယ္ပူေတြက ကိုဗစ္လကၡဏာ ခပ္ဆင္ဆင္ေလေပါ့ေနာ္။ တေယာက္ျဖစ္တယ္ဆို တအိမ္လုံးျဖစ္တယ္။ ေဆးနဲ႔ က်မအတတ္ႏိုင္ဆုံးေတာ့ ျပဳစုေပးတယ္ေပါ့ေနာ္၊ ဒါေပမယ့္ မလုံမေလာက္ဘူးေပါ့၊ ဥပမာဆို စေကးေတြနဲ႔ ေပးရတာေပ့ါေနာ္။ စစ္ေဘးေရွာင္အတြက္နဲ႔ဆိုလို႔ရွိရင္ ေဆး အင္မတန္မွပဲ အခက္အခဲရွိတယ္ေပါ့ေနာ္။ မိုးၿဗဲဆိုလို႔ရွိရင္လည္း ေဆးဝယ္လို႔ မရေတာ့ဘူးေလ။ ရာသီတုပ္ေကြးလား၊ အိုမီခ႐ြန္လားေတာ့ က်မ မေျပာတတ္။ သူတို႔က လည္ပင္လည္းနာတယ္၊ ႏွာလည္းေစးတယ္၊ အသက္ရွဴလည္း ၾကပ္တယ္၊ ေခ်ာင္းလည္းဆိုးတယ္၊ ကိုယ္လည္းပူတယ္။”

ဖယ္ခုံအေရွ႕ျခမ္းမွာ စစ္ေဘးတိမ္းေရွာင္ေနရတဲ့ ႐ြာသူ႐ြာသား ၁,၀၀၀ ေက်ာ္ရွိၿပီး အဲဒီအထဲက လူဦးေရ ၃ ပုံ ၂ ပုံေလာက္က ဖ်ားနာေနၾကတာလို႔ ခန႔္မွန္းပါတယ္။

စစ္ေျပး တိမ္းေရွာင္ေနရသူေတြၾကား ဖ်ားနာသူက မ်ားျပားၿပီး ေဆးဝါးအလုံအေလာက္မရွိတဲ့အတြက္ ေဆးဝါးေတြ မွ်ၿပီး ေပးေဝေနရတာလို႔ ဆိုပါတယ္။ ဒါ့အျပင္ ဖ်ားနာသူေတြကို ကိုဗစ္ဟုတ္ မဟုတ္ စစ္ေဆးဖို႔ ကိရိယာေတြလည္း မရွိဘူးလို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့လပိုင္းေတြအတြင္း လက္နက္ကိုင္တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ဖယ္ခုံအေရွ႕ျခမ္းဘက္မွာ သြားေရးလာေရးေတြအခက္အခဲနဲ႔ ပတ္ဝန္းက်င္ၿမိဳ႕ ႐ြာေတြမွာလည္း ေဆးဝါးေတြ ဝယ္လို႔မရ၊ အလႉရွင္ေတြဆီက ပံ့ပိုမႈေတြမရွိတာေၾကာင့္ ေဆးဝါးနဲ႔ ကိုဗစ္စစ္ေဆးတဲ့ ကိရိယာေတြ အခက္အခဲေတြ ျဖစ္ေနၾကရပါတယ္။ ေရရွည္မွာ စိုးရိမ္စရာေကာင္းတယ္လို႔ သူနာျပဳဆရာမက ေျပာပါတယ္။

“အခု ဒီပုံစံပဲ ဆက္လက္ျဖစ္မယ္ဆိုလို႔ရွိရင္ေတာ့ ေဆးလည္း မရွိခါက်ေတာ့ ကိုဗစ္လကၡဏာ ပိုၿပီးေတာ့ နီးစပ္လာတယ္ေပါ့ေနာ္။ အခုဆို အမ်ားအားျဖင့္ေတာ့ ဒီလကၡဏာနဲ႔ေတြ႕ေနခါက်ေတာ့ က်မတေယာက္အေနနဲ႔ ပိုၿပီးေတာ့ အင္မတန္မွပဲ စိုးရိမ္ရတယ္ေပါ့ေနာ္။ အဖက္ဘက္မွ အကူအညီလည္း ေတာင္းခ်င္တယ္။ နံပါတ္ (၁) က ေဆးရယ္၊ နံပါတ္ (၂) က အခုလိုမ်ိဳးကာကြယ္ေစာင့္ေရွာက္ဖို႔ေပါ့ေနာ္။ သိတဲ့အတိုင္းပဲ၊ သူတို႔က ခြဲေနဖို႔ဆိုလည္း အဆင္မေျပ၊ တဲေသးေသးေလ။ တစုတည္းေတာင္မွ ၁၀ ေယာက္ ၁၅ ေယာက္။ ၈ ေယာက္ အဲ့လိုမ်ိဳးရွိခါက်ေတာ့ သူတို႔အတြက္လည္း ခက္ခဲခါက်ေတာ့ က်မလည္း ရွိတဲ့ Mask ေလးေတာင္မွ မလုံေလာက္ခါက်ေတာ့ အမ်ားႀကီး အားငယ္မႈေတာ့ ရွိတယ္ေပါ့ေနာ္။”

စစ္ေဘးဒုကၡသည္ေတြဟာ ေဘးလြတ္ရာမွာ ယာယီမိုးကာတဲထိုးၿပီး လူအမ်ားနဲ႔ စုၿပဳံေနထိုင္ၾကရတာမို႔ တေယာက္နဲ႔ တေယာက္ အကြာအေဝးတခုျခားၿပီး ခပ္ခြာခြာေနဖို႔ မျဖစ္ႏိုင္ဘူး ဆိုပါတယ္။ ဒါေၾကာင့္ တဲတခုမွာ တေယာက္က ဖ်ားနာရင္ အကုန္လုံး ကူးစက္သြားတာမ်ိဳး ေတြ႕ရတယ္လို႔ စစ္ေရွာင္သူေတြရဲ႕က်န္မာေရး ကူညီေစာင့္ေရွာက္ေပးေနတဲ့ သူနာျပဳဆရာမက ေျပာပါတယ္။

အလားတူ ကယား (ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ျခမ္းက စစ္ေရွာင္အေတာ္မ်ားမ်ားလည္း ကိုဗစ္လကၡဏာနဲ႔ ခပ္ဆင္ဆင္ ေရာဂါမ်ိဳးေတြ ခံစားေနရၿပီး ဖ်ားနာေနတဲ့အေၾကာင္း စစ္ေဘးသင့္သူေတြကို ကူညီေနသူတဦးက ေျပာပါတယ္။

“စစ္ေရွာင္ေတြၾကားထဲမွာေတာ့ ဖ်ားနာမႈေတြ မၾကာခဏျဖစ္တယ္ေပါ့၊ အထူးသျဖင့္ ဒီ ၈ လပိုင္း ၾသဂုတ္လကေန စၿပီးေတာ့မွ အခုခ်ိန္ထိေပါ့ေနာ္ ဖ်ားနာေနတုန္းပဲ၊ လကၡဏာေတြက ကိုဗစ္လားဆိုေတာ့ သူ႔ရဲ႕ ပုံစံကေတာ့ အရင္ ကိုဗစ္ျဖစ္တာနဲ႔တူတယ္ေပါ့ေနာ္။ သို႔ေသာ္လည္းပဲ ဆရာ ဆရာမေတြ စစ္ေဆးေမးျမန္းၾကည့္ခ်က္ အရ သူတို႔ စစ္တာက မထြက္ဘူး၊ အေျဖမထြက္ဘူးလို႔ ေျပာတယ္ေပါ့ေနာ္။ ဒါေပမယ့္ ဒီလူနာေတြရဲ႕လကၡဏာေတြ ေတာ္ေတာ္မ်ားမ်ားျဖစ္ေနတာ။ ဒီလည္ေခ်ာင္းနာတာတို႔၊ ေခ်ာင္းဆိုးတာတို႔၊ အရသာမေတြ႕တာတို႔ စသျဖင့္ေပါ့ေလ။ အဲ့လိုမ်ိဳး ကိုဗစ္လကၡဏာနဲ႔ ဆင္တူတယ္ေပါ့၊ ဒီေန႔ဒီခ်ိန္ထိေတာ့ ျဖစ္ေနတုန္းပဲ၊ ဟုတ္ကဲ့။ စခန္းတခုလုံးကိုျဖစ္ေနတာ ၿပီးခဲ့တဲ့တလလုံးဆိုလို႔ရွိရင္လည္း အဲ့လိုျဖစ္ေနတာ တေယာက္ၿပီးတေယာက္၊ တေယာက္ၿပီးတေယာက္နဲ႔ စခန္းတခုလုံးနီးပါးပဲ။ အဲ့လိုျဖစ္သြားတယ္။”

ျပည္တြင္း အိုးမဲ့အိမ္မဲ့ ထြက္ေျပးခႈိလႈံေနသူေတြအတြက္ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒုကၡ အခက္အခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရၿပီး အလႉရွင္ေတြလည္း မရွိသေလာက္နည္းပါးလာတယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေနသူေတြက ေျပာပါတယ္။ အဓိက အလိုအပ္ဆုံး အကူအညီကေတာ့ ေဆးဝါးနဲ႔ စားနပ္ရိကၡာလို႔လည္း ကူညီ ေစာင့္ေရွာက္ေနသူေတြက ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ဘေးဒုက္ခသည်တွေကြား ကိုဗစ်လက္ခဏာနဲ့ ဖျားနာသူတွေ များလာ

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်ခြားတိုက်ပွဲတွေကနေ ဘေးလွတ်ရာ ပြေးရှောင်နေသူတွေကြား ကူးစက်မြန်တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါလက္ခဏာလို့ယူဆရတဲ့ ရောဂါတွေခံစားနေရပြီး ဖျားနာ ချောင်းဆိုးနေကြတယ် လို့ ကျန်းမာရေး ကုသပေးနေသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောဆိုပါတယ်။ ဖျားနာနေသူတွေ ကိုဗစ်ရောဟုတ် မဟုတ် အားလုံးမစစ်ဆေး နိုင်တဲ့အပြင် ဆေးဝါးတွေလည်း မလုံလောက်ဘူးလို့ ပြောပါတယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်က စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြထားပါတယ်။

တိုက်ပွဲတွေကြား လနဲ့ချီဘေးလွတ်ရာကို တိမ်းရှောင်နေကြတဲ့ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်နယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ခြမ်းက ဒေသခံတွေကြားမှာ ကူးစက်မြန်ပြီး ကိုဗစ်ရောဂါလက္ခဏာလို့ယူဆရတဲ့ ရောဂါတွေ ခံစားနေရပြီး နှားစေး ချောင်းဆိုး ဖျားနာနေကြကြောင်း စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီစောင့်ရှောက်ပေးနေတဲ့ သူနာပြုဆရာမတဦးက ပြောပါတယ်။

“ အခုတလောဆို နှာစေး ချောင်းဆိုး ကိုယ်ပူတွေက ကိုဗစ်လက္ခဏာ ခပ်ဆင်ဆင်လေပေါ့နော်။ တယောက်ဖြစ်တယ်ဆို တအိမ်လုံးဖြစ်တယ်။ ဆေးနဲ့ ကျမအတတ်နိုင်ဆုံးတော့ ပြုစုပေးတယ်ပေါ့နော်၊ ဒါပေမယ့် မလုံမလောက်ဘူးပေါ့၊ ဥပမာဆို စကေးတွေနဲ့ ပေးရတာပေ့ါနော်။ စစ်ဘေးရှောင်အတွက်နဲ့ဆိုလို့ရှိရင် ဆေး အင်မတန်မှပဲ အခက်အခဲရှိတယ်ပေါ့နော်။ မိုးဗြဲဆိုလို့ရှိရင်လည်း ဆေးဝယ်လို့ မရတော့ဘူးလေ။ ရာသီတုပ်ကွေးလား၊ အိုမီခရွန်လားတော့ ကျမ မပြောတတ်။ သူတို့က လည်ပင်လည်းနာတယ်၊ နှာလည်းစေးတယ်၊ အသက်ရှူလည်း ကြပ်တယ်၊ ချောင်းလည်းဆိုးတယ်၊ ကိုယ်လည်းပူတယ်။”

ဖယ်ခုံအရှေ့ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ရွာသူရွာသား ၁,၀၀၀ ကျော်ရှိပြီး အဲဒီအထဲက လူဦးရေ ၃ ပုံ ၂ ပုံလောက်က ဖျားနာနေကြတာလို့ ခန့်မှန်းပါတယ်။

စစ်ပြေး တိမ်းရှောင်နေရသူတွေကြား ဖျားနာသူက များပြားပြီး ဆေးဝါးအလုံအလောက်မရှိတဲ့အတွက် ဆေးဝါးတွေ မျှပြီး ပေးဝေနေရတာလို့ ဆိုပါတယ်။ ဒါ့အပြင် ဖျားနာသူတွေကို ကိုဗစ်ဟုတ် မဟုတ် စစ်ဆေးဖို့ ကိရိယာတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်း လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖယ်ခုံအရှေ့ခြမ်းဘက်မှာ သွားရေးလာရေးတွေအခက်အခဲနဲ့ ပတ်ဝန်းကျင်မြို့ ရွာတွေမှာလည်း ဆေးဝါးတွေ ဝယ်လို့မရ၊ အလှူရှင်တွေဆီက ပံ့ပိုမှုတွေမရှိတာကြောင့် ဆေးဝါးနဲ့ ကိုဗစ်စစ်ဆေးတဲ့ ကိရိယာတွေ အခက်အခဲတွေ ဖြစ်နေကြရပါတယ်။ ရေရှည်မှာ စိုးရိမ်စရာကောင်းတယ်လို့ သူနာပြုဆရာမက ပြောပါတယ်။

“အခု ဒီပုံစံပဲ ဆက်လက်ဖြစ်မယ်ဆိုလို့ရှိရင်တော့ ဆေးလည်း မရှိခါကျတော့ ကိုဗစ်လက္ခဏာ ပိုပြီးတော့ နီးစပ်လာတယ်ပေါ့နော်။ အခုဆို အများအားဖြင့်တော့ ဒီလက္ခဏာနဲ့တွေ့နေခါကျတော့ ကျမတယောက်အနေနဲ့ ပိုပြီးတော့ အင်မတန်မှပဲ စိုးရိမ်ရတယ်ပေါ့နော်။ အဖက်ဘက်မှ အကူအညီလည်း တောင်းချင်တယ်။ နံပါတ် (၁) က ဆေးရယ်၊ နံပါတ် (၂) က အခုလိုမျိုးကာကွယ်စောင့်ရှောက်ဖို့ပေါ့နော်။ သိတဲ့အတိုင်းပဲ၊ သူတို့က ခွဲနေဖို့ဆိုလည်း အဆင်မပြေ၊ တဲသေးသေးလေ။ တစုတည်းတောင်မှ ၁၀ ယောက် ၁၅ ယောက်။ ၈ ယောက် အဲ့လိုမျိုးရှိခါကျတော့ သူတို့အတွက်လည်း ခက်ခဲခါကျတော့ ကျမလည်း ရှိတဲ့ Mask လေးတောင်မှ မလုံလောက်ခါကျတော့ အများကြီး အားငယ်မှုတော့ ရှိတယ်ပေါ့နော်။”

စစ်ဘေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာမှာ ယာယီမိုးကာတဲထိုးပြီး လူအများနဲ့ စုပြုံနေထိုင်ကြရတာမို့ တယောက်နဲ့ တယောက် အကွာအဝေးတခုခြားပြီး ခပ်ခွာခွာနေဖို့ မဖြစ်နိုင်ဘူး ဆိုပါတယ်။ ဒါကြောင့် တဲတခုမှာ တယောက်က ဖျားနာရင် အကုန်လုံး ကူးစက်သွားတာမျိုး တွေ့ရတယ်လို့ စစ်ရှောင်သူတွေရဲ့ကျန်မာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ သူနာပြုဆရာမက ပြောပါတယ်။

အလားတူ ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်အတော်များများလည်း ကိုဗစ်လက္ခဏာနဲ့ ခပ်ဆင်ဆင် ရောဂါမျိုးတွေ ခံစားနေရပြီး ဖျားနာနေတဲ့အကြောင်း စစ်ဘေးသင့်သူတွေကို ကူညီနေသူတဦးက ပြောပါတယ်။

“စစ်ရှောင်တွေကြားထဲမှာတော့ ဖျားနာမှုတွေ မကြာခဏဖြစ်တယ်ပေါ့၊ အထူးသဖြင့် ဒီ ၈ လပိုင်း သြဂုတ်လကနေ စပြီးတော့မှ အခုချိန်ထိပေါ့နော် ဖျားနာနေတုန်းပဲ၊ လက္ခဏာတွေက ကိုဗစ်လားဆိုတော့ သူ့ရဲ့ ပုံစံကတော့ အရင် ကိုဗစ်ဖြစ်တာနဲ့တူတယ်ပေါ့နော်။ သို့သော်လည်းပဲ ဆရာ ဆရာမတွေ စစ်ဆေးမေးမြန်းကြည့်ချက် အရ သူတို့ စစ်တာက မထွက်ဘူး၊ အဖြေမထွက်ဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမယ့် ဒီလူနာတွေရဲ့လက္ခဏာတွေ တော်တော်များများဖြစ်နေတာ။ ဒီလည်ချောင်းနာတာတို့၊ ချောင်းဆိုးတာတို့၊ အရသာမတွေ့တာတို့ စသဖြင့်ပေါ့လေ။ အဲ့လိုမျိုး ကိုဗစ်လက္ခဏာနဲ့ ဆင်တူတယ်ပေါ့၊ ဒီနေ့ဒီချိန်ထိတော့ ဖြစ်နေတုန်းပဲ၊ ဟုတ်ကဲ့။ စခန်းတခုလုံးကိုဖြစ်နေတာ ပြီးခဲ့တဲ့တလလုံးဆိုလို့ရှိရင်လည်း အဲ့လိုဖြစ်နေတာ တယောက်ပြီးတယောက်၊ တယောက်ပြီးတယောက်နဲ့ စခန်းတခုလုံးနီးပါးပဲ။ အဲ့လိုဖြစ်သွားတယ်။”

ပြည်တွင်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးခှိုလှုံနေသူတွေအတွက် အချိန်ကြာလာတာနဲ့အမျှ ဒုက္ခ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပြီး အလှူရှင်တွေလည်း မရှိသလောက်နည်းပါးလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။ အဓိက အလိုအပ်ဆုံး အကူအညီကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာလို့လည်း ကူညီ စောင့်ရှောက်နေသူတွေက ပြောကြပါတယ်။

XS
SM
MD
LG