[[Zawgyi/Unicode]]
ကရင္နီျပည္နယ္လို႔ ေခၚၾကတဲ့ ကယားျပည္နယ္မွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္း ျမန္မာစစ္တပ္နဲ႔ ကရင္နီပူးေပါင္းတပ္ေတြ တိုက္ပြဲ ၃၂ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ကရင္နီ အမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF က သတင္း ထုတ္ျပန္ထားပါတယ္။ အၿမဲတမ္းလိုလို အျပန္အလွန္တိုက္ပြဲေတြ ရွိေနေပမယ့္ ျပင္းထန္တဲ့ တိုက္ပြဲမ်ိဳးေတာ့ ခုေနာက္ပိုင္းနည္းသြားေၾကာင္း ကရင္နီလူ႔အခြင့္အေရးအဖြဲ႔က ေျပာပါတယ္။ ဒါေပမယ့္လည္း ပစ္ခတ္မႈေတြၾကား အရပ္သားတခ်ိဳ႕ ထိခိုက္ေသဆုံးခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ေတြကေတာ့ အၿမဲတေစ ေၾကာက္လန႔္ေနတယ္လို႔ ေျပာပါတယ္။ ကရင္နီေဒသအေျခအေန သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးထားပါတယ္။
ကယားျပည္နယ္ ရွားေတာ၊ ေဘာလခဲ၊ ဖ႐ူဆို၊ ဒီးေမာဆိုနဲ႔ လြိဳင္ေကာ္ၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့လအတြင္း တိုက္ပြဲေတြ ျဖစ္ခဲ့ေၾကာင္း ကရင္နီ အမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF က သတင္း ထုတ္ျပန္ထားတာပါ။ လက္နက္ႀကီးက်ည္ထိမွန္ၿပီး ကေလးငယ္တေယာက္ အပါအဝင္ အရပ္သားျပည္သူ ၃ ေယာက္ေသဆုံးခဲ့သလို ၁၃ ေယာက္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔လည္း သတင္းထုတ္ျပန္ပါတယ္။
အရပ္သားေတြ ထိခိုက္ဒဏ္ရာရတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိသလို တိုက္ပြဲျဖစ္အေရအတြက္၊ အရပ္သားေတြ ထိခိုက္ဒဏ္ရရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ သီးျခား အတည္ျပဳခ်က္လည္း မရရွိပါဘူး။
ျမန္မာစစ္တပ္ဘက္က လြိဳင္ေကာ္ၿမိဳ႕နယ္ကေန မိုးၿဗဲၿမိဳ႕နယ္ လမ္းမႀကီးတေလွ်ာက္ နယ္ေျမထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားလာၿပီး အင္းအား အေျမာက္အမ်ားပါတဲ့ စစ္ေၾကာင္ ၂ ေၾကာင္း ထိုးစစ္ဆင္လာတာေၾကာင့္ ႏွစ္ဘက္တိုက္ပြဲျပင္းထန္လာတယ္လို႔ KNDF အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ကရင္နီလူ႔အခြင့္အေရးအဖြဲ႔ ဒါ႐ိုက္တာကိုဗညားကေတာ့ ရွမ္းျပည္နဲ႔ ကယားျပည္နယ္ နယ္စပ္မွာ ေန႔စဥ္နဲ႔အမွ် အၿမဲတမ္းလိုလို ပစ္ခတ္မႈရွိေနေပမယ့္ ျပင္းျပင္းထန္ ထန္ျဖစ္တဲ့ တိုက္ပြဲမ်ိဳးေတာ့ ခုေနာက္ပိုင္း နည္းပါးသြားတယ္လို႔ VOA ကို ေျပာပါတယ္။
“တိုက္ပြဲပုံစံက အရင္တုန္းကလိုမ်ိဳး က်ေနာ္တို႔ ဒီစစ္ေကာင္စီကေန ထြက္လာၿပီးမွ အႀကီးက်ယ္တိုက္တဲ့ဟာေတြကေတာ့ နည္းနည္းသြားတာေပါ့။ ဒါေပမယ့္ နည္းတယ္ဆိုေပမယ့္ ဒီအရင္တေလာပဲ ၂၃ ၊ ၂၄ ရက္ေန႔ ဝန္းက်င္ေပါ့ေနာ္ အဲ့ဒီ ၂၅ အထိေပါ့ေနာ္၊ လြိဳင္ေကာ္ မိုးၿဗဲဖက္ကို စစ္ေကာင္စီ စစ္ေၾကာင္း ၂ ေၾကာင္းထိုးၿပီးေတာ့မွ အဲ့ဒီေဒသတခ်ိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားခ်ိန္မွာေတာ့ ရင္ဆိုင္တိုက္ပြဲေတြ ျဖစ္တာေပါ့ေနာ္။”
ႏွစ္ဖက္ ပစ္ခတ္တိုက္ခိုက္မႈ တိုက္ပြဲၾကားမွာေတာ့ အရပ္သားထိခိုက္ေသဆုံးတာေတြ မရွိပါဘူး။ ဒါေပမယ့္ တိုက္ပြဲျဖစ္ေနစဥ္နဲ႔ တိုက္ပြဲျဖစ္ၿပီးတဲ့ေနာက္ စစ္တပ္ဘက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတဲ့အတြက္ ေဒသခံ စစ္ေဘးေရွာင္စခန္းေတြနဲ႔ ေက်း႐ြာေတြမွာ က်ေရာက္ေပါက္ကြဲလို႔ အျပစ္မဲ့အရပ္သားေတြ ထိခိုက္ေသဆုံးရတာလို႔ ဒါ႐ိုက္တာ ကိုဗညားက ေျပာပါတယ္။
“ဥပမာအားျဖင့္ တိုက္ပြဲျဖစ္သည္ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ အဲ့ဒီတခ်ိဳ႕ေနရာ ဧရိယာေတြကို ပစ္ခတ္တာေတြေပါ့ေနာ္၊ သိတဲ့အတိုင္းပဲ၊ ဟိုအရင္တေလာလည္း ၂၂ ၊ ၂၃ ၊ ၂၄ မွာလည္း အဲ့လို ပစ္ခတ္လို႔ ေသဆုံးတဲ့လူက ၃ ေယာက္ျဖစ္သြားတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့မွ ထိခိုက္ဒဏ္ရာလည္း ၇ ေယာက္ျဖစ္သြားတာေပါ့ေနာ္။ ဒါကေတာ့ အနီးစပ္ဆုံးေျပာတဲ့ဟာပါ။ မေန႔ကလည္း ဒီလင္ဖုံးႀကီးဘက္မွာလည္း သူတို႔ပစ္ခတ္လို႔ ထိခိုက္ဒဏ္ရာရမႈေတြ ရွိတယ္ေပါ့ေနာ္။”
ႏိုဝင္ဘာတရက္ မေန႔ညေနက လြိဳင္ေကာ္ၿမိဳ႕နယ္ လင္ဖုံးႀကီးေက်း႐ြာေတြဘက္ တိုက္ပြဲမရွိဘဲနဲ႔ လက္နက္ႀကီးပစ္ခတ္ တိုက္ခိုက္ခံရလို႔ အရပ္သား ၄ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဒီလို လက္နက္ႀကီးေတြ က်ေရာက္ၿပီး ထိခိုက္ဒဏ္ရာရာသူေတြ ရွိတာေၾကာင့္ ေဒသခံ႐ြာသူ႐ြာသားေတြ အၿမဲတမ္းေၾကာက္လန႔္ေနရတဲ့အေၾကာင္း စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။
“လက္နက္ႀကီးအသံရရင္ေတာ့ အကုန္လုံးလန႔္ၾကတယ္ေပါ့ေနာ္၊ ဒီမွာက်မလားဆိုတဲ့စိတ္ေပါ့ေနာ္၊ အေယာက္တိုင္းေတာ့ အသံၾကားရၿပီဆို ဒုန္း..ဆို အသံထြက္ဆို က်မတို႔က ဟို အိမ္ ၂ ထပ္ရွိတဲ့အိမ္ဆို အဲ့လိုမ်ိဳးေျပးဝင္ၾကတာေပါ့။ အျပင္မွာ မေနရဲေတာ့ဘူး။ အရင္ကဆိုရင္ လြတ္လြတ္လပ္လပ္ေပါ့ေနာ္၊ မသိေတာ့ ႐ြာထဲမွာက်ခါက်ေတာ့ တေယာက္ဆုံး ႏွစ္ေယာက္ဆုံး အဲ့လိုမ်ိဳးျဖစ္ခါက်ေတာ့ လက္နက္ႀကီးအသံထြက္လာၿပီဆို အကုန္လုံးေျပးပုန္းေနရတယ္။”
“ကုလသမဂၢ လူသားခ်င္းစာနာမႈအကူအညီေပးေရး ညႇိႏိႈင္းေရးမႉး႐ုံး အစီရင္ခံစာမွာေတာ့ ေနာက္ဆုံးထုတ္ျပန္ထားတဲ့ ကယားျပည္နယ္အတြင္း စစ္ေျပးဒုကၡသည္ေတြအတြက္ အကူအညီေတြလိုအပ္ေနၿပီး အမ်ားစုဟာ အလႉရွင္ေတြကိုပဲ အားထား ရပ္တည္ေနရတယ္လို႔ ေဖၚျပပါတယ္။ ဒါေပမယ့္လည္း အေျခခံစားကုန္ေတြ ေဈးတက္ေနတာနဲ႔ ဝယ္ယူဖို႔ အခက္အခဲေတြရွိတဲ့အတြက္ ကူညီႏိုင္တဲ့ အေျခအေန နည္းပါးလာေနတယ္လို႔ ေျပာပါတယ္။
စစ္တပ္ဘက္ကလည္း လမ္းေတြပိတ္ဆို႔ထားတဲ့အတြက္ ကယားျပည္နယ္အတြင္း ေဆးဝါးနဲ႔ စားနပ္ရိကၡာ ပို႔ေဆာင္ဖို႔ အခက္အခဲေတြ ရွိေၾကာင္း ကုလသမဂၢ အဖြဲ႕အစည္းေတြက ေျပာဆိုထားပါတယ္။ လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ စစ္တပ္ဘက္က လနဲ႔ခ်ီ လမ္းေတြ ပိတ္ပင္ကန႔္သတ္မႈေတြေၾကာင့္ လူသားခ်င္း စာနာမႈအကူအညီေပးေရးမွာ အခက္အခဲေတြရွိေၾကာင္း ေျပာပါတယ္။
===============
[[Unicode]]
လွိုင်ကော် မိုးဗြဲဒေသထဲ အောက်တိုဘာလမှာ တိုက်ပွဲ ၃၀ ကျော်ဖြစ်ခဲ့
ကရင်နီပြည်နယ်လို့ ခေါ်ကြတဲ့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာစစ်တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားပါတယ်။ အမြဲတမ်းလိုလို အပြန်အလှန်တိုက်ပွဲတွေ ရှိနေပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲမျိုးတော့ ခုနောက်ပိုင်းနည်းသွားကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း ပစ်ခတ်မှုတွေကြား အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တာကြောင့် စစ်ဘေးရှောင်တွေကတော့ အမြဲတစေ ကြောက်လန့်နေတယ်လို့ ပြောပါတယ်။ ကရင်နီဒေသအခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။
ကယားပြည်နယ် ရှားတော၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမောဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့လအတွင်း တိုက်ပွဲတွေ ဖြစ်ခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်း ထုတ်ပြန်ထားတာပါ။ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်တယောက် အပါအဝင် အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့သလို ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို တိုက်ပွဲဖြစ်အရေအတွက်၊ အရပ်သားတွေ ထိခိုက်ဒဏ်ရရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်လည်း မရရှိပါဘူး။
မြန်မာစစ်တပ်ဘက်က လွိုင်ကော်မြို့နယ်ကနေ မိုးဗြဲမြို့နယ် လမ်းမကြီးတလျှောက် နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပြီး အင်းအား အမြောက်အများပါတဲ့ စစ်ကြောင် ၂ ကြောင်း ထိုးစစ်ဆင်လာတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်လာတယ်လို့ KNDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာကိုဗညားကတော့ ရှမ်းပြည်နဲ့ ကယားပြည်နယ် နယ်စပ်မှာ နေ့စဉ်နဲ့အမျှ အမြဲတမ်းလိုလို ပစ်ခတ်မှုရှိနေပေမယ့် ပြင်းပြင်းထန် ထန်ဖြစ်တဲ့ တိုက်ပွဲမျိုးတော့ ခုနောက်ပိုင်း နည်းပါးသွားတယ်လို့ VOA ကို ပြောပါတယ်။
“တိုက်ပွဲပုံစံက အရင်တုန်းကလိုမျိုး ကျနော်တို့ ဒီစစ်ကောင်စီကနေ ထွက်လာပြီးမှ အကြီးကျယ်တိုက်တဲ့ဟာတွေကတော့ နည်းနည်းသွားတာပေါ့။ ဒါပေမယ့် နည်းတယ်ဆိုပေမယ့် ဒီအရင်တလောပဲ ၂၃ ၊ ၂၄ ရက်နေ့ ဝန်းကျင်ပေါ့နော် အဲ့ဒီ ၂၅ အထိပေါ့နော်၊ လွိုင်ကော် မိုးဗြဲဖက်ကို စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းထိုးပြီးတော့မှ အဲ့ဒီဒေသတချို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားချိန်မှာတော့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်တာပေါ့နော်။”
နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲကြားမှာတော့ အရပ်သားထိခိုက်သေဆုံးတာတွေ မရှိပါဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်နေစဉ်နဲ့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲလို့ အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
“ဥပမာအားဖြင့် တိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အဲ့ဒီတချို့နေရာ ဧရိယာတွေကို ပစ်ခတ်တာတွေပေါ့နော်၊ သိတဲ့အတိုင်းပဲ၊ ဟိုအရင်တလောလည်း ၂၂ ၊ ၂၃ ၊ ၂၄ မှာလည်း အဲ့လို ပစ်ခတ်လို့ သေဆုံးတဲ့လူက ၃ ယောက်ဖြစ်သွားတာပေါ့နော်။ နောက်ပြီးတော့မှ ထိခိုက်ဒဏ်ရာလည်း ၇ ယောက်ဖြစ်သွားတာပေါ့နော်။ ဒါကတော့ အနီးစပ်ဆုံးပြောတဲ့ဟာပါ။ မနေ့ကလည်း ဒီလင်ဖုံးကြီးဘက်မှာလည်း သူတို့ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ပေါ့နော်။”
နိုဝင်ဘာတရက် မနေ့ညနေက လွိုင်ကော်မြို့နယ် လင်ဖုံးကြီးကျေးရွာတွေဘက် တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလို လက်နက်ကြီးတွေ ကျရောက်ပြီး ထိခိုက်ဒဏ်ရာရာသူတွေ ရှိတာကြောင့် ဒေသခံရွာသူရွာသားတွေ အမြဲတမ်းကြောက်လန့်နေရတဲ့အကြောင်း စစ်ဘေးရှောင်တဦးက ပြောပါတယ်။
“လက်နက်ကြီးအသံရရင်တော့ အကုန်လုံးလန့်ကြတယ်ပေါ့နော်၊ ဒီမှာကျမလားဆိုတဲ့စိတ်ပေါ့နော်၊ အယောက်တိုင်းတော့ အသံကြားရပြီဆို ဒုန်း..ဆို အသံထွက်ဆို ကျမတို့က ဟို အိမ် ၂ ထပ်ရှိတဲ့အိမ်ဆို အဲ့လိုမျိုးပြေးဝင်ကြတာပေါ့။ အပြင်မှာ မနေရဲတော့ဘူး။ အရင်ကဆိုရင် လွတ်လွတ်လပ်လပ်ပေါ့နော်၊ မသိတော့ ရွာထဲမှာကျခါကျတော့ တယောက်ဆုံး နှစ်ယောက်ဆုံး အဲ့လိုမျိုးဖြစ်ခါကျတော့ လက်နက်ကြီးအသံထွက်လာပြီဆို အကုန်လုံးပြေးပုန်းနေရတယ်။”
“ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး အစီရင်ခံစာမှာတော့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကယားပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်နေပြီး အများစုဟာ အလှူရှင်တွေကိုပဲ အားထား ရပ်တည်နေရတယ်လို့ ဖေါ်ပြပါတယ်။ ဒါပေမယ့်လည်း အခြေခံစားကုန်တွေ ဈေးတက်နေတာနဲ့ ဝယ်ယူဖို့ အခက်အခဲတွေရှိတဲ့အတွက် ကူညီနိုင်တဲ့ အခြေအနေ နည်းပါးလာနေတယ်လို့ ပြောပါတယ်။
စစ်တပ်ဘက်ကလည်း လမ်းတွေပိတ်ဆို့ထားတဲ့အတွက် ကယားပြည်နယ်အတွင်း ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပို့ဆောင်ဖို့ အခက်အခဲတွေ ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တပ်ဘက်က လနဲ့ချီ လမ်းတွေ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် လူသားချင်း စာနာမှုအကူအညီပေးရေးမှာ အခက်အခဲတွေရှိကြောင်း ပြောပါတယ်။