သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေတြ ဆက္လက္ျဖစ္ေနတဲ့  ေကာ့ကရိတ္မွာ လုံၿခဳံေရးတင္းၾကပ္


ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမမွာ ပစ္ခတ္မႈ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕အတြင္းမွာစစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္အပါအဝင္ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ ပစ္ခတ္မႈဆက္ရွိေနၿပီး ၾသဂုတ္လ ၁၉ ရက္ေန႔မွာ ၿမိဳ႕အဝင္လမ္းေတြကိုပိတ္ၿပီး လုံၿခဳံေရးေတြတင္းၾကပ္ထားပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းက သီးသန႔္ ရဲစခန္းနဲ႔ ၿမိဳ႕မရဲစခန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ နဲ႔ပူးေပါင္းတပ္ေတြက ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြက ၿမိဳ႕ အဝင္လမ္းေတြကို ပိတ္ထားခဲ့ပါတယ္။ ဒီေန႔ ၾသဂုတ္လ ၁၉ ရက္ေန႔မွာေတာ့ ၿမိဳ႕ဝင္လမ္း ၃ ခုကိုပိတ္ထားတယ္လို႔ ေကာ့ကရိတ္ၿမိဳ႕ခံတဦးက ေျပာျပပါတယ္။

“ေတာင္ပိုင္းကေန ဝင္လို႔ရွိရင္ အဓိကေတာ့ သုံးေပါက္ေပါ့။ ဒုံးစင္ဘက္က တေပါက္ပိတ္ထားတယ္၊ ပုလဲျဖဴေဘးက ဂိတ္လည္း ပိတ္ထားတယ္။ ေနာက္ အဲဒီနဲ႔မလွမ္းမကမ္း သီလရွင္ေက်ာင္းလမ္းဂိတ္လည္း ပိတ္ထားတယ္။ အာရွလမ္းကေန ေကာ့ကရိတ္ဘက္ကို ခြဲထြက္လာတဲ့ဂိတ္ေတြေပါ့။ ျမဝတီဘက္က အဓိကသြားတဲ့လမ္းေတြကေန လာလို႔မရဘူး။ အာရွလမ္းဘက္မွာရွိတဲ့ လမ္းခြဲတခု ပိတ္ထားတယ္။ လမ္းခြဲတခုကေတာ့ အာရွလမ္းတည့္တည့္ကေန ေကာ့ကရိတ္ၿမိဳ႕ကို တည့္တည္ဝင္လို႔ရတဲ့ ၾကာပန္းအဝိုင္းလမ္းကေတာ့ ဖြင့္ထားတယ္။ ဒါေပမယ့္ လုံၿခဳံေရးေတြ တင္းၾကပ္ထားတယ္။”

ေကာ့ကရိတ္ၿမိဳ႕ထဲကေန စစ္ေကာင္စီတပ္ေတြက ေနပူခံကုန္းကေန လက္နက္ႀကီးနဲ႔ပစ္ေနသလို တိုက္ပြဲျဖစ္ေနတဲ့အသံေတြလည္းၾကားေနရတဲ့အတြက္ တၿမိဳ႕လုံးကအျပင္မထြက္ရဲဘဲ တိတ္ဆိတ္ေနတယ္လို႔လည္း ေကာ့ကရိတ္ၿမိဳ႕ခံကဆိုပါတယ္။

“မနက္ ၁၀ နာရီေလာက္က တႀကိမ္ၾကားတယ္။ လက္နက္ႀကီးအလုံးႀကီးေတြလည္းပစ္ေနတယ္။ ၁၀ မိနစ္ျခား တခါ၊ ၁၅ မိနစ္ျခား တခါ။ အခုကလည္း တိုက္ပြဲျဖစ္ေနသလို ပစ္ေနျပန္ၿပီ။ အခုလက္နက္ႀကီးသံ ၾကားလားမသိဘူး။ မနက္က ၁၀ နာရီေလာက္ကတည္းက ေသနတ္သံေတြလည္း ၾကားေတာ့ ေဈးေတြေကာ ဆိုင္ေတြပိတ္ၿပီး ျပန္ကုန္ၾကတယ္။ တၿမိဳ႕လုံး တိတ္ဆိတ္ေနတယ္။ ဒီညေနလည္း ပစ္ခတ္သံေတြၾကားတယ္။ ဒီကေန႔ လက္နက္ႀကီးေတြနဲ႔ပစ္တယ္။ ေနပူခံကုန္းကေန ပစ္ေနတယ္။”

ၿပီးခဲ့တဲ့ ၁၅ ရက္ေန႔ကေတာ့ ေကအန္ယူနဲ႔ ပူးေပါင္းတပ္ေတြက ရဲစခန္း၂ ခုကို ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး ဒီ ပစ္ခတ္မႈေၾကာင့္ ရဲမႉးတဦးအပါအဝင္ ၇ ဦးေသဆုံးခဲ့တယ္လို႔လည္း ၿမိဳ႕ခံကဆက္ေျပာျပပါတယ္။

“ဟိုေန႔ကေတာ့ ၇ ေယာက္ေသတယ္။ စစ္တပ္ကတေယာက္ ရဲက ၆ ေယာက္။ အဲဒီထဲမွာ ရဲမႉးတေယာက္လည္း ပါတယ္။”

ေကာ့ကရိတ္လမ္းေဟာင္းျဖစ္တဲ့ ေတာင္သုံးလုံး၊ ေကာ့ကရိတ္ အာရွလမ္းသစ္ ကြမ္းၿခံကုန္းေကြ႕နဲ႔ ေတာေနာ္ေရတံခြန္ နားမွာေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ေကအန္ယူ ပူးေပါင္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ မေန႔တုန္းကေတာ့ ျမဝတီၿမိဳ႕အထြက္က ကုန္သြယ္ေရးဇုန္ကို ယာယီပိတ္ခဲ့ပါတယ္။ နယ္စပ္မွာတိုက္ပြဲေတြမၿငိမ္မသက္ျဖစ္ေနတဲ့အတြက္ ေဒသခံေတြအဖို႔ကေတာ့ စိုးရိမ္ထိတ္လန႔္ေနရၾကရတယ္လို႔လည္း ေျပာျပၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ ကော့ကရိတ်မှာ လုံခြုံရေးတင်းကြပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဆက်ရှိနေပြီး သြဂုတ်လ ၁၉ ရက်နေ့မှာ မြို့အဝင်လမ်းတွေကိုပိတ်ပြီး လုံခြုံရေးတွေတင်းကြပ်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက သီးသန့် ရဲစခန်းနဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် နဲ့ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက မြို့ အဝင်လမ်းတွေကို ပိတ်ထားခဲ့ပါတယ်။ ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာတော့ မြို့ဝင်လမ်း ၃ ခုကိုပိတ်ထားတယ်လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပြပါတယ်။

“တောင်ပိုင်းကနေ ဝင်လို့ရှိရင် အဓိကတော့ သုံးပေါက်ပေါ့။ ဒုံးစင်ဘက်က တပေါက်ပိတ်ထားတယ်၊ ပုလဲဖြူဘေးက ဂိတ်လည်း ပိတ်ထားတယ်။ နောက် အဲဒီနဲ့မလှမ်းမကမ်း သီလရှင်ကျောင်းလမ်းဂိတ်လည်း ပိတ်ထားတယ်။ အာရှလမ်းကနေ ကော့ကရိတ်ဘက်ကို ခွဲထွက်လာတဲ့ဂိတ်တွေပေါ့။ မြဝတီဘက်က အဓိကသွားတဲ့လမ်းတွေကနေ လာလို့မရဘူး။ အာရှလမ်းဘက်မှာရှိတဲ့ လမ်းခွဲတခု ပိတ်ထားတယ်။ လမ်းခွဲတခုကတော့ အာရှလမ်းတည့်တည့်ကနေ ကော့ကရိတ်မြို့ကို တည့်တည်ဝင်လို့ရတဲ့ ကြာပန်းအဝိုင်းလမ်းကတော့ ဖွင့်ထားတယ်။ ဒါပေမယ့် လုံခြုံရေးတွေ တင်းကြပ်ထားတယ်။”

ကော့ကရိတ်မြို့ထဲကနေ စစ်ကောင်စီတပ်တွေက နေပူခံကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေသလို တိုက်ပွဲဖြစ်နေတဲ့အသံတွေလည်းကြားနေရတဲ့အတွက် တမြို့လုံးကအပြင်မထွက်ရဲဘဲ တိတ်ဆိတ်နေတယ်လို့လည်း ကော့ကရိတ်မြို့ခံကဆိုပါတယ်။

“မနက် ၁၀ နာရီလောက်က တကြိမ်ကြားတယ်။ လက်နက်ကြီးအလုံးကြီးတွေလည်းပစ်နေတယ်။ ၁၀ မိနစ်ခြား တခါ၊ ၁၅ မိနစ်ခြား တခါ။ အခုကလည်း တိုက်ပွဲဖြစ်နေသလို ပစ်နေပြန်ပြီ။ အခုလက်နက်ကြီးသံ ကြားလားမသိဘူး။ မနက်က ၁၀ နာရီလောက်ကတည်းက သေနတ်သံတွေလည်း ကြားတော့ ဈေးတွေကော ဆိုင်တွေပိတ်ပြီး ပြန်ကုန်ကြတယ်။ တမြို့လုံး တိတ်ဆိတ်နေတယ်။ ဒီညနေလည်း ပစ်ခတ်သံတွေကြားတယ်။ ဒီကနေ့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ နေပူခံကုန်းကနေ ပစ်နေတယ်။”

ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကတော့ ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေက ရဲစခန်း၂ ခုကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒီ ပစ်ခတ်မှုကြောင့် ရဲမှူးတဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့လည်း မြို့ခံကဆက်ပြောပြပါတယ်။

“ဟိုနေ့ကတော့ ၇ ယောက်သေတယ်။ စစ်တပ်ကတယောက် ရဲက ၆ ယောက်။ အဲဒီထဲမှာ ရဲမှူးတယောက်လည်း ပါတယ်။”

ကော့ကရိတ်လမ်းဟောင်းဖြစ်တဲ့ တောင်သုံးလုံး၊ ကော့ကရိတ် အာရှလမ်းသစ် ကွမ်းခြံကုန်းကွေ့နဲ့ တောနော်ရေတံခွန် နားမှာတော့ စစ်ကောင်စီတပ်တွေနဲ့ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မနေ့တုန်းကတော့ မြဝတီမြို့အထွက်က ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်ခဲ့ပါတယ်။ နယ်စပ်မှာတိုက်ပွဲတွေမငြိမ်မသက်ဖြစ်နေတဲ့အတွက် ဒေသခံတွေအဖို့ကတော့ စိုးရိမ်ထိတ်လန့်နေရကြရတယ်လို့လည်း ပြောပြကြပါတယ်ရှင်။

XS
SM
MD
LG