သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွာေခါင္းစည္းျပန္တပ္ဖို႔ က်န္းမာေရးပညာရွင္ေတြတိုက္တြန္း


Virus Outbreak Myanmar

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ က်န္းမာေရးဌာနရဲ႕ထုတ္ျပန္ခ်က္အရ စက္တင္ဘာလ ၁ ရက္ကေန ၂၈ ရက္ေန႔အတြင္း ကိုဗစ္ေရာဂါကူးစက္တဲ့ အတည္ျပဳလူနာ ၆,၈၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၁၉ ဦး ရွိပါတယ္။ ဗီဇေျပာင္းကိုဗစ္ေရာဂါပိုးကူးစက္မႈေတြ ျပန္မ်ားလာတဲ့အတြက္ အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ၾကဖို႔၊ က်န္းမာေရး စည္းမ်ဥ္းေတြကို လိုက္နာဖို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးႏိႈးေဆာ္ေနပါတယ္။ ကိုဗစ္ေရာဂါကူးစက္မႈအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို အလိမၼာက တင္ျပေပးထားပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက ကိုဗစ္ေရာဂါကို ေၾကာက္ရေကာင္းမွန္းမသိေတာ့ဘဲ ပုံမွန္ သြားလာေနတဲ့အတြက္ ကူးစက္မႈႏႈန္း ျပန္ျမင့္လာတာလို႔ ရန္ကုန္ၿမိဳ႕က အေထြေထြေရာဂါကု ေဒါက္တာေက်ာ္မင္းထြန္းက VOA ကို ေျပာပါတယ္။ တခ်ဳိ႕က ေရာဂါကူးစက္ရင္လည္း စနစ္တက်ကုသတာမ်ဳိး မလုပ္ေတာ့ဘူးလို႔ ေျပာပါတယ္။

“ေသဆုံးႏႈန္းေတြ၊ ကူးစက္မႈေတြကေတာ့ တရက္ထက္တရက္ေတာ့ မ်ားမ်ားလာတယ္ေပါ့ေနာ္။ လူေတြကေတာ့ ကိုဗစ္ကို သိပ္ၿပီးေတာ့ အေၾကာက္အလန႔္မရွိေတာ့ဘူးေပါ့ေနာ္၊ ေအးေဆးပဲ၊ ႏွာေခါင္းစည္းမတပ္ေပါ့ေနာ္၊ ျဖစ္ရင္လည္း ေဆးေသာက္ၿပီးေတာ့ အိမ္မွာေနတာတို႔ေပါ့ေနာ္။ တကယ္တန္ အိုမီခ႐ြန္ BA-4 ၊ 5 ကေတာ့ Delta ေလာက္ေတာ့ ျပင္းထန္မႈ မရွိဘူးေပါ့ေနာ္၊ မရွိတဲ့အေပၚမွာ လူေတြက အရမ္းစိုးရိမ္စိတ္ ေၾကာက္႐ြံစိတ္မရွိဘဲနဲ႔ အဲ့လိုေလးျဖစ္လာတယ္။ ကူးစက္မႈျဖစ္ရင္ေတာင္မွ ကုသမႈမယူတဲ့ လူနာေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိတာေပါ့ေနာ္။ အဲ့လိုေလး ေနာက္ပိုင္း ဒီေၾကာက္႐ြံ႕ စိုးရိမ္စိတ္မရွိေတာ့ဘူးေပါ့ေနာ္။ အဲ့ဒါ နည္းနည္းကူးစက္မႈက ျမင့္လာတယ္ေပါ့ေနာ္။”

တေက်ာ့ျပန္ ျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါပိုးဟာ ျပင္းထန္တဲ့ ေရာဂါလကၡဏာေတြ မေတြ႕ရတာမို႔ အမ်ားစုက ေပါ့ေပါ့တန္တန္သေဘာထားၿပီး ဂ႐ုတစိုက္မရွိၾကတာလို႔ ေျပာပါတယ္။ ေသဆုံးသူ အမ်ားစုဟာလည္း နဂို ေရာဂါအခံရွိၿပီး မက်န္းမမာျဖစ္ေနသူေတြမ်ားတယ္လို႔ က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။ ဘယ္လိုျဖစ္ျဖစ္ တျခားသူေတြဆီ ေရာဂါမကူးစက္ေအာင္ ကာကြယ္ဖို႔နဲ႔ ကိုယ္ဆီလည္း ေရာဂါ မဝင္လာေအာင္ အျပင္သြားရင္ အခ်ိန္ျပည့္ ႏွာေခါင္းစည္း တပ္ဆင္ထားသင့္တဲ့အေၾကာင္း ေဒါက္တာေက်ာ္မင္းထြန္းက တိုက္တြန္းပါတယ္။

“Mask ေတြကို ျဖစ္ႏိုင္ရင္ ကိုယ့္ရဲ႕ ႏွာေခါင္းမွာေပါ့ေနာ္ အျပင္သြားတိုင္း အၿမဲတမ္း ေတာက္ေလွ်ာက္တပ္သင့္တယ္ေပါ့ေနာ္။ အဲ့ဒါမွလည္း က်ေနာ္တို႔ ဒီ protection (အကာအကြယ္) ေပါ့ေနာ္၊ protection (အကာအကြယ္) ကို ၁၀၀ ရာခိုင္ႏႈန္းမရရင္ေတာင္မွ အနည္းဆုံး ၈၀ ၊ ၉၀ ရာခိုင္ႏႈန္းေလာက္ေတာ့ အကာအကြယ္ရတယ္ေပါ့ေနာ္။ ကိုယ့္ဆီ ေရာဂါမကူးစက္သလို အျပင္ကေရာဂါလည္း ကိုယ္ဆီလည္း မဝင္ဘူးေပါ့ေနာ္။”

ထိုင္းနဲ႔ ျမန္မာနယ္စပ္ တာခ်ီလိတ္ၿမိဳ႕မွာလည္း အခုရက္ပိုင္း ကိုဗစ္ေရာဂါ ကူးစက္တဲ့ အတည္ျပဳလူနာေတြ ေတြ႕တဲ့အေၾကာင္း ကိုဗစ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ကူညီေနတဲ့ ပရဟိအသင္းက ေျပာပါတယ္။ ကူးစက္မႈေတြ ကာကြယ္ထိန္းခ်ဳပ္ဖို႔ က်န္းမာေရး အသိပညာေပးတာေတြ ႏွာေခါင္းစည္းေတြ တပ္ဖို႔ ႏိႈးေဆာ္ေနရတဲ့အၾကာင္း ပရဟိတလုပ္ငန္း လုပ္ကိုင္ေနသူ တဦးက ေျပာပါတယ္။

“ဒီ Mask ကမ္းပိန္ေတြလည္း တပတ္တႀကိမ္ေက်ာ္ေလာက္ လုပ္ေနတယ္။ လူတိုင္း Mask တပ္ဆင္ဖို႔ကိုလည္း ႏႈိးေဆာ္ေဆာင္႐ြက္ေနပါတယ္ဗ်။ သြားလာတဲ့ လူတကာေတြက ပုံမွန္အတိုင္းပဲ သြားလာေနၾကပါတယ္။ လူတိုင္းေတာ့ Mask တပ္ၾကတယ္။ တခ်ိဳ႕က်ေတာ့ နားမလည္တဲ့လူေတြကေတာ့ မတပ္တာေတာ့ ရွိတယ္ေပါ့ဗ်ာ၊ အဲ့ဒီလိုေတာ့ ရွိတာေပါ့။ (တာခ်ီလိတ္မွာ) ဒီရက္ပိုင္းအတြင္းမွာ (ကိုဗစ္) ျပန္ေတြ႔တာဗ်။ က်ေနာ္ စင္တာကို ေရာက္လာတာေတာ့ မေန႔ကမွ လူနာတေယာက္ စေရာက္တာဗ်၊ အခုလကၡဏာကေတာ့ အရင္ေလာက္ေတာ့ မျပင္းဘူးခင္ဗ်။ အခုဝင္လာတဲ့ ကေလး- ေကာင္မေလးဆိုလည္း သူက ေရခ်ိဳးလိုက္ခါမွ အေအးမိၿပီးေတာ့မွ သူက မသကၤာလို႔ သြားလိုက္တာမွ ကိုဗစ္ေတြ႕တာ။”

ကူးစက္ျမန္ ကိုဗစ္ေရာဂါပိုးဟာ ေနရာတိုင္းမွာ ပ်ံ႕ႏွံ႔ေနႏိုင္တာမို႔ ကိုဗစ္လကၡဏာ ျဖစ္တဲ့ ႏွာေစး၊ ဖ်ားနာ၊ ေခ်ာင္းဆိုး ကိုယ္လက္ကိုက္ စတာေတြ ျဖစ္လာရင္ နီးစပ္ ရာ ေဆး႐ုံ ေဆးခန္းေတြမွာ စမ္းသပ္ၿပီး ကုသမႈခံယူဖို႔ကိုလည္း က်န္းမာေရးဆရာဝန္နဲ႔ ပရဟိကူညီသူေတြက သတိေပးထားပါတယ္။

က်န္းမာေရးဌာနရဲ႕ မေန႔က စာရင္းေတြအရ ကိုဗစ္ေရာဂါ အတည္ျပဳလူနာ ၃၈၁
ေယာက္ ထပ္မံေတြ႕ရွိၿပီး ေသဆုံးသူ ၂ ဦး ရွိတယ္လို႔ ထုတ္ျပန္ပါတယ္။ ကိုဗစ္ကပ္ေရာဂါ ျမန္မာႏိုင္ငံမွာ စတင္ကူးစက္ခ်ိန္ကစလို႔ အခုအထိ အတည္ျပဳလူနာစုစုေပါင္း (၆၂၀,၀၀၀) ေက်ာ္ ေတြ႔ရွိထားၿပီးၿပီျဖစ္ၿပီး ေသဆုံးသူ (၁၉,၀၀၀) ေက်ာ္ရွိေနေၾကာင္း က်န္းမာေရးဌာနရဲ႕ ကိန္းဂဏန္းေတြမွာ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

နှာခေါင်းစည်းပြန်တပ်ဖို့ ကျန်းမာရေးပညာရှင်တွေတိုက်တွန်း

မြန်မာနိုင်ငံမှာ ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁ ရက်ကနေ ၂၈ ရက်နေ့အတွင်း ကိုဗစ်ရောဂါကူးစက်တဲ့ အတည်ပြုလူနာ ၆,၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၉ ဦး ရှိပါတယ်။ ဗီဇပြောင်းကိုဗစ်ရောဂါပိုးကူးစက်မှုတွေ ပြန်များလာတဲ့အတွက် အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့၊ ကျန်းမာရေး စည်းမျဉ်းတွေကို လိုက်နာဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနှိုးဆော်နေပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

လူတော်တော်များများက ကိုဗစ်ရောဂါကို ကြောက်ရကောင်းမှန်းမသိတော့ဘဲ ပုံမှန် သွားလာနေတဲ့အတွက် ကူးစက်မှုနှုန်း ပြန်မြင့်လာတာလို့ ရန်ကုန်မြို့က အထွေထွေရောဂါကု ဒေါက်တာကျော်မင်းထွန်းက VOA ကို ပြောပါတယ်။ တချို့က ရောဂါကူးစက်ရင်လည်း စနစ်တကျကုသတာမျိုး မလုပ်တော့ဘူးလို့ ပြောပါတယ်။

“သေဆုံးနှုန်းတွေ၊ ကူးစက်မှုတွေကတော့ တရက်ထက်တရက်တော့ များများလာတယ်ပေါ့နော်။ လူတွေကတော့ ကိုဗစ်ကို သိပ်ပြီးတော့ အကြောက်အလန့်မရှိတော့ဘူးပေါ့နော်၊ အေးဆေးပဲ၊ နှာခေါင်းစည်းမတပ်ပေါ့နော်၊ ဖြစ်ရင်လည်း ဆေးသောက်ပြီးတော့ အိမ်မှာနေတာတို့ပေါ့နော်။ တကယ်တန် အိုမီခရွန် BA-4 ၊ 5 ကတော့ Delta လောက်တော့ ပြင်းထန်မှု မရှိဘူးပေါ့နော်၊ မရှိတဲ့အပေါ်မှာ လူတွေက အရမ်းစိုးရိမ်စိတ် ကြောက်ရွံစိတ်မရှိဘဲနဲ့ အဲ့လိုလေးဖြစ်လာတယ်။ ကူးစက်မှုဖြစ်ရင်တောင်မှ ကုသမှုမယူတဲ့ လူနာတွေလည်း တော်တော်များများရှိတာပေါ့နော်။ အဲ့လိုလေး နောက်ပိုင်း ဒီကြောက်ရွံ့ စိုးရိမ်စိတ်မရှိတော့ဘူးပေါ့နော်။ အဲ့ဒါ နည်းနည်းကူးစက်မှုက မြင့်လာတယ်ပေါ့နော်။”

တကျော့ပြန် ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါပိုးဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မတွေ့ရတာမို့ အများစုက ပေါ့ပေါ့တန်တန်သဘောထားပြီး ဂရုတစိုက်မရှိကြတာလို့ ပြောပါတယ်။ သေဆုံးသူ အများစုဟာလည်း နဂို ရောဂါအခံရှိပြီး မကျန်းမမာဖြစ်နေသူတွေများတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဘယ်လိုဖြစ်ဖြစ် တခြားသူတွေဆီ ရောဂါမကူးစက်အောင် ကာကွယ်ဖို့နဲ့ ကိုယ်ဆီလည်း ရောဂါ မဝင်လာအောင် အပြင်သွားရင် အချိန်ပြည့် နှာခေါင်းစည်း တပ်ဆင်ထားသင့်တဲ့အကြောင်း ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

“Mask တွေကို ဖြစ်နိုင်ရင် ကိုယ့်ရဲ့ နှာခေါင်းမှာပေါ့နော် အပြင်သွားတိုင်း အမြဲတမ်း တောက်လျှောက်တပ်သင့်တယ်ပေါ့နော်။ အဲ့ဒါမှလည်း ကျနော်တို့ ဒီ protection (အကာအကွယ်) ပေါ့နော်၊ protection (အကာအကွယ်) ကို ၁၀၀ ရာခိုင်နှုန်းမရရင်တောင်မှ အနည်းဆုံး ၈၀ ၊ ၉၀ ရာခိုင်နှုန်းလောက်တော့ အကာအကွယ်ရတယ်ပေါ့နော်။ ကိုယ့်ဆီ ရောဂါမကူးစက်သလို အပြင်ကရောဂါလည်း ကိုယ်ဆီလည်း မဝင်ဘူးပေါ့နော်။”

ထိုင်းနဲ့ မြန်မာနယ်စပ် တာချီလိတ်မြို့မှာလည်း အခုရက်ပိုင်း ကိုဗစ်ရောဂါ ကူးစက်တဲ့ အတည်ပြုလူနာတွေ တွေ့တဲ့အကြောင်း ကိုဗစ်ရောဂါတိုက်ဖျက်ရေးနဲ့ ကူညီနေတဲ့ ပရဟိအသင်းက ပြောပါတယ်။ ကူးစက်မှုတွေ ကာကွယ်ထိန်းချုပ်ဖို့ ကျန်းမာရေး အသိပညာပေးတာတွေ နှာခေါင်းစည်းတွေ တပ်ဖို့ နှိုးဆော်နေရတဲ့အကြာင်း ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောပါတယ်။

“ဒီ Mask ကမ်းပိန်တွေလည်း တပတ်တကြိမ်ကျော်လောက် လုပ်နေတယ်။ လူတိုင်း Mask တပ်ဆင်ဖို့ကိုလည်း နှိုးဆော်ဆောင်ရွက်နေပါတယ်ဗျ။ သွားလာတဲ့ လူတကာတွေက ပုံမှန်အတိုင်းပဲ သွားလာနေကြပါတယ်။ လူတိုင်းတော့ Mask တပ်ကြတယ်။ တချို့ကျတော့ နားမလည်တဲ့လူတွေကတော့ မတပ်တာတော့ ရှိတယ်ပေါ့ဗျာ၊ အဲ့ဒီလိုတော့ ရှိတာပေါ့။ (တာချီလိတ်မှာ) ဒီရက်ပိုင်းအတွင်းမှာ (ကိုဗစ်) ပြန်တွေ့တာဗျ။ ကျနော် စင်တာကို ရောက်လာတာတော့ မနေ့ကမှ လူနာတယောက် စရောက်တာဗျ၊ အခုလက္ခဏာကတော့ အရင်လောက်တော့ မပြင်းဘူးခင်ဗျ။ အခုဝင်လာတဲ့ ကလေး- ကောင်မလေးဆိုလည်း သူက ရေချိုးလိုက်ခါမှ အအေးမိပြီးတော့မှ သူက မသင်္ကာလို့ သွားလိုက်တာမှ ကိုဗစ်တွေ့တာ။”

ကူးစက်မြန် ကိုဗစ်ရောဂါပိုးဟာ နေရာတိုင်းမှာ ပျံ့နှံ့နေနိုင်တာမို့ ကိုဗစ်လက္ခဏာ ဖြစ်တဲ့ နှာစေး၊ ဖျားနာ၊ ချောင်းဆိုး ကိုယ်လက်ကိုက် စတာတွေ ဖြစ်လာရင် နီးစပ် ရာ ဆေးရုံ ဆေးခန်းတွေမှာ စမ်းသပ်ပြီး ကုသမှုခံယူဖို့ကိုလည်း ကျန်းမာရေးဆရာဝန်နဲ့ ပရဟိကူညီသူတွေက သတိပေးထားပါတယ်။

ကျန်းမာရေးဌာနရဲ့ မနေ့က စာရင်းတွေအရ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၃၈၁
ယောက် ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံမှာ စတင်ကူးစက်ချိန်ကစလို့ အခုအထိ အတည်ပြုလူနာစုစုပေါင်း (၆၂၀,၀၀၀) ကျော် တွေ့ရှိထားပြီးပြီဖြစ်ပြီး သေဆုံးသူ (၁၉,၀၀၀) ကျော်ရှိနေကြောင်း ကျန်းမာရေးဌာနရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြပါတယ်။

XS
SM
MD
LG