သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕နယ္အတြင္းက စစ္ေရွာင္စခန္းေတြ မီးရႈိ႕ခံရ


စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန္႔ဘလူၿမိဳ႕နယ္၊ ကိုးေတာင္ဘို႔ေက်းရြာ KoeTaungBoh village in Kanbalu, Sagaing (Crd: MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔တိုက္နယ္အတြင္းက စစ္ေဘးေရွာင္ ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ ျမန္မာစစ္တပ္က ၫႊန္ၾကားခဲ့ၿပီးေနာက္ ယာယီခိုလႈံေနတဲ့ တဲသုံးလုံးကို မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီေန႔ မနက္ကလည္း ျမန္မာစစ္တပ္က ကိုးေထာင္ဘို႔ တိုက္နယ္ထဲက ေက်းရြာအုပ္စုကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္၀င္ေရာက္လာတဲ့အတြက္ ေဒသခံေတြ ထြက္ေျပးခဲ့ရတယ္လို႔ ေျပာပါတယ္။ စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳနယ္ အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုသားၫြန္႔ဦးက တင္ျပေပးထားပါတယ္။

ေတာေတြထဲမွာ စစ္ေဘးေရွာင္ေနရတဲ့ ေဒသခံေတြကို ေက်း႐ြာေတြမွာ ျပန္ေနၾကဖို႔နဲ႔ မျပန္ရင္ ဖမ္းဆီးသတ္ျဖတ္တာခံရမယ္ဆိုၿပီး စစ္တပ္က ၿခိမ္းေျခာက္ခဲ့တဲ့အေၾကာင္း ေဒသခံေတြက ေျပာ္ပတယ္။ ကိုးေထာင္ဘို႔ေက်း႐ြာမွာ ျမန္မာစစ္တပ္ေတြ စခန္းခ်ထားတာေၾကာင့္ တိုက္နယ္အတြင္း ေက်း႐ြာေတြက စစ္ေရွာင္ေတြ ႐ြာထဲျပန္မဝင္ရဲဘဲ ေတာထဲမွာ ေနေနၾကတာ ၆ လထက္မနည္းၾကာေနၾကၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ရြာသားေတြ ခိုေအာင္းေနတဲ့ ယာယီတဲသံုးလုံး မီးရိႈ႕ခံခဲ့ရတဲ့အေၾကာင္း ေလးရြာအုပ္စု ေဒသခံတဦးက VOA ေျပာပါတယ္။

“လြန္ခဲ့တဲ့ ၃ ရက္ေလာက္က ရႈိ႕သြာားတယ္ဗ်။ တဲ ၃ လုံး ရႈိ႕သြားတယ္ဗ်။ ေတာထဲမွာ ေနတဲ့သူေတြကိုက အခု (စကစေတြက) က်ေနာ္တို႔ ေတာထဲမွာမေနဖို႔၊ ႐ြာထဲကို ျပန္ဝင္ဖို႔၊ ေတာထဲမွာေနရင္ က်ေနာ္တို႔က သူတို႔ကို မေထာက္ခံတဲ့အတြက္ သတ္မယ္ျဖတ္မယ္ဆိုတဲ့ စကားမ်ိဳးေတြအထိ သူတို႔ ေျပာသြားတယ္။”

စစ္ေရွာင္တဲေတြမွာတဲတလုံးကို လူ ၃၀၊ ၄၀ ဝန္းက်င္ေလာက္ စုေပါင္းေနၾကရတာလို႔ ေဒသခံေတြက ေျပာပါတယ္။ ကိုးေထာင္ဘို႔တိုက္နယ္အတြင္း ေက်း႐ြာ စုစုေပါင္း ၂၂ ႐ြာရွိတဲ့အထဲ စစ္တပ္က နယ္ေျမရွင္းလင္းေရးမလုပ္တဲ့ရြာ ၄ ႐ြာသာက်န္ၿပီး က်န္ ၁၈ ႐ြာက နယ္ေျမရွင္းလင္းတာ၊ ေနအိမ္မီးရိႈ႕ခံရတာေတြေၾကာင့္ ရြာလုံးကြ်တ္နီးပါး ေတာင္ထဲမွာ ထြက္ေျပးတိမ္းေရွာင္ေနၾကတာပါ။

စစ္ေကာင္စီဘက္ကေတာ့ အရပ္သားေနအိမ္ေတြကို မီးရိႈ႕ဖ်က္ဆီးတာ မလုပ္ဘူးဆိုၿပီး ျငင္းဆိုထားပါတယ္။

အခု စစ္တပ္က ႐ြာထဲျပန္ဝင္ေနခိုင္းေပမယ့္ ႐ြာထဲမွာ ေနဖို႔ အိမ္မရွိေတာ့တာနဲ႔ စားေသာက္ေရး အခက္အခဲေတြရွိတဲ့အျပင္ စစ္ေၾကာင္းေတြထိုးတာ၊ ဖမ္းတာဆီးတာေတြျဖစ္လာမွာစိုးတာေၾကာင့္ ႐ြာေတြကို ျပန္မဝင္ရဲဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ အေနာက္ဖက္ျခမ္း ေလး႐ြာအုပ္စုဘက္မွာကေတာ့ ဇီးကနားနဲ႔ ေႏွာကုန္းကေတာ့ (အိမ္ေျခ) နည္းနည္းပါးပါး က်န္ေသးတယ္။ ေလ်ာ္ပင္ကုန္းနဲ႔ ခ်ပ္သင္းကေတာ့ မရွိသေလာက္ပဲဗ်။ မရွိသေလာက္ပဲ ဆိုေတာ့ ေရွ႕ဆက္ၿပီးေတာ့ တိမ္းေရွာင္ၿပီးေတာ့ ဆက္ေတာ္လွန္သြားရမွာေပါ့။ ဝင္လည္းမဝင္ရဲဘူးေလ။ သူတို႔က ဝင္ခိုင္းလည္း က်ေနာ္တို႔က ယုံၾကည္လို႔မရဘူး။ ဒီဘက္ျခမ္းေတြမွာကေတာ့ အားလုံးက ေျပာေနၾကတာပဲ။ ဘယ္လိုမွ ယုံၾကည္လို႔မရဘူး။ လုံးဝဝင္လို႔ မရဘူး။ မလြတ္ လြတ္တဲ့အထိ တိမ္းေရွာင္ၿပီးေတာ့ ေနၾကရမွာပဲ။”

ေအာက္တိုဘာ ၁ ရက္ေန႔ကလည္း ကိုးေထာင္ဘို႔႐ြာမွာ စခန္းခ်ထားတဲ့ ျမန္မာစစ္ တပ္က ကိုးေထာင္ဘို႔အေနာက္ဘက္ျခမ္း ေလး႐ြာအုပ္စုကို အင္အား ၆၀ ဝန္းက်င္ေလာက္နဲ႔ ေရာက္လာၿပီး ပစ္ခတ္တဲ့အတြက္ ေဒသခံေတြ ထြက္ေျပးခဲ့ရတယ္လို႔ စစ္ေဘးေရွာင္ေတြက ေျပာပါတယ္။ ေက်း႐ြာအတြင္းက က်န္ေနေသးတဲ့ ေနအိမ္တခ်ိဳ႕ဖ်က္ဆီးခဲ့သလို ေဒသခံ ၂ ဦးကိုလည္း ဖမ္းဆီးသြားတယ္လို႔ မ်က္ျမင္သက္ေသတဦးက ေျပာပါတယ္။

“ကိုးေထာင္ဘို႔အေနာက္ဘက္ျခမ္းမွာ ဒီမနက္တင္ပဲ တေၾကာင္း၊ မေန႔ တေန႔က တုန္းကလည္း က်ေနာ္တို႔႐ြာမွာ အေဝးကေန လက္နက္ႀကီးေတြနဲ႔ ပစ္ဝင္ ဝင္ၿပီးေတာ့မွာ ႐ြာမွာရွိသမွ်အိမ္ေတြ႐ိုက္ဖြင့္၊ ရွိသမွ် ပစၥည္းအကုန္ထမ္းယူတာ၊ က်ေနာ့္အိမ္က သိန္း ၄၀ ေက်ာ္ဖိုးေလာက္ပါသြားတယ္။ အခုဆက္ၿပီးေတာ့မွ ဒီေန႔မွာထပ္ၿပီးေတာ့ အခု ေလ်ာ္ျဖဴကုန္းရယ္၊ ဇီးကနားရယ္၊ ေႏွာကုန္းရယ္၊ ခ်ပ္သင္းရယ္ကို ဝင္တာ။ အခု ခ်ပ္ကုန္းမွာဗ်။ မနက္ကတုန္းက ဒီေလး႐ြာစလုံးကို ပစ္ဝင္ဝင္သြားတာ ထပ္ၿပီးေတာ့။ သူတို႔ ၂ ေယာက္မိသြားတယ္ဗ်။ ေႏွာကုန္းက တေယာက္ ခ်ပ္ကုန္းက တေယာက္။”

ကန႔္ဘလူၿမိဳ႕နယ္ ကိုးေထာင္ဘို႔တိုက္နယ္အတြင္းက ေက်း႐ြာေတြ စစ္ေဘးေရွာင္ေနရတာ ႏွစ္ဝက္ ေက်ာ္ၾကာလာၿပီျဖစ္ၿပီး ေနထိုင္ေရး၊ စားေသာက္ရိကၡာနဲ႔ ေဆးဝါး လိုအပ္မႈေတြလည္း ရွိေနပါတယ္။ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္အေရအတြက္လည္း ပိုတိုးလာေနပါတယ္။

ေဒသခံေနအိမ္ေတြ ပ်က္စီးဆုံးရႈံးတာ၊ ထိခိုက္ဒဏ္ရာရတာေတြနဲ႔ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္မရေသးသလို စစ္ေကာင္စီဘက္က တရားဝင္ ထုတ္ျပန္ တာလည္း မရွိေသးပါဘူး။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္လို႔ ျမန္မာစစ္တပ္က စြပ္စြဲထားပါတယ္။ ဒီအေၾကာင္းျပခ်က္နဲ႔ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ဆက္တိုက္ တိုးၿပီး လုပ္လာေနတာေၾကာင့္လည္း စစ္ေဘးေရွာင္ေတြ လနဲ႔ခ်ီ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေ မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့တိုက်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မြန်မာစစ်တပ်က ညွှန်ကြားခဲ့ပြီးနောက် ယာယီခိုလှုံနေတဲ့ တဲသုံးလုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ကလည်း မြန်မာစစ်တပ်က ကိုးထောင်ဘို့ တိုက်နယ်ထဲက ကျေးရွာအုပ်စုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ် အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တောတွေထဲမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကို ကျေးရွာတွေမှာ ပြန်နေကြဖို့နဲ့ မပြန်ရင် ဖမ်းဆီးသတ်ဖြတ်တာခံရမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ဒေသခံတွေက ပြော်ပတယ်။ ကိုးထောင်ဘို့ကျေးရွာမှာ မြန်မာစစ်တပ်တွေ စခန်းချထားတာကြောင့် တိုက်နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေ ရွာထဲပြန်မဝင်ရဲဘဲ တောထဲမှာ နေနေကြတာ ၆ လထက်မနည်းကြာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရွာသားတွေ ခိုအောင်းနေတဲ့ ယာယီတဲသုံးလုံး မီးရှို့ခံခဲ့ရတဲ့အကြောင်း လေးရွာအုပ်စု ဒေသခံတဦးက VOA ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က ရှို့သွာားတယ်ဗျ။ တဲ ၃ လုံး ရှို့သွားတယ်ဗျ။ တောထဲမှာ နေတဲ့သူတွေကိုက အခု (စကစတွေက) ကျနော်တို့ တောထဲမှာမနေဖို့၊ ရွာထဲကို ပြန်ဝင်ဖို့၊ တောထဲမှာနေရင် ကျနော်တို့က သူတို့ကို မထောက်ခံတဲ့အတွက် သတ်မယ်ဖြတ်မယ်ဆိုတဲ့ စကားမျိုးတွေအထိ သူတို့ ပြောသွားတယ်။”

စစ်ရှောင်တဲတွေမှာတဲတလုံးကို လူ ၃၀၊ ၄၀ ဝန်းကျင်လောက် စုပေါင်းနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။ ကိုးထောင်ဘို့တိုက်နယ်အတွင်း ကျေးရွာ စုစုပေါင်း ၂၂ ရွာရှိတဲ့အထဲ စစ်တပ်က နယ်မြေရှင်းလင်းရေးမလုပ်တဲ့ရွာ ၄ ရွာသာကျန်ပြီး ကျန် ၁၈ ရွာက နယ်မြေရှင်းလင်းတာ၊ နေအိမ်မီးရှို့ခံရတာတွေကြောင့် ရွာလုံးကျွတ်နီးပါး တောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

စစ်ကောင်စီဘက်ကတော့ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မလုပ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

အခု စစ်တပ်က ရွာထဲပြန်ဝင်နေခိုင်းပေမယ့် ရွာထဲမှာ နေဖို့ အိမ်မရှိတော့တာနဲ့ စားသောက်ရေး အခက်အခဲတွေရှိတဲ့အပြင် စစ်ကြောင်းတွေထိုးတာ၊ ဖမ်းတာဆီးတာတွေဖြစ်လာမှာစိုးတာကြောင့် ရွာတွေကို ပြန်မဝင်ရဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ကတော့ အနောက်ဖက်ခြမ်း လေးရွာအုပ်စုဘက်မှာကတော့ ဇီးကနားနဲ့ နှောကုန်းကတော့ (အိမ်ခြေ) နည်းနည်းပါးပါး ကျန်သေးတယ်။ လျော်ပင်ကုန်းနဲ့ ချပ်သင်းကတော့ မရှိသလောက်ပဲဗျ။ မရှိသလောက်ပဲ ဆိုတော့ ရှေ့ဆက်ပြီးတော့ တိမ်းရှောင်ပြီးတော့ ဆက်တော်လှန်သွားရမှာပေါ့။ ဝင်လည်းမဝင်ရဲဘူးလေ။ သူတို့က ဝင်ခိုင်းလည်း ကျနော်တို့က ယုံကြည်လို့မရဘူး။ ဒီဘက်ခြမ်းတွေမှာကတော့ အားလုံးက ပြောနေကြတာပဲ။ ဘယ်လိုမှ ယုံကြည်လို့မရဘူး။ လုံးဝဝင်လို့ မရဘူး။ မလွတ် လွတ်တဲ့အထိ တိမ်းရှောင်ပြီးတော့ နေကြရမှာပဲ။”

အောက်တိုဘာ ၁ ရက်နေ့ကလည်း ကိုးထောင်ဘို့ရွာမှာ စခန်းချထားတဲ့ မြန်မာစစ် တပ်က ကိုးထောင်ဘို့အနောက်ဘက်ခြမ်း လေးရွာအုပ်စုကို အင်အား ၆၀ ဝန်းကျင်လောက်နဲ့ ရောက်လာပြီး ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ကျေးရွာအတွင်းက ကျန်နေသေးတဲ့ နေအိမ်တချို့ဖျက်ဆီးခဲ့သလို ဒေသခံ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

“ကိုးထောင်ဘို့အနောက်ဘက်ခြမ်းမှာ ဒီမနက်တင်ပဲ တကြောင်း၊ မနေ့ တနေ့က တုန်းကလည်း ကျနော်တို့ရွာမှာ အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ဝင် ဝင်ပြီးတော့မှာ ရွာမှာရှိသမျှအိမ်တွေရိုက်ဖွင့်၊ ရှိသမျှ ပစ္စည်းအကုန်ထမ်းယူတာ၊ ကျနော့်အိမ်က သိန်း ၄၀ ကျော်ဖိုးလောက်ပါသွားတယ်။ အခုဆက်ပြီးတော့မှ ဒီနေ့မှာထပ်ပြီးတော့ အခု လျော်ဖြူကုန်းရယ်၊ ဇီးကနားရယ်၊ နှောကုန်းရယ်၊ ချပ်သင်းရယ်ကို ဝင်တာ။ အခု ချပ်ကုန်းမှာဗျ။ မနက်ကတုန်းက ဒီလေးရွာစလုံးကို ပစ်ဝင်ဝင်သွားတာ ထပ်ပြီးတော့။ သူတို့ ၂ ယောက်မိသွားတယ်ဗျ။ နှောကုန်းက တယောက် ချပ်ကုန်းက တယောက်။”

ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့တိုက်နယ်အတွင်းက ကျေးရွာတွေ စစ်ဘေးရှောင်နေရတာ နှစ်ဝက် ကျော်ကြာလာပြီဖြစ်ပြီး နေထိုင်ရေး၊ စားသောက်ရိက္ခာနဲ့ ဆေးဝါး လိုအပ်မှုတွေလည်း ရှိနေပါတယ်။ စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်အရေအတွက်လည်း ပိုတိုးလာနေပါတယ်။

ဒေသခံနေအိမ်တွေ ပျက်စီးဆုံးရှုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက်မရသေးသလို စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန် တာလည်း မရှိသေးပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်လို့ မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။ ဒီအကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် တိုးပြီး လုပ်လာနေတာကြောင့်လည်း စစ်ဘေးရှောင်တွေ လနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြပါတယ်။

XS
SM
MD
LG