သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေျခခံလစာ ကုန္ေစ်းႏႈန္းနဲ႔ ျပန္ညွိေပးဖို႔ အထည္ခ်ဳပ္လုပ္သားေတြ ေတာင္းဆို 


ရန္ကုန္ၿမိဳ႕က အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းခြင္တခု။ (ႏုိဝင္ဘာ ၁၊ ၂၀၁၈)

[[Zawgyi/Unicode]]

ျမန္မာက်ပ္ေငြတန္ဖိုးက်ဆင္းၿပီး ကုန္ေစ်းႏႈန္းႀကီးျမင့္လာတာေၾကာင့္ အေျခခံ လုပ္အားခတိုးေပးဖို႔ ရန္ကုန္စက္မႈဇုံ ၂၀ ေက်ာ္မွာ လုပ္ကိုင္ေနတဲ့ အထည္ခ်ဳပ္ စက္႐ုံအလုပ္သမားေတြက အလုပ္ရွင္ေတြကို ေတာင္းဆိုေနၾကပါတယ္။ ကုန္ေစ်းႏႈန္းႀကီးျမင့္ၿပီး အလုပ္ဝန္ပိုလာေပမယ့္ လစာက လြန္ခဲ့တဲ့ ေလးငါးႏွစ္က သတ္မွတ္တဲ့ အေျခခံလစာပဲျဖစ္ေနတယ္ဆိုၿပီး VOA ကိုေျပာပါတယ္။ အေသးစိတ္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

က်ပ္ေငြတန္ဖိုးက်ဆင္းေနခ်ိန္မွာ အေျခခံလစာလုပ္အားခ တေန႔ ၄,၈၀၀ က်ပ္ သတ္မွတ္ထားတာတိုးေပးဖို႔ ရန္ကုန္စက္မႈဇုံ အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြက ေတာင္းဆိုေနၾကတာပါ။ သတ္မွတ္ထားတဲ့ အေျခခံလစာဟာ အေမရိကန္တေဒၚလာကို ျမန္မာေငြ ၁,၃၀၀ က်ပ္ ရွိတဲ့အခ်ိန္တုန္းက သတ္မွတ္ထားတဲ့ လစာျဖစ္ၿပီး အခုအေမရိကန္တေဒၚလာကို တရားဝင္ေစ်း ၂,၁၀၀ က်ပ္ ျဖစ္လာခ်ိန္မွာ လက္ရွိ ကုန္ေစ်းႏႈန္းနဲ႔မကိုက္တဲ့အေၾကာင္း အလုပ္သမားေတြက ေျပာပါတယ္။ လက္ရွိ ကုန္ေစ်းႏႈန္းကိုတြက္ခ်က္ၿပီး အေျခခံလုပ္ခလစာကို တရက္ ၈,၀၀၀ က်ပ္အထိ တိုးပးဖို႔ အလုပ္သမားေတြက ေတာင္းဆိုပါတယ္။

အေျခခံလုပ္ခလစာ တိုးၿပီးေပးေရး လႈပ္ရွားေနတဲ့ အေျခခံလုပ္သား သမဂၢေတြထဲမွာ လုပ္သား ၆,၀၀၀ ေက်ာ္ရွိတဲ့ ျမန္မာေပါင္ခ်ိန္စက္႐ုံက အလုပ္သမားေတြလည္း ပါပါတယ္။ ျမန္မာေပါင္ခ်ိန္အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားသမဂၢရဲ႕ ဥကၠ႒ ေဒၚၿဖိဳးသီတာဝင္းက ဗြီအိုေအကို အခုလို ေျပာပါတယ္။

"ညီမတို႔လုပ္ေနတဲ့စက္႐ုံဆိုရင္ ျမန္မာေပါင္ခ်ိန္ေပါ့။ လုပ္ရတဲ့ target ေတြကလည္း အဆမတန္အရမ္းမ်ားတယ္၊ လုပ္ရတာေတြ အရမ္းမ်ားတယ္။ အခုဆိုရင္ ေဒၚလာေစ်းတက္ေနတာေတြလည္း ျဖစ္တယ္၊ ကုန္ေစ်းႏႈန္းေတြလည္း အရမ္းတက္ေနတယ္၊ ညီမတို႔မွာ လုပ္ေနတဲ့လုပ္ခေတြနဲ႔ ဒီကုန္ေစ်းႏႈန္းေတြနဲ႔ ဘယ္လိုမွ မညီမွ် တဲ့အတြက္ ညီမတို႔က ေတာင္းဆိုရျခင္း ျဖစ္ပါတယ္။"

စစ္ေကာင္စီအာဏာသိမ္ၿပီးေနာက္ပိုင္း စက္မႈဇုံမွာလည္း အလုပ္သမားအခြင့္အေရးေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္မႈေတြရွိေနတယ္လို႔ အလုပ္သမား အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒါေပမယ့္ ေငြေၾကးနဲ႔ပတ္သက္တဲ့ ရပိုင္ခြင့္ေတြကို အလုပ္ရွင္ေတြက လိုက္ေလ်ာဖို႔ေမွ်ာ္လင့္ခ်က္နည္းတယ္လို႔ ျမန္မာႏိုင္ငံ အေထြေထြအလုပ္သမားသမဂၢမ်ား FGWM ရဲ႕ ဥကၠ႒ ေဒၚမိုးစႏၵာျမင့္ က ေျပာပါတယ္။ ဒါေပမယ့္ အလုပ္သမားထုအေနနဲ႔ တညီတညာတည္း ေတာင္းဆိုလာရင္ေတာ့ အေျခအေနက တမ်ိဳးတဖုံ ေျပာင္းလဲသြားႏိုင္ေၾကာင္း သူကေျပာပါတယ္။

"ကုန္ေစ်းႏႈန္းက အဆမတန္တက္ေနတယ္ေပါ့ေနာ္။ အနိမ့္ဆုံးလုပ္ခလစာ ၄,၈၀၀ ဆိုတာက ၂၀၁၈ ခုႏွစ္ကေန ျပ႒ာန္းထားတာေပါ့ေနာ္။ ဥပေဒအရဆိုရင္ေတာ့ ေျပာင္းလဲသင့္ၿပီေပါ့ေနာ္။ ျဖစ္လာဖို႔ကေတာ့ က်မတို႔ သိပ္ၿပီးမေမွ်ာ္လင့္ဘူးေပါ့ေနာ္။ ဒါေပမယ့္လည္း တႏိုင္ငံလုံးမွာရွိေနတဲ့ အလုပ္သမားထုေတြ ထုလိုက္ထည္လိုက္ စက္႐ုံ၊ လုပ္ငန္းခြင္အသီးသီးကေနၿပီးေတာ့ ၿပိဳင္တူေအာ္ၾကမယ္၊ ေတာင္းၾကမယ္ ဆိုလို႔ရွိရင္ေတာ့ အေျခအေနက တမ်ိဳးတမည္ေျပာင္းလဲသြားႏိုင္တယ္လို႔ က်မကသုံးသပ္၊ ေျဖၾကားခ်င္ပါတယ္။"

ႏိုင္ငံေရး မတည္ၿငိမ္တဲ့အေျခအေနကို အခြင့္ေကာင္းယူၿပီး စက္႐ုံအမ်ားစုက အလုပ္ရွင္၊ အလုပ္သမားဥပေဒေတြကို မလိုက္နာၾကေတာ့ဘူးလို႔ အလုပ္သမားေတြက ေဝဖန္ေျပာဆိုေနပါတယ္။ အခ်ိန္ပိုကို ည ၁၀ နာရီေလာက္အထိ ေန႔တိုင္း ဆင္းေပးရၿပီး တနဂၤေႏြလည္း နားရက္မေပးတဲ့ စက္႐ုံေတြလည္း ရွိေနတယ္လို႔ ေျပာပါတယ္။ အရင္ကလို အလုပ္သမားအေရး အျငင္းပြားမႈေျဖရွင္းေပးတဲ့ ယႏၲရားေတြလည္း မရွိေတာ့တဲ့အတြက္ စက္မႈဇုံအလုပ္သမားေတြ ဖိႏွိပ္ခံရတဲ့အေျခအေနက ပိုၿပီးဆိုး႐ြားလာေနတယ္ဆိုၿပီး အလုပ္သမားအခြင့္အေရး လႈပ္ရွားေနတဲ့ အဖြဲ႕အစည္းေတြနဲ႔ အလုပ္သမားေတြက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

အခြေခံလစာ ကုန်ဈေးနှုန်းနဲ့ ပြန်ညှိ့ပေးဖို့ အထည်ချုပ်လုပ်သားတွေ တောင်းဆို

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းကြီးမြင့်လာတာကြောင့် အခြေခံ လုပ်အားခတိုးပေးဖို့ ရန်ကုန်စက်မှုဇုံ ၂၀ ကျော်မှာ လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံအလုပ်သမားတွေက အလုပ်ရှင်တွေကို တောင်းဆိုနေကြပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ပြီး အလုပ်ဝန်ပိုလာပေမယ့် လစာက လွန်ခဲ့တဲ့ လေးငါးနှစ်က သတ်မှတ်တဲ့ အခြေခံလစာပဲဖြစ်နေတယ်ဆိုပြီး VOA ကိုပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မှာ အခြေခံလစာလုပ်အားခ တနေ့ ၄,၈၀၀ ကျပ် သတ်မှတ်ထားတာတိုးပေးဖို့ ရန်ကုန်စက်မှုဇုံ အထည်ချုပ်စက်ရုံ အလုပ်သမားတွေက တောင်းဆိုနေကြတာပါ။ သတ်မှတ်ထားတဲ့ အခြေခံလစာဟာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၁,၃၀၀ ကျပ် ရှိတဲ့အချိန်တုန်းက သတ်မှတ်ထားတဲ့ လစာဖြစ်ပြီး အခုအမေရိကန်တဒေါ်လာကို တရားဝင်ဈေး ၂,၁၀၀ ကျပ် ဖြစ်လာချိန်မှာ လက်ရှိ ကုန်ဈေးနှုန်းနဲ့မကိုက်တဲ့အကြောင်း အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းကိုတွက်ချက်ပြီး အခြေခံလုပ်ခလစာကို တရက် ၈,၀၀၀ ကျပ်အထိ တိုးပးဖို့ အလုပ်သမားတွေက တောင်းဆိုပါတယ်။

အခြေခံလုပ်ခလစာ တိုးပြီးပေးရေး လှုပ်ရှားနေတဲ့ အခြေခံလုပ်သား သမဂ္ဂတွေထဲမှာ လုပ်သား ၆,၀၀၀ ကျော်ရှိတဲ့ မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတွေလည်း ပါပါတယ်။ မြန်မာပေါင်ချိန်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဒေါ်ဖြိုးသီတာဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ညီမတို့လုပ်နေတဲ့စက်ရုံဆိုရင် မြန်မာပေါင်ချိန်ပေါ့။ လုပ်ရတဲ့ target တွေကလည်း အဆမတန်အရမ်းများတယ်၊ လုပ်ရတာတွေ အရမ်းများတယ်။ အခုဆိုရင် ဒေါ်လာဈေးတက်နေတာတွေလည်း ဖြစ်တယ်၊ ကုန်ဈေးနှုန်းတွေလည်း အရမ်းတက်နေတယ်၊ ညီမတို့မှာ လုပ်နေတဲ့လုပ်ခတွေနဲ့ ဒီကုန်ဈေးနှုန်းတွေနဲ့ ဘယ်လိုမှ မညီမျှ တဲ့အတွက် ညီမတို့က တောင်းဆိုရခြင်း ဖြစ်ပါတယ်။"

စစ်ကောင်စီအာဏာသိမ်ပြီးနောက်ပိုင်း စက်မှုဇုံမှာလည်း အလုပ်သမားအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေရှိနေတယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမယ့် ငွေကြေးနဲ့ပတ်သက်တဲ့ ရပိုင်ခွင့်တွေကို အလုပ်ရှင်တွေက လိုက်လျောဖို့မျှော်လင့်ချက်နည်းတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ FGWM ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့် က ပြောပါတယ်။ ဒါပေမယ့် အလုပ်သမားထုအနေနဲ့ တညီတညာတည်း တောင်းဆိုလာရင်တော့ အခြေအနေက တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း သူကပြောပါတယ်။

"ကုန်ဈေးနှုန်းက အဆမတန်တက်နေတယ်ပေါ့နော်။ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ဆိုတာက ၂၀၁၈ ခုနှစ်ကနေ ပြဋ္ဌာန်းထားတာပေါ့နော်။ ဥပဒေအရဆိုရင်တော့ ပြောင်းလဲသင့်ပြီပေါ့နော်။ ဖြစ်လာဖို့ကတော့ ကျမတို့ သိပ်ပြီးမမျှော်လင့်ဘူးပေါ့နော်။ ဒါပေမယ့်လည်း တနိုင်ငံလုံးမှာရှိနေတဲ့ အလုပ်သမားထုတွေ ထုလိုက်ထည်လိုက် စက်ရုံ၊ လုပ်ငန်းခွင်အသီးသီးကနေပြီးတော့ ပြိုင်တူအော်ကြမယ်၊ တောင်းကြမယ် ဆိုလို့ရှိရင်တော့ အခြေအနေက တမျိုးတမည်ပြောင်းလဲသွားနိုင်တယ်လို့ ကျမကသုံးသပ်၊ ဖြေကြားချင်ပါတယ်။"

နိုင်ငံရေး မတည်ငြိမ်တဲ့အခြေအနေကို အခွင့်ကောင်းယူပြီး စက်ရုံအများစုက အလုပ်ရှင်၊ အလုပ်သမားဥပဒေတွေကို မလိုက်နာကြတော့ဘူးလို့ အလုပ်သမားတွေက ဝေဖန်ပြောဆိုနေပါတယ်။ အချိန်ပိုကို ည ၁၀ နာရီလောက်အထိ နေ့တိုင်း ဆင်းပေးရပြီး တနင်္ဂနွေလည်း နားရက်မပေးတဲ့ စက်ရုံတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ အရင်ကလို အလုပ်သမားအရေး အငြင်းပွားမှုဖြေရှင်းပေးတဲ့ ယန္တရားတွေလည်း မရှိတော့တဲ့အတွက် စက်မှုဇုံအလုပ်သမားတွေ ဖိနှိပ်ခံရတဲ့အခြေအနေက ပိုပြီးဆိုးရွားလာနေတယ်ဆိုပြီး အလုပ်သမားအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေက ပြောဆိုပါတယ်။

XS
SM
MD
LG