[[Zawgyi/Unicode]]
ကေမၻာဒီးယားႏိုင္ငံက ေနာက္ဆုံးလက္က်န္ လြတ္လပ္တဲ့သတင္းဌာနကို ပိတ္သိမ္းလိုက္ဖို႔ ဝန္ႀကီးခ်ဳပ္ Hun Sen က တနဂၤေႏြေန႔ညပိုင္းက အမိန႔္ထုတ္လိုက္ပါတယ္။
အဲဒီသတင္းဌာနဟာ သူနဲ႔သူရဲ႕သားကို တိုက္ခိုက္႐ုံတင္သာမက တိုင္းျပည္ရဲ႕ ဂုဏ္သိကၡာကိုပါ ထိခိုက္ေစတဲ့အတြက္ေၾကာင့္ ပိတ္သိမ္းခိုင္းတာလို႔ ေျပာပါတယ္။ The Voice of Democracy VOD အေနနဲ႔ ဒီကေန႔ တနလၤာမနက္ ၁ဝ နာရီကစၿပီး ထုတ္လႊင့္ခြင့္လိုင္စင္ကို ႐ုပ္သိမ္းလိုက္ေၾကာင္း သူရဲ႕တရားဝင္ Face Book ကေန ေရးသားထားပါတယ္။ ရဲဌာနကိုၫႊန္ၾကားလိုက္တဲ့ သူရဲ႕အမိန႔္ထဲမွာ အဲဒီ VOD မီဒီယာပိုင္ပစၥည္းေတြကို သိမ္းဆည္းျခင္းမျပဳဖို႔နဲ႔ ႏိုင္ငံတကာ ကေငြေၾကးေထာက္ပံ့သူေတြအေနနဲ႔ သူတို႔ရဲ႕ ေငြေၾကးေတြ ျပန္လည္ထုတ္ယူၾကဖို႔လည္း ေရးသားထားပါတယ္။
ဒါ့ျပင္ အဲဒီမီဒီယာမွာအလုပ္လုပ္ၾကတဲ့ ဝန္ထမ္းေတြအေနနဲ႔လည္း အလုပ္အကိုင္အသစ္ေတြ ရွာေဖြၾကဖို႔ တိုက္တြန္းထားပါတယ္။ အဲဒီလိုအေျခအေနေတြေၾကာင့္ VOD ရဲ႕လိုင္စင္ကို ျပန္ၾကားေရးဝန္ႀကီးဌာနက ႐ုပ္သိမ္းဖို႔အမိန႔္ထုတ္ရတာလို႔ ဆိုပါတယ္။
VOD ရဲ႕ သတင္းေဆာင္းပါတပုဒ္မွာ တူရကီငလ်င္အတြက္ေပးတဲ့အကူအညီေတြကို ဝန္ႀကီးခ်ဳပ္ Hun San ရဲ႕သား ဒုတိယစစ္ဦးစီးခ်ဳပ္ Hun Manet က လက္မွတ္ထိုးတာဟာ သူရဲ႕တာဝန္ကိုေက်ာ္လြန္ၿပီး လုပ္ေဆာင္တာျဖစ္တယ္လို႔ ေဖာ္ျပတဲ့အေပၚမွာ မေက်နပ္မႈေပၚေပါက္လာတာပါ။ ႏိုင္ငံတကာ ေငြေၾကးအကူအညီနဲ႔ လည္ပတ္ေနတဲ့ VOD ကို လုပ္ကိုင္ေနၾကတဲ့ NGO အဖြဲ႔ေတြက သူတို႔အေနနဲ႔ အစိုးရေျပာခြင့္ရသူကို ကိုးကားၿပီး ေဖာ္ျပတာျဖစ္ေၾကာင္းနဲ႔ အခုလို ဝန္ႀကီးခ်ဳပ္အေနနဲ႔ စိတ္အေႏွာင့္အယွက္ျဖစ္တဲ့အေပၚ စိတ္မေကာင္းရပါေၾကာင္း ရွင္းလင္းခ်က္ထုတ္ျပန္တဲ့စာကို ေပးပို႔ခဲ့ေပမယ့္ Hun Sen က လက္မခံ ပယ္ခ်ခဲ့ပါတယ္။
ကေမာၻဒီးယားႏိုင္ငံကို ႏွစ္ေပါင္းမ်ားစြာ အာဏာရွင္စနစ္နဲ႔အုပ္ခ်ဳပ္လာခဲ့တဲ့ Hun Sen ဟာ အတိုက္အခံေတြကို ေထာင္ခ်၊ လြတ္လပ္တဲ့ မီဒီယာေတြကို ပိတ္ပင္ခဲ့သူလည္း ျဖစ္ပါတယ္။
============
[[Unicode]]
ကမ္ဘောဒီးယား သတင်းလွတ်လပ်ခွင့် ချုပ်ငြိမ်းသွားပြီ
ကမ္ဘောဒီးယားနိုင်ငံက နောက်ဆုံးလက်ကျန် လွတ်လပ်တဲ့သတင်းဌာနကို ပိတ်သိမ်းလိုက်ဖို့ ဝန်ကြီးချုပ် Hun Sen က တနင်္ဂနွေနေ့ညပိုင်းက အမိန့်ထုတ်လိုက်ပါတယ်။
အဲဒီသတင်းဌာနဟာ သူနဲ့သူရဲ့သားကို တိုက်ခိုက်ရုံတင်သာမက တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက်ကြောင့် ပိတ်သိမ်းခိုင်းတာလို့ ပြောပါတယ်။ The Voice of Democracy VOD အနေနဲ့ ဒီကနေ့ တနင်္လာမနက် ၁ဝ နာရီကစပြီး ထုတ်လွှင့်ခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်ကြောင်း သူရဲ့တရားဝင် Face Book ကနေ ရေးသားထားပါတယ်။ ရဲဌာနကိုညွှန်ကြားလိုက်တဲ့ သူရဲ့အမိန့်ထဲမှာ အဲဒီ VOD မီဒီယာပိုင်ပစ္စည်းတွေကို သိမ်းဆည်းခြင်းမပြုဖို့နဲ့ နိုင်ငံတကာ ကငွေကြေးထောက်ပံ့သူတွေအနေနဲ့ သူတို့ရဲ့ ငွေကြေးတွေ ပြန်လည်ထုတ်ယူကြဖို့လည်း ရေးသားထားပါတယ်။
ဒါ့ပြင် အဲဒီမီဒီယာမှာအလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း အလုပ်အကိုင်အသစ်တွေ ရှာဖွေကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် VOD ရဲ့လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်သိမ်းဖို့အမိန့်ထုတ်ရတာလို့ ဆိုပါတယ်။
VOD ရဲ့ သတင်းဆောင်းပါတပုဒ်မှာ တူရကီငလျင်အတွက်ပေးတဲ့အကူအညီတွေကို ဝန်ကြီးချုပ် Hun San ရဲ့သား ဒုတိယစစ်ဦးစီးချုပ် Hun Manet က လက်မှတ်ထိုးတာဟာ သူရဲ့တာဝန်ကိုကျော်လွန်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြတဲ့အပေါ်မှာ မကျေနပ်မှုပေါ်ပေါက်လာတာပါ။
နိုင်ငံတကာ ငွေကြေးအကူအညီနဲ့လည်ပတ်နေတဲ့ VOD ကို လုပ်ကိုင်နေကြတဲ့ NGO အဖွဲ့တွေက သူတို့အနေနဲ့ အစိုးရပြောခွင့်ရသူကို ကိုးကားပြီး ဖော်ပြတာဖြစ်ကြောင်းနဲ့ အခုလို ဝန်ကြီးချုပ်အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တဲ့အပေါ် စိတ်မကောင်းရပါကြောင်း ရှင်းလင်းချက်ထုတ်ပြန်တဲ့စာကို ပေးပို့ခဲ့ပေမယ့် Hun Sen က လက်မခံ ပယ်ချခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်နဲ့အုပ်ချုပ်လာခဲ့တဲ့ Hun Sen ဟာ အတိုက်အခံတွေကို ထောင်ချ၊ လွတ်လပ်တဲ့ မီဒီယာတွေကို ပိတ်ပင်ခဲ့သူလည်း ဖြစ်ပါတယ်။