သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္ေတာ္ ပလက္ဝ ေရလမ္းေၾကာင္းျပန္ဖြင့္၊ ကုန္သယ္ယူေရး ကန္႔သတ္ခံရဆဲ


ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္က ေရေၾကာင္းခရီးလမ္း။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ AA နဲ႔ စစ္ေကာင္စီၾကား ထိေတြ႔တိုက္ပြဲေတြေၾကာင့္ ဩဂုတ္လအစပိုင္းကတည္းက ပိတ္ထားခဲ့တဲ့ ေက်ာက္ေတာ္ - ပလက္ဝ ေရလမ္းေၾကာင္းကို စစ္ေကာင္စီဘက္က ျပန္ဖြင့္ေပးလိုက္ပါတယ္။ ဒါေပမယ့္လည္း ကုန္စည္သယ္ေဆာင္ခြင့္ ကန႔္သတ္ခ်က္ေတြ တင္းက်ပ္ထားတာေၾကာင့္ ပုံမွန္ျပန္လည္ပတ္ႏိုင္ဖို႔ကေတာ့ ခက္ခဲေနတုန္းပဲလို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ဩဂုတ္လ ၁၈ ရက္၊ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကစၿပီး ေက်ာ္ေတာ္ ပလက္ဝ ေရလမ္းေၾကာင္းကို စစ္ေကာင္စီဘက္က ျပန္ဖြင့္ေပးခဲ့တာပါ။ လမ္းေတြပိတ္ထားတဲ့အတြက္ ကုန္စည္သယ္ယူေရး အခက္အခဲေတြရွိခဲ့ၿပီး ဆန္အပါအဝင္ အေျခခံစားေသာက္ကုန္ ေစ်းေတြလည္း တက္ခဲ့ပါတယ္။ စစ္ေဘးေရွာင္စခန္းတခ်ိဳ႕အတြက္ ရိကၡာေထာက္ပံ့တာေတြ မေရာက္ေသးဘူးလို႔ ေက်ာက္ေတာ္ၿမိဳ႕ကေန ကူညီေပးေနသူတဦးက ေျပာပါတယ္။

"ဒုကၡသည္စခန္းက ထမင္းစားရတာေတာင္ နပ္မမွန္ဘူးလို႔ေျပာတယ္။ က်န္တဲ့ အသား၊ ငါးကေတာ့ ထားလိုက္ေပါ့ဗ်ာ။ ထမင္းအဆင့္စားရဖို႔ေတာင္ နပ္မမွန္ဘူးလို႔ေျပာတယ္။ ၾကက္ဥ ၃ လုံးကို ၂ ေထာင္ဆိုေတာ့ စားရဖို႔က မလြယ္ဘူးေပါ့။ ေစ်းႏႈန္းေတြက က်ေနာ္တို႔ ေက်ာက္ေတာ္မွာဆိုရင္ေတာ့ ၾကက္ဥ ၅ လုံးမွ ၁ ေထာင္ေလ။ အခု ပလက္ဝမွာက ၾကက္ဥ ၃ လုံးကို ၂ ေထာင္ျဖစ္ေနတယ္။"

အေျခခံစားေသာက္ကုန္ ေစ်းႏႈန္းေတြ ေစ်းတက္ခဲ့သလို ဆန္ဝယ္ယူႏိုင္ဖို႔လည္း အခက္အခဲေတြ ၾကဳံခဲ့ရပါတယ္။ ေရလမ္းေၾကာင္း ျပန္ဖြင့္ေပးတာ ရက္သတၱပတ္နီးပါး ရွိၿပီဆိုေပမယ့္ အခုခ်ိန္ထိေတာ့ စားေသာက္ေရး အခက္ေတြ႔ေနတုန္းပဲလို႔ ကူညီေပးေနသူ ေနာက္တဦးကလည္း ေျပာပါတယ္။

"ဒီႏွစ္ကေတာ့ စိုက္ပ်ိဳးလို႔ လုံးဝမရႏိုင္ေတာ့ဘူးေပါ့။ ေက်ာက္ေတာ္ၿမိဳ႕ကေနၿပီးေတာ့ က်ေနာ္တို႔က လိုအပ္တဲ့ဓာတ္ေျမဩဇာေတြ တႏိုင္တပိုင္တင္ရတာကို။ ဆိုေတာ့ ဒီႏွစ္ကေတာ့ ေနာက္တခုျဖစ္သြားတာက ဆန္ခ်လို႔မရတာအျပင္ ဓာတ္ေျမဩဇာေတြလည္း ဝင္သယ္ခြင့္မရဘူးေပါ့ေနာ္။ ဓာတ္ေျမဩဇာက်ေတာ့ ေပါက္ကြဲေစတတ္တဲ့ ယမ္းေတြဘာေတြ လုပ္လို႔ရတယ္ ဆိုၿပီးေတာ့ အေၾကာင္းျပတာ။ အခုက ပိုၿပီးဆိုး႐ြားေနတာက အဲဒီဘက္မွာ ဒီႏွစ္က စပါးလည္း လုပ္လို႔မရဘူး။ ဒီကလည္း ဆန္သယ္လို႔မရဘူး။ ဆိုေတာ့ အခုအေျခအေနကေတာ့ ရိကၡာ ေတာ္ေတာ္ေလးခက္ခဲေနတယ္။ အဓိက ဆန္ေပါ့ေနာ္။ ဆန္၊ ဆီ၊ ဆား အဲဒါေတြကေတာ့ ေတာ္ေတာ္ေလးခက္ခဲေနတယ္။"

ေက်ာက္ေတာ္ - ပလက္ဝ ေရလမ္းေၾကာင္းကေနတဆင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ ကေန ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ဆီ ဆန္အဓိက တင္ပို႔ေပးေနတာပါ။ AA နဲ႔ စစ္ေကာင္စီၾကား ႏွစ္ဘက္ထိေတြ႔တိုက္ပြဲေတြေၾကာင့္ ေက်ာက္ေတာ္ - ပလက္ဝ ေရလမ္းေၾကာင္းဟာ မၾကာခဏဆိုသလို ပိတ္ဆို႔ခံေနရၿပီး ကုန္စည္စီးဆင္းမႈ ပုံမွန္ျပန္လည္ပတ္ႏိုင္ဖို႔ ခက္ခဲခဲ့ပါတယ္။ ညမထြက္ရအမိန္႔နဲ႔ ခရီးသြားလာခြင့္၊ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြကို ကန္႔သတ္တဲ့အတြက္ ရခိုင္ျပည္သူေတြအေပၚ စားနပ္ရိကၡာအခက္အခဲျဖစ္ေအာင္ တြန္းပို႔ေနသလို ျဖစ္ေနေၾကာင္းနဲ႔ ရခိုင္အမ်ဳိးသားအဖြဲ႕ခ်ဳပ္ကလည္း ဒီေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ တေစာင္ ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ရခိုင္ျပည္နယ္အတြင္း ေရလမ္းေၾကာင္း ပိတ္ဆိုခဲ့တဲ့အေပၚ ရွင္းလင္းေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]


ကျောက်တော် ပလက်ဝ ရေလမ်းကြောင်းပြန်ဖွင့်၊ ကုန်သယ်ယူရေး ကန့်သတ်ခံရဆဲ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲတွေကြောင့် ဩဂုတ်လအစပိုင်းကတည်းက ပိတ်ထားခဲ့တဲ့ ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ချက်တွေ တင်းကျပ်ထားတာကြောင့် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ကတော့ ခက်ခဲနေတုန်းပဲလို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဩဂုတ်လ ၁၈ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ကျော်တော် ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်ဖွင့်ပေးခဲ့တာပါ။ လမ်းတွေပိတ်ထားတဲ့အတွက် ကုန်စည်သယ်ယူရေး အခက်အခဲတွေရှိခဲ့ပြီး ဆန်အပါအဝင် အခြေခံစားသောက်ကုန် ဈေးတွေလည်း တက်ခဲ့ပါတယ်။ စစ်ဘေးရှောင်စခန်းတချို့အတွက် ရိက္ခာထောက်ပံ့တာတွေ မရောက်သေးဘူးလို့ ကျောက်တော်မြို့ကနေ ကူညီပေးနေသူတဦးက ပြောပါတယ်။

"ဒုက္ခသည်စခန်းက ထမင်းစားရတာတောင် နပ်မမှန်ဘူးလို့ပြောတယ်။ ကျန်တဲ့ အသား၊ ငါးကတော့ ထားလိုက်ပေါ့ဗျာ။ ထမင်းအဆင့်စားရဖို့တောင် နပ်မမှန်ဘူးလို့ပြောတယ်။ ကြက်ဥ ၃ လုံးကို ၂ ထောင်ဆိုတော့ စားရဖို့က မလွယ်ဘူးပေါ့။ ဈေးနှုန်းတွေက ကျနော်တို့ ကျောက်တော်မှာဆိုရင်တော့ ကြက်ဥ ၅ လုံးမှ ၁ ထောင်လေ။ အခု ပလက်ဝမှာက ကြက်ဥ ၃ လုံးကို ၂ ထောင်ဖြစ်နေတယ်။"

အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ဈေးတက်ခဲ့သလို ဆန်ဝယ်ယူနိုင်ဖို့လည်း အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ရေလမ်းကြောင်း ပြန်ဖွင့်ပေးတာ ရက်သတ္တပတ်နီးပါး ရှိပြီဆိုပေမယ့် အခုချိန်ထိတော့ စားသောက်ရေး အခက်တွေ့နေတုန်းပဲလို့ ကူညီပေးနေသူ နောက်တဦးကလည်း ပြောပါတယ်။

"ဒီနှစ်ကတော့ စိုက်ပျိုးလို့ လုံးဝမရနိုင်တော့ဘူးပေါ့။ ကျောက်တော်မြို့ကနေပြီးတော့ ကျနော်တို့က လိုအပ်တဲ့ဓာတ်မြေဩဇာတွေ တနိုင်တပိုင်တင်ရတာကို။ ဆိုတော့ ဒီနှစ်ကတော့ နောက်တခုဖြစ်သွားတာက ဆန်ချလို့မရတာအပြင် ဓာတ်မြေဩဇာတွေလည်း ဝင်သယ်ခွင့်မရဘူးပေါ့နော်။ ဓာတ်မြေဩဇာကျတော့ ပေါက်ကွဲစေတတ်တဲ့ ယမ်းတွေဘာတွေ လုပ်လို့ရတယ် ဆိုပြီးတော့ အကြောင်းပြတာ။ အခုက ပိုပြီးဆိုးရွားနေတာက အဲဒီဘက်မှာ ဒီနှစ်က စပါးလည်း လုပ်လို့မရဘူး။ ဒီကလည်း ဆန်သယ်လို့မရဘူး။ ဆိုတော့ အခုအခြေအနေကတော့ ရိက္ခာ တော်တော်လေးခက်ခဲနေတယ်။ အဓိက ဆန်ပေါ့နော်။ ဆန်၊ ဆီ၊ ဆား အဲဒါတွေကတော့ တော်တော်လေးခက်ခဲနေတယ်။"

ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဆီ ဆန်အဓိက တင်ပို့ပေးနေတာပါ။ AA နဲ့ စစ်ကောင်စီကြား နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကြောင့် ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းဟာ မကြာခဏဆိုသလို ပိတ်ဆို့ခံနေရပြီး ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ညမထွက်ရအမိန့်နဲ့ ခရီးသွားလာခွင့်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ကန့်သတ်တဲ့အတွက် ရခိုင်ပြည်သူတွေအပေါ် စားနပ်ရိက္ခာအခက်အခဲဖြစ်အောင် တွန်းပို့နေသလို ဖြစ်နေကြောင်းနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်ကလည်း ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း ရေလမ်းကြောင်း ပိတ်ဆိုခဲ့တဲ့အပေါ် ရှင်းလင်းပြောဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG