သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေၾကာင့္လမ္းပိတ္ၿပီး ေက်ာက္ေတာ္ ပလက္ဝ ဆန္ဝယ္ဖို႔ ခက္ခဲ


ပလက္ဝ palatwa

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ ပလက္ဝမွာ အေျခခံစားေသာက္ကုန္ ေစ်းႏႈန္းေတြတက္ေနၿပီး ဆန္ဝယ္ႏိုင္ဖို႔ကေတာ့ အေတာ္ေလးခက္ခဲေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ပလက္ဝကို ဆန္တင္ပို႔ေနတဲ့ အဓိကေရလမ္းေၾကာင္းကို ပိတ္ထားလို႔ ဆန္ျပတ္လပ္ၿပီး အငတ္ေဘးမႀကဳံဖို႔ကို ႀကိဳးပမ္းေနတယ္လို႔ ကူညီေပးေနသူေတြကလည္း ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ AA နဲ႔ စစ္ေကာင္စီၾကား ထိေတြ႔တိုက္ပြဲေတြေၾကာင့္ ဩဂုတ္လအစပိုင္းကတည္းက ေက်ာက္ေတာ္ - ပလက္ဝ ေရလမ္းေၾကာင္းကို စစ္ေကာင္စီဘက္က ပိတ္ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လမ္းေၾကာင္းျဖတ္ေတာက္ထားလို႔ ေဒသတြင္းမွာ အေျခခံစားေသာက္ကုန္ ေစ်းႏႈန္းေတြတက္ေနၿပီး ဆန္ဝယ္ယူႏိုင္ဖို႔လည္း မလြယ္ေတာ့ဘူးလို႔ ပလက္ဝေဒသခံတဦးက ေျပာပါတယ္။

"အေျခခံစားသုံးကုန္ ေစ်းကေတာ့ အရင္ကထက္စာရင္ တက္တာေပါ့။ ဆန္ေစ်းေတြလည္း တက္တယ္။ အလြယ္တကူဝယ္ဖို႔က ဆန္ကေလာေလာဆယ္ ပုံမွန္ဝယ္ လို႔မရဘူးဗ်။ ေက်ာက္ေတာ္က အဝင္ရွိမွဆိုေတာ့ ကုန္သည္ေတြ၊ ဆန္ေရာင္းတဲ့သူေတြက ေက်ာက္ေတာ္ကသယ္လို႔ရမွ သူတို႔ဆီမွာ ဝယ္လို႔ရမွာကိုး။ ေလာေလာဆယ္ေတာ့ ဒီမွာ က်ေနာ္တို႔ ပလက္ဝမွာက စစ္ေရး လုံၿခဳံေရးေၾကာင့္ သြားဖို႔ အခက္အခဲ ရွိတယ္နဲ႔တူတယ္။ အဲဒါေၾကာင့္ အေျခခံစားကုန္ေတြ လြတ္လြတ္လပ္ လပ္ဝယ္လို႔မရတာ က်ေနာ္တို႔သိရတယ္။"

ဆန္နဲ႔ စက္သုံးဆီေစ်းေတြ အဆမတန္တက္ေနၿပီး ဝယ္ယူႏိုင္ဖို႔ကလည္း ခက္ခဲေနတာပါ။ တခ်ိဳ႕ စားေသာက္ကုန္ေတြကိုေတာ့ ဝယ္လို႔ရေပမယ့္ ေစ်းႏႈန္းေတြက တေျဖးေျဖးတက္လာေနတယ္လို႔ ေဒသခံေနာက္တဦးက ေျပာပါတယ္။

"ခုထက္ထိေတာ့ ဝယ္လို႔ရတုန္းပါပဲခင္ဗ်။ ေစ်းႀကီးတယ္ဆိုရင္ေတာ့ စီးပြားေရးသမားေတြရဲ႕ ထုံးစံပဲေလ။ သူတို႔ ေစ်းတင္ေရာင္းခ်င္ရင္ မရွိဘူးေပါ့။ တက္တာေတာ့ တက္တာပဲရွိတယ္။"

ေက်ာက္ေတာ္-ပလက္ဝ ေရလမ္းေၾကာင္းကေနတဆင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕ကေန ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ဆီ ဆန္အဓိက တင္ပို႔ေပးေနတာပါ။ အခုလို ႏွစ္ဖက္ထိေတြ႕ တိုက္ပြဲေတြေၾကာင့္ လမ္းေၾကာင္းပိတ္ဆို႔ခံရၿပီး ကုန္စည္ စီးဆင္းမႈကလည္း ရပ္တန႔္ေနပါတယ္။ ဩဂုတ္လအစပိုင္းကတည္းက ေရလမ္းေၾကာင္းပိတ္ဆို႔လိုက္ၿပီး အခ်ိန္ၾကာတာနဲ႔အမွ် ေဒသခံေတြ စားနပ္ရိကၡာ ျပတ္ေတာက္မွာကို ကူညီေပးေနသူေတြက စိုးရိမ္ေနၾကပါတယ္။ အဓိကစားနပ္ရိကၡာျဖစ္တဲ့ ဆန္ျပတ္လပ္တာမျဖစ္ေစဖို႔ ႏိုင္ငံတကာက ကူညီေပးေနတဲ့အဖြဲ႕ေတြနဲ႔ပါ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္လို႔ ကူညီေပးေနသူ ကိုေက်ာ္သိန္းက ေျပာပါတယ္။

"ေက်ာက္ေတာ္ဘက္က ဆန္ေတြကို သယ္လို႔မရတဲ့အေျခအေန ျဖစ္သြားၿပီဆိုေတာ့ ပလက္ဝဘက္က ဆန္တကယ္ျပတ္လပ္ေနတာပါ။ ဆန္၊ ဆီ၊ ဆား အေျခခံစားသုံးကုန္စည္ေတြကို ပလက္ဝဘက္က ႐ြာေပါင္း ၃၀ ေက်ာ္လိမ့္မယ္ - အဲဒီဘက္က ႐ြာေတြဆို က်ေနာ္တို႔ ေက်ာက္ေတာ္ဘက္က ဆန္တင္မွပဲ အဲဒီဘက္မွာ စားေသာက္ရတာအဆင္ေျပတယ္ေလ။ အခုက ပလက္ဝဘက္မွာ ဆန္တအိတ္ကို ၁ သိန္းေက်ာ္နဲ႔ေတာင္ ဝယ္မရတဲ့ အေျခအေနျဖစ္သြားၿပီ။ ႐ိုး႐ိုးေလွသြားမယ္ဆိုရင္ေတာင္ ဆန္ပါလို႔မရဘူး။ အမွန္မွာ သူတို႔က AA ကို ရိကၡာျဖတ္တဲ့ပုံစံမ်ိဳးလုပ္တာ။ ဒါေပမယ့္ ျပည္သူေတြက ဒုကၡေရာက္သြားတာကိုးဗ်။ က်ေနာ္တို႔ မေန႔က အစည္းအေဝးလုပ္တယ္၊ အဲဒီျပည္သူေတြကို အငတ္ေပးလို႔မရဘူး။ ေရာက္တဲ့နည္းနဲ႔ ICRC နဲ႔ ဘာလုပ္ရမလဲ၊ နည္းတမ်ိဳးမ်ိဳးနဲ႔ေတာ့ ဆန္ေရာက္ႏိုင္ေအာင္ တင္ပို႔ရမယ္။ မဟုတ္ရင္ ဒီမိုးတြင္းမွာ စားနပ္ရိကၡာ ဒုကၡေရာက္ၿပီး အငတ္ေဘးကိုႀကဳံလာႏိုင္တယ္ဗ်။"

ပလက္ဝၿမိဳ႕နယ္က စစ္ေဘးေရွာင္စခန္းတခ်ိဳ႕မွာလည္း ရိကၡာေထာက္ပံ့တာေတြ မေရာက္ေသးလို႔ စားေသာက္ဖို႔ ဒုကၡေရာက္ေနၾကပါတယ္။ ပလက္ဝၿမိဳ႕နယ္၊ သူေဌးကုန္းေက်း႐ြာ ေျမာက္ဘက္အနီးဝန္းက်င္မွာ စစ္ေကာင္စီနဲ႔ ထိေတြ႕တိုက္ပြဲေတြျဖစ္ေနတာ ရက္သတၱပတ္ ၂ ပတ္ ရွိၿပီလို႔ AA ဘက္က ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ပလက္ဝဘက္မွာ AA နဲ႔ ထိေတြ႕တိုက္ပြဲျဖစ္ေနတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး တစုံတရာထုတ္ျပန္ထားတာ မရွိေသးပါဘူး။ ေဒသခံေတြကေတာ့ ႏွစ္ဘက္ထိေတြ႕တိုက္ပြဲေတြေၾကာင့္ လမ္းေၾကာင္းပိတ္ဆို႔ခံရၿပီး စားနပ္ရိကၡာျပတ္လပ္တဲ့ အေျခအေန ဒီထက္ပိုဆိုးမလာဖို႔ကို ေမွ်ာ္လင့္ေနၾကတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]


တိုက်ပွဲကြောင့်လမ်းပိတ်ပြီး ကျောက်တော် ပလက်ဝ ဆန်ဝယ်ဖို့ ခက်ခဲ

ချင်းပြည်နယ်၊ ပလက်ဝမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေတက်နေပြီး ဆန်ဝယ်နိုင်ဖို့ကတော့ အတော်လေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝကို ဆန်တင်ပို့နေတဲ့ အဓိကရေလမ်းကြောင်းကို ပိတ်ထားလို့ ဆန်ပြတ်လပ်ပြီး အငတ်ဘေးမကြုံဖို့ကို ကြိုးပမ်းနေတယ်လို့ ကူညီပေးနေသူတွေကလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲတွေကြောင့် ဩဂုတ်လအစပိုင်းကတည်းက ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လမ်းကြောင်းဖြတ်တောက်ထားလို့ ဒေသတွင်းမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေတက်နေပြီး ဆန်ဝယ်ယူနိုင်ဖို့လည်း မလွယ်တော့ဘူးလို့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။

"အခြေခံစားသုံးကုန် ဈေးကတော့ အရင်ကထက်စာရင် တက်တာပေါ့။ ဆန်ဈေးတွေလည်း တက်တယ်။ အလွယ်တကူဝယ်ဖို့က ဆန်ကလောလောဆယ် ပုံမှန်ဝယ် လို့မရဘူးဗျ။ ကျောက်တော်က အဝင်ရှိမှဆိုတော့ ကုန်သည်တွေ၊ ဆန်ရောင်းတဲ့သူတွေက ကျောက်တော်ကသယ်လို့ရမှ သူတို့ဆီမှာ ဝယ်လို့ရမှာကိုး။ လောလောဆယ်တော့ ဒီမှာ ကျနော်တို့ ပလက်ဝမှာက စစ်ရေး လုံခြုံရေးကြောင့် သွားဖို့ အခက်အခဲ ရှိတယ်နဲ့တူတယ်။ အဲဒါကြောင့် အခြေခံစားကုန်တွေ လွတ်လွတ်လပ် လပ်ဝယ်လို့မရတာ ကျနော်တို့သိရတယ်။"

ဆန်နဲ့ စက်သုံးဆီဈေးတွေ အဆမတန်တက်နေပြီး ဝယ်ယူနိုင်ဖို့ကလည်း ခက်ခဲနေတာပါ။ တချို့ စားသောက်ကုန်တွေကိုတော့ ဝယ်လို့ရပေမယ့် ဈေးနှုန်းတွေက တဖြေးဖြေးတက်လာနေတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

"ခုထက်ထိတော့ ဝယ်လို့ရတုန်းပါပဲခင်ဗျ။ ဈေးကြီးတယ်ဆိုရင်တော့ စီးပွားရေးသမားတွေရဲ့ ထုံးစံပဲလေ။ သူတို့ ဈေးတင်ရောင်းချင်ရင် မရှိဘူးပေါ့။ တက်တာတော့ တက်တာပဲရှိတယ်။"

ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဆီ ဆန်အဓိက တင်ပို့ပေးနေတာပါ။ အခုလို နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့ခံရပြီး ကုန်စည် စီးဆင်းမှုကလည်း ရပ်တန့်နေပါတယ်။ ဩဂုတ်လအစပိုင်းကတည်းက ရေလမ်းကြောင်းပိတ်ဆို့လိုက်ပြီး အချိန်ကြာတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်တောက်မှာကို ကူညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။ အဓိကစားနပ်ရိက္ခာဖြစ်တဲ့ ဆန်ပြတ်လပ်တာမဖြစ်စေဖို့ နိုင်ငံတကာက ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ကူညီပေးနေသူ ကိုကျော်သိန်းက ပြောပါတယ်။

"ကျောက်တော်ဘက်က ဆန်တွေကို သယ်လို့မရတဲ့အခြေအနေ ဖြစ်သွားပြီဆိုတော့ ပလက်ဝဘက်က ဆန်တကယ်ပြတ်လပ်နေတာပါ။ ဆန်၊ ဆီ၊ ဆား အခြေခံစားသုံးကုန်စည်တွေကို ပလက်ဝဘက်က ရွာပေါင်း ၃၀ ကျော်လိမ့်မယ် - အဲဒီဘက်က ရွာတွေဆို ကျနော်တို့ ကျောက်တော်ဘက်က ဆန်တင်မှပဲ အဲဒီဘက်မှာ စားသောက်ရတာအဆင်ပြေတယ်လေ။ အခုက ပလက်ဝဘက်မှာ ဆန်တအိတ်ကို ၁ သိန်းကျော်နဲ့တောင် ဝယ်မရတဲ့ အခြေအနေဖြစ်သွားပြီ။ ရိုးရိုးလှေသွားမယ်ဆိုရင်တောင် ဆန်ပါလို့မရဘူး။ အမှန်မှာ သူတို့က AA ကို ရိက္ခာဖြတ်တဲ့ပုံစံမျိုးလုပ်တာ။ ဒါပေမယ့် ပြည်သူတွေက ဒုက္ခရောက်သွားတာကိုးဗျ။ ကျနော်တို့ မနေ့က အစည်းအဝေးလုပ်တယ်၊ အဲဒီပြည်သူတွေကို အငတ်ပေးလို့မရဘူး။ ရောက်တဲ့နည်းနဲ့ ICRC နဲ့ ဘာလုပ်ရမလဲ၊ နည်းတမျိုးမျိုးနဲ့တော့ ဆန်ရောက်နိုင်အောင် တင်ပို့ရမယ်။ မဟုတ်ရင် ဒီမိုးတွင်းမှာ စားနပ်ရိက္ခာ ဒုက္ခရောက်ပြီး အငတ်ဘေးကိုကြုံလာနိုင်တယ်ဗျ။"

ပလက်ဝမြို့နယ်က စစ်ဘေးရှောင်စခန်းတချို့မှာလည်း ရိက္ခာထောက်ပံ့တာတွေ မရောက်သေးလို့ စားသောက်ဖို့ ဒုက္ခရောက်နေကြပါတယ်။ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ မြောက်ဘက်အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ရက်သတ္တပတ် ၂ ပတ် ရှိပြီလို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ပလက်ဝဘက်မှာ AA နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒေသခံတွေကတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ဆို့ခံရပြီး စားနပ်ရိက္ခာပြတ်လပ်တဲ့ အခြေအနေ ဒီထက်ပိုဆိုးမလာဖို့ကို မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

===================

XS
SM
MD
LG