TPS အပြင် အမေရိကန်ပြည်ထောင်စုမှာ တရားဝင်နေထိုင်နိုင်တဲ့ တခြားနည်းလမ်းတွေအကြောင်းကို လူဝင်မှုကြီးကြပ်ရေးနဲ့ အခြေချနေထိုင်ခွင့်ဆိုင်ရာ ဥပဒေထောက်ကူအဖွဲ့ USIRD တည်ထောင်သူ ကိုရဲရင့်မြင့်မိုရ်ကို မအိသန့်စင်က မေးမြန်းပြီး ဝါရှင်တန်အသိုင်းအဝိုင်းထဲက မြန်မာ့အရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ပြည်ပကနေ အမေရိကန်ပြည်ထောင်စုထဲ ဒုက္ခသည်တွေ နေထိုင်နေရာချထားခွင့်အစီအစဉ် USRAP ကို ပြန်စိစစ်ဖို့ ဆိုင်းငံ့ထားမယ်ဆိုတဲ့ Trump ရဲ့ သမ္မတအမိန့်ကြောင့် အမေရိကန်ပြည်ထောင်စုကို လာဖို့ လနဲ့ချီ စီစဉ်လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေပါ အခက်ကြုံနေရပါတယ်။
အမေရိကန်လွှတ်တော်တွင်း မြန်မာ့အရေး တွန်းအားပေးလုပ်ဆောင်ဖို့ ၂၀၂၄ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ Burma Caucus အဖွဲ့အနေနဲ့ ၂၀၂၄ ထဲ ဘာတွေလုပ်နိုင်ခဲ့ပါသလဲ။ အခု ၂၀၂၅ အမေရိကန်အစိုးရသစ်လက်ထက် ဘာတွေဆောင်ရွက်ဖို့ ရှိသလဲ
Donald Trump သမ္မတသစ်အဖြစ် တက်လာရင် ကိုယ့်နေရပ်ကို ပြန်ဖို့ မလုံခြုံတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ ယာယီနေထိုင်ခွင့် Temporary Protected Status (TPS) နဲ့ ပေးနေထိုင်တဲ့ အခွင့်အရေးကို ပြန်ရုပ်သိမ်းမှာကို စိုးရိမ်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတလွှားမှာ ခရစ္စမတ်ကို ပုံစံအမျိုးမျိုးနဲ့ ကြိုဆိုနေကြပါတယ်။ မအိသန့်စင်က စုစည်း တင်ဆက်ထားပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအရေး အလွတ်သဘော ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပါတယ်။ ဘယ်နိုင်ငံတွေ ပါဝင်တယ်၊ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်ရှိနေတဲ့ ကိုသိန်းထိုက်ဦးကို မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အလွှတ်သဘော ညှိနိုင်းဆွေးနွေးပွဲစတင် ကျင်းပနေတဲ့အခြေအနေကို ဝါရှင်တန်ဒီစီမြို့တော်ကနေ မအိသန့်စင်က ထိုင်းနိုင်ငံမှာရောက်နေတဲ့ အယ်ဒီတာ ကိုသိန်းထိုက်ဦးကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ယိုယွင်းနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ရင်ဆိုင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို အဓိကထားဖို့ ဗြိတိန်သံအမတ်ကြီးဟောင်းလည်းဖြစ်၊ မြန်မာ့စီးပွါးရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB ရဲ့ ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ Vicky Bowman က ထောက်ပြသွားပါတယ်။
နယ်သာလန်မှာ ရေမြောင်းတုတ်ထောက်ခုန်ကျော်ရတဲ့ ရိုးရာအားကစားပြိုင်ပွဲ ကျင်းပပါတယ်။ ပိုလန်စစ်တပ်မှာ စစ်တပ်သုံးခွေးလေးတွေကို ရာထူးပေး၊ ကယ်လီဖိုးနီးယားကမ်းခြေက ခွေးရေလှိုင်းစီး ပြိုင်ပွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအိသန့်စင်နဲ့ ကိုစည်သူတို့ တင်ဆက်ထားပါတယ်။
မူဆလင်အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးတွေက စိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက် အားကစားအဖြစ် သင်နေကြသလို စိတ်ဖိစီးမှု လျော့နည်းစေပြီး တိုက်ခိုက်ခံရရင်လည်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်အောင် ပြင်ဆင်ထားကြတာပါ။ AP သတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့ ဒီနေ့ခေတ်မှာ နောင်မျိုးဆက် ကလေးတွေကို ငယ်ငယ်ကတည်းက ပိုက်ဆံအကြောင်း အသိပညာသင်ပေးနေကြပါတယ်။ သြစတြေးလျနိုင်ငံတောင်ပိုင်းမှာတော့ ဝင်ငွေရှာနည်းနဲ့ စုနည်း၊ စီးပွားရေးလုပ်နည်း စသဖြင့် ကလေးတွေကို သင်ပေးနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ဟောင်ကောင် ဘတ်စ်ကားလိုင်းအမှတ် ၆၉ ဟာ အမျိုးသမီးယာဉ်မောင်းတွေချည်း သီးသန့်မောင်းတဲ့ ပထမဆုံးဘတ်စ်ကားလိုင်းပါ။ တရုတ်ပြည်မကြီးနယ်စပ်ကနေ ဟောင်ကောင်မြို့သစ်ပိုင်းတွေအထိ နေ့စဉ်ပြေးဆွဲနေတဲ့ ၆၉ လိုင်း ဘတ်စ်ကားကို ဇူလိုင်လမှာ စတင်တာဖြစ်ပြီး အမျိုးသမီးယာဉ်မောင်း ၁၁ ယောက်က ပြေးဆွဲနေတာပါ။
“စုစုပေါင်း ရေနစ်သေတာတော့ စာရင်းအရတော့ ၅ ယောက်လောက်ရှိတယ်၊ ဒါပေမယ့် တယောက်ပဲ ပိုင်ရှင်မဲ့၊ ကျန်တာက ပိုင်ရှင်ရှိတယ်ဗျ။ ပျောက်ဆုံးနေသူတော့ ရှိတော့ ရှိသေးတယ်။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းကြားတာ ကျနော်တို့ ရှာတာရှာတယ်။" (မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး)
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုထိထိရောက်ရောက်ဆောင်ရွက်မှုအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ Burma Act ရဲ့ နောက်ဆက်တွဲအဖြစ် BRAVE Burma Act ဥပဒေမူကြမ်းတရပ် တင်သွင်းထားကြောင်း Burma Caucus အဖွဲ့ရဲ့ ပူးတွဲ ဥက္ကဋ္ဌ ရီပါဘလစ်ကန်အမတ် ဘင်လ်ဟိုင်ဇင်ဂါက Burma Caucus အဖွဲ့ မိတ်ဆက်ပွဲမှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ပုဂ္ဂလိက အထက်တန်းကျောင်းတခုမှာ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကလာတဲ့ ဒုက္ခသည်ကျောင်းသူကျောင်းသား ၃ ယောက်အတွက် ပညာသင်ဆု ထောက်ပံ့ပေးထားပါတယ်။ ဒီကျောင်းကို တည်ထောင်သူ ဆရာမတယောက်က သူ့အိမ်မှာပါ ကျောင်းသူကျောင်းသားတွေကို နေထိုင်ခွင့်ပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ လူနဲ့ မျောက်တွေကြား ဆယ်နှစ်ကျော် အတူယှဥ်တွဲနေထိုင်ဖို့ ခက်ခဲနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အစီအစဥ်ရှိတဲ့အကြောင်း တောရိုင်းထိန်းသိမ်းရေးတာဝန်ခံတွေက ပြောပါတယ်။ မျောက်တွေက ခရီးသွားတွေကို စွဲဆောင်စရာ တခုလို ဖြစ်နေပေမဲ့ မျောက်ကောင်ရေ များလာပြီး ပြဿနာတွေကြုံနေရတာပါ။
လေထုညစ်ညမ်းမှုက ကျန်းမာရေးကို အထိခိုက်စေဆုံးအကြောင်းအရင်းတခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ပါတယ်။ ကင်ညာနိုင်ငံမှာတော့ ကားပိတ်မှုက ကားမီးခိုးတွေနဲ့ အမှိုက်ပုံတွေကထွက်တဲ့ အဆိပ်အတောက်အငွေ့တွေကြောင့် အသက်ရှူလမ်းကြောင်းပြဿနာတွေ တိုးစေတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ လက်ရှိနေထိုင်နေတဲ့ အသက် ၈၀ အရွယ် ကမ္ဘောဒီးယားလက်ဝှေ့သမားဟာ မျိုးဆက်သစ်လူငယ်တွေကို ခမာရိုးရာ လက်ဝှေ့ပညာ မျှဝေပေးနေပါတယ်။ သူဟာ ခမာနီသတ်ဖြတ်မှုကြားကနေ လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်စစ်ထိုးတာ ၂ နှစ်ကျော်လာချိန်မှာ လက်နက်တွေသာမက စစ်သားမလုံလောက်တဲ့ ပြဿနာနဲ့ ယူကရိန်းကြုံနေရပါတယ်။ ဒါ့ကြောင့် စစ်ထဲ မဖြစ်မနေ ဝင်ရတဲ့ ယူကရိန်းအမျိုးသားတွေသာမက ယူကရိန်းအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကလည်း ကိုယ့်သဘောနဲ့ကိုယ် စစ်ထဲဝင်လာကြတာ ပိုများလာပါတယ်။
၂၀၂၄ ခုနှစ် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုပေးပွဲကို မတ်လ ၄ ရက်၊ တနင်္လာနေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ပြစ်မှုဆိုင်ရာရှေ့နေ ဒေါ်မဉ္ဇူဝင်းလည်း ဆုချီးမြှင့်ခံရသူစာရင်းထဲမှာ ပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်