လေထုညစ်ညမ်းမှုက ကျန်းမာရေးကို အထိခိုက်စေဆုံးအကြောင်းအရင်းတခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ပါတယ်။ ကင်ညာနိုင်ငံမှာတော့ ကားပိတ်မှုက ကားမီးခိုးတွေနဲ့ အမှိုက်ပုံတွေကထွက်တဲ့ အဆိပ်အတောက်အငွေ့တွေကြောင့် အသက်ရှူလမ်းကြောင်းပြဿနာတွေ တိုးစေတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ လက်ရှိနေထိုင်နေတဲ့ အသက် ၈၀ အရွယ် ကမ္ဘောဒီးယားလက်ဝှေ့သမားဟာ မျိုးဆက်သစ်လူငယ်တွေကို ခမာရိုးရာ လက်ဝှေ့ပညာ မျှဝေပေးနေပါတယ်။ သူဟာ ခမာနီသတ်ဖြတ်မှုကြားကနေ လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်စစ်ထိုးတာ ၂ နှစ်ကျော်လာချိန်မှာ လက်နက်တွေသာမက စစ်သားမလုံလောက်တဲ့ ပြဿနာနဲ့ ယူကရိန်းကြုံနေရပါတယ်။ ဒါ့ကြောင့် စစ်ထဲ မဖြစ်မနေ ဝင်ရတဲ့ ယူကရိန်းအမျိုးသားတွေသာမက ယူကရိန်းအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကလည်း ကိုယ့်သဘောနဲ့ကိုယ် စစ်ထဲဝင်လာကြတာ ပိုများလာပါတယ်။
၂၀၂၄ ခုနှစ် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုပေးပွဲကို မတ်လ ၄ ရက်၊ တနင်္လာနေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ပြစ်မှုဆိုင်ရာရှေ့နေ ဒေါ်မဉ္ဇူဝင်းလည်း ဆုချီးမြှင့်ခံရသူစာရင်းထဲမှာ ပါဝင်ပါတယ်။
"အခု စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတွေက နှုတ်ဆိတ်နေဖို့ ငြင်းဆန်ထားကြပါတယ်။ အသံတိတ်စေဖို့ ဖိနှိပ်ထားတဲ့ကြား၊ အကြောက်တရားကြား အရဲစွန့်ပြီး ထုတ်ပေါ်ပြောဆိုကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့အကြောင်းကို ကျမ ကြားရတော့ သူတို့တယောက်ချင်းစီရဲ့ ခွန်အားကို အံ့ဩချီးကျူးမိပါတယ်။" (Jill Biden- သမ္မတကတော်)
သြစတြေးလျနိုင်ငံရောက် ချင်းအမျိုးသမီးတွေအပါအဝင် ဒုက္ခသည်အမျိုးသမီးတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အရုပ်လုပ်တဲ့ သင်တန်းတခုကို လုပ်ဆောင်နေပါတယ်။ ခံစားချက်တွေကို ဖွင့်ဟပြောဆိုဖို့ ခက်ခဲတဲ့အချိန် နွေးထွေးတဲ့ ဝန်းကျင်ဖန်တီးပေးပြီး အရုပ်လေးတွေရဲ့ အမူအယာနဲ့ ဟန်တွေကနေတဆင့် ဖွင့်ဟပြောဆိုနိုင်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေက ဒုက္ခသည်စခန်းတွေမှာ တိုးကြိတ်နေထိုင်နေရပြီး သန့်ရှင်းမှုမရှိနိုင်တာကြောင့် ကူးစက်ရောဂါတွေ ပျံ့နှံ့နေပါတယ်။ ဆေးရုံတွေမရှိ၊ ဆေးဝါးပြတ်တောက်မှုကြောင့်ခက်ခဲနေချိန် ကလေးတွေအတွက် အခမဲ့ဆေးခန်းတခုကို စေတနာ့ဝန်ထမ်းဆရာဝန်တယောက်က ဖွင့်ထားပါတယ်။
ထားဝယ်-ထီးခီး လမ်းတလျှောက် မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီလလယ်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တနင်္သာရီတိုင်းအတွင်းက ပူးပေါင်းတပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
မြန်မာလူထုရဲ့အသံကို နားထောင်ဖို့ရော မြန်မာအရေးနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်အတွင်း အာရုံစိုက်တွန်းအားပေးဆောင်ရွက်နိုင်ဖို့ပါ ရည်ရွယ်ပြီး Burma Caucus မြန်မာ့အရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း Burma Caucus ရဲ့ပူးတွဲဥက္ကဋ္ဌ၊ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Bill Huizenga က ဗွီအိုအေကို ပြောပါတယ်။
ယာယီတဲထဲမှာ မုန့်ကို ပလပ်စတစ်အိပ်ထဲထည့်ကျွေးပြီး ကျင်းပရတဲ့ ဂါဇာ မင်္ဂလာပွဲ၊ ရုရှားစတိုးဆိုင်က လူချစ်များတဲ့ ဝန်ထမ်း ကြောင်လေး၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုဉာဏ်ဝင်းအောင်နဲ့ မအိသန့်စင်တို့ တင်ဆက်ထားပါတယ်။
Burma Caucus အဖွဲ့ကို တည်ထောင်လိုက်ခြင်းအားဖြင့် မြန်မာ့နိုင်ငံအရေး လုပ်ဆောင်ရာမှာ အမေရိကန်လွှတ်တော်အတွင်း တစုတစည်းထဲ လုပ်ဆောင်နိုင်မယ့် အင်အားစုဖြစ်သွားကြောင်း အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။
Burma Caucus အထူးအဖွဲ့ကို အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌတွေဖြစ်တဲ့ Michigan ရီပတ်ဘလစ်ကန်အမတ် Bill Huizenga ရဲ့ မြန်မာဒီမိုကရေစီအရေး လုပ်ဆောင်ချက်ကို ကြိုဆိုကြောင်း Burma Center of Battle Creek အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းနိုင်ဦးက ပြောပါတယ်။ မအိသန့်စင်တင်ပြထားတာပါ။
မြန်မာ့အရေး အမေရိကန်အစိုးရအဖွဲ့တွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီနှစ်ရပ်လုံးကကိုယ်စားလှယ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ Burma Caucus အထူးအဖွဲ့ကို ၂၀၂၄ ဖေဖော်ဝါရီလတရက်နေ့ အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
အခု လိုအပ်တဲ့သူတွေဆီကိုရောက်တဲ့ အကူအညီတွေက ပြည်သူကနေ ပြည်သူကိုသွားနေတဲ့ အကူအညီတွေသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်တပ်နဲ့ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေသမျှ တကယ်လိုအပ်နေတဲ့သူတွေဆီ ရောက်ဖို့ဆိုတာက လုံးဝမလွယ်ဘူး၊၊ လုံးဝမဖြစ်နိုင်ဘူး ဆိုတဲ့ဥစ္စာကိုတော့ မှန်းဆလို့ရပါတယ်။" (ဦးကျော်မိုးထွန်း-ကုလသံအမတ်)
မြန်မာနိုင်ငံတွင်း နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးနေရာမှာ၊ တကယ့်ပဋိပက္ခဒေသတွေက ဒုက္ခသည်တွေထံကို အကူအညီတွေ မရောက်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဝေဖန်ပြောပါတယ်။
ဂါဇာဒေသတိုက်ခိုက်မှုတွေအတွင်း နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အမျိုးသားတွေရဲ့တာဝန်တခုအဖြစ် မိုဘိုင်းဖုန်းအားသွင်းပေးဖို့က အခရာ ကျနေတာပါ။ စစ်ပွဲအတွင်းမှာ အားပြည့်ပြီး အသုံးဝင်တဲ့ ဖုန်းရှိဖို့က အရေးကြီးတာပါ။
စစ်ပွဲကြားမှာနေထိုင်ရချိန် အဝေးရောက် မိတ်ဆွေမိသားစုတွေရော အဆင်ပြေရဲ့လားလို့ ဆက်သွယ်မေးနိုင်ဖို့၊ ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေကြား ဖုန်းအားသွင်းနိုင်ဖို့နဲ့ အသက်ရှူစက်လည်ပတ်နိုင်အောင်သုံးရတဲ့ ဘက်ထရီအိုးတွေ အားဖြည့်နိုင်အောင် ရတဲ့နေရာမှာ လူတွေစုဝေးပြီး အလှည့်ကျ အားသွင်းနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းကလည်း တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိဘဲ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေရပ်ပြန်လာပြီး နေအိမ်သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားတယ်လို့ ကရင်နီပြည် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
အမေရိကန်၊ မိုင်ယာမီကမ်းခြေက စတင်ထွက်ခွာတဲ့ အပျော်စီး ပင်လယ် သင်္ဘောကြီးမှာ ခရီးသည် အယောက် ၁၀,၀၀၀ ကျော်ဆန့်၊ ခရိုအေးရှားအနုပညာရှင် တယောက်က မီးခြစ်ဆံနဲ့ လူရုပ်ထု ဖန်တီး။ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို မအိသန့်စင်က ကိုဝင်းခန့်မောင်နဲ့အတူ ပြောပြပေးသွားချင်ပါတယ်။
စမတ်တီဗွီ၊ စမတ်ဖုန်းကအစ နောက်ဆုံးပေါ် စမတ်ဖိနပ်အထိ လူသုံးကုန်နည်းပညာပစ္စည်းတွေကို CES ကုန်စည်ပြပွဲမှာ နှစ်စဥ် ခင်းကျင်းပြသလေ့ရှိတာမှာ ဒီနှစ်မှာလည်း အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မှာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ခင်းကျင်းပြသခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်