သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်မြန်မာ့အရေးဖွဲ့စည်းမှု Burma Center of Battle Creek ကြိုဆို


Michigan ပြည်နယ်အခြေစိုက် Burma Center of Battle Creek အဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန်းနိုင်ဦး (ယာ)
Michigan ပြည်နယ်အခြေစိုက် Burma Center of Battle Creek အဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန်းနိုင်ဦး (ယာ)

မြန်မာ့အရေး အမေရိကန်အစိုးရအဖွဲ့တွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီနှစ်ရပ်လုံးကကိုယ်စားလှယ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ Burma Caucus အထူးအဖွဲ့ကို ၂၀၂၄ ဖေဖော်ဝါရီလတရက်နေ့ အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ Michigan ပြည်နယ်ဆိုင်ရာ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Bill Huizenga နဲ့ Minnesota ပြည်နယ်ဆိုင်ရာ ဒီမိုကရက် အောက်လွှတ်တော်အမတ် Betty McCollum တို့က အဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတာတွေကို အမေရိကန်လွှတ်တော်မှာ တွန်းအားပေးလုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း လွှတ်တော်အမတ်နှစ်ဦးရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာအသိုင်းအဝိုင်းနဲ့ နီးစပ်ပြီးဖြစ်တဲ့ အမတ် Huizenga ရဲ့ လုပ်ဆောင်ချက်ကို ကြိုဆိုကြောင်း Michigan ပြည်နယ်အခြေစိုက် Burma Center of Battle Creek အဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန်းနိုင်ဦးက အခုလို VOA ကို ပြောပါတယ်။

ဒေါက်တာ သန်းနိုင်ဦး။ ။ ဟုတ်ကဲ့၊ ဒီဟာ ကောင်းတဲ့လုပ်ရပ်၊ ကောင်းတဲ့အရွေ့လို့ ကျနော်တို့မြင်ပါတယ်။ ကျနော်တို့ congressional district က အမတ် မစ္စတာ Huizenga ဟုတ်ပါတယ်။ ကျနော်တို့ရဲ့အမတ်ပါ။ ကျနော်တို့ သူနဲ့တွဲပြီးလုပ်လာတာ အတော်ကြာပါပြီ။ ကျနော်တို့ မီချီဂန် Battle Creek မြို့မှာလေ - Burma Center ဆိုတာ ရှိပါတယ်။ Burma Center ကတော့ တည်ရှိတာ ဆယ်နှစ်လောက် ရှိပါပြီ။ အမေကိုယ်တိုင် ဗမာတွေကို ကူညီဖို့ထောင်ထားတဲ့အဖွဲ့ပေါ့နော်၊ နဂိုကတော့။ ဒါပေမဲ့ နွေဦးတော်လှန်ရေးဖြစ်လာတဲ့အချိန်မှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ဟာတွေကိုပါ ပူးပေါင်းလုပ်ကိုင်ပြီးတော့ အဖွဲ့အစည်းတခုအနေနဲ့က သတ်သတ်မှတ်မှတ်ရှိပြီးသားဖြစ်တဲ့အတွက် နိုင်ငံရေးသမားတွေ၊ လူကြီးတွေကိုဆက်သွယ်ရတဲ့အခါမှာ လမ်းရှိပြီးသားဆိုတော့ ပိုပြီးတော့ လွယ်သွားပါတယ်။ အဲဒါနဲ့ နှစ်နှစ်၊ သုံးနှစ်ရှိပါပြီ။ ကိုယ့်ပြည်နယ်က ကိုယ့်အမတ်ကို ဗမာပြည်အရေးနဲ့ပတ်သက်တာတွေကို ကျနော်တို့ ရှင်းပြတယ်။တင်ပြတယ်၊ သူလာတွေ့တယ်၊ update တွေပေးတယ်၊ သူတို့ရဲ့ political ... ပေါ့နော်။

... နောက်ပြီးတော့ ပြီးခဲ့တဲ့ ၆ လလောက်မှာ မစ္စတာ Huizenga ရုံးက ပြောပါတယ်။ သူတို့ congress ထဲမှာပေါ့- Bipartisan Burma Caucus ဆိုတာ ဖွဲ့ဖို့ရှိတယ်ပေါ့နော်၊ ကျနော်တို့လည်း အရမ်းဝမ်းသာသွားတာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့သိရသလောက် အတွေ့အကြုံအရ ပြီးခဲ့တဲ့ တနှစ်-နှစ်နှစ် တွေတုန်းက Burma Act ဆိုတဲ့ ဗမာပြည်နဲ့ပတ်သက်တဲ့ဥပဒေပြုဖို့လုပ်တုန်းကဆိုရင် ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကန်တွေနဲ့ သူတို့အချင်းချင်းပေါ့-အဆင်မပြေတာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ကြားထဲကညပ်ပြီးတော့ ကျနော်တို့ရဲ့ Burma Act မှာ ကျနော်တို့လိုချင်သလောက်အထိ မပါဘူး။ တချို့ သူတို့က ဖြုတ်တာ၊ ဟိုဘက်က personally အဆင်မပြေလို့ဖြုတ်တဲ့ဟာတွေပါတော့ ကျနော်တို့ လိုချင်သလောက် မပါဘူးဆိုတော့ အခုလိုမျိုး Bipartisan ဒီမိုကရက်ရော၊ ရီပတ်ဘလီကန်ရောက ပူးတွဲပြီးတော့ ဗမာပြည်အရေးကို ကူညီမယ်ဆိုတာ ကျနော်တို့အရမ်းဝမ်းသာပါတယ်။

ပိုပြီးတော့ တခုကောင်းတာက ပူးတွဲဥက္ကဋ္ဌ .... လုပ်မယ့် မစ္စတာ Huizenga ဟာ ကျနော်တို့ ဗမာကွန်မြူနတီနဲ့ ထိတွေ့ပြီးသားဖြစ်တဲ့အတွက် ကျနော်တို့ကို နားလည်ပြီးသား၊ ကျနော်တို့တင်ပြတာတွေကို သိပြီးသားဖြစ်တဲ့အတွက် ကျနော်တို့က ရှေ့လျှောက်လည်း တွဲလုပ်လို့ကောင်းမယ်၊ အင်မတန်ကောင်းမယ့်အရွေ့လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

အမေရိကန်လွှတ်တော်အတွင်းမှာ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်ပါ ပါတီနှစ်ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး မြန်မာ့အရေး လုပ်ဆောင်ဖို့အဖွဲ့ဖွဲ့တာ ဒီ Burma Caucus က ပထမဆုံးအကြိမ် ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG