တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်တွေဟာ ရေလမ်းကြောင်းကို အဓိကသုံးပြီး ရွာတွေကို လာရောက် ရှာဖွေတာ စစ်ဆေးတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီ ရည်ညွှန်းပြောနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက်အကြမ်းဖက်မှုအခြေအနေအစီရင်ခံစာပါ အချက်အလက်တွေဟာ မြန်မာဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒထုတ်ပြန်ချက်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ရှင်းလင်းပြောဆိုပါတယ်။ မအိသန့်စင်က ဆက်ပြောပြမှာပါ။
၂ နှစ်နီးပါး ကြာလာတဲ့ ကျူးကျော်စစ်မှာ ရုရှားအမျိုးသားတွေ ရှေ့တန်းမှာဆက်နေရတဲ့အတွက် ဘယ်အချိန် အိမ်ပြန်လာမလဲ ဇနီးသည်တွေက မျှော်လင့်နေပါတယ်။ စစ်သင်တန်းဆင်းမဟုတ်တဲ့ အရပ်သားအမျိုးသားတွေ ဘယ်တော့ စစ်ပွဲကနေ ပြန်ရမလဲဆိုတာ တိတိကျကျပြောပေးဖို့ အစိုးရကို တောင်းဆိုနေပေမဲ့ သမ္မတပူတင်က နှုတ်ဆိတ်နေဆဲပါ။
ဒေါသထွက်ရင် စိတ်ကြိုက်ဖောက်ခွဲနိုင်တဲ့ နေရာ၊ လွန်ခဲ့တဲ့ နှစ်တထောင်ကျော်က မပုပ်မသိုးရုပ်ကြွင်း ၅ ခု၊ ကိုယ်လုံးတီးချွတ် သွေးတုဖြန်းပြီး ဆန္ဒပြခဲ့ကြသူများ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင်တို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ သတ်ဖြတ်ခံရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ သိသိသာသာ တိုးလာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။
မက္ကဆီကိုနိုင်ငံမှာ လူတွေ တယောက်ပေါ် တယောက် ဆင့်တက်ပြီး လူသားမျှော်စင် ဖန်တီး၊ ဗြိတိန်နိုင်ငံက ခွေးတွေဆွဲတဲ့ ပန်းချီကား၊ ကမ္ဘာ့အကြီးဆုံး စက္ကူရုပ်ခေါက်အလံအဖြစ် အယ်လ်ဘေးနီးယားအလံနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်ချိုး၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ မကြာသေးခင်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရသူတွေ နေရပ်ပြန်ရာမှာ ကန့်သတ်မှုတွေ ကြုံနေကြရပါတယ်။ လားရှိုးမြို့မှာ ဆိုရင်လည်း စစ်ကောင်စီက စစ်ဆေးမှုတွေနဲ့ ကန့်သတ်မှုတွေကြောင့် တချို့က ရက်နဲ့ချီ လမ်းပေါ်မှာ ပိတ်မိနေသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိရိစ္ဆာန် သတ်စရာမလိုဘဲ တိရိစ္ဆာန်ရဲ့ ဆဲလ်တွေကနေ ဖန်တီးထားတဲ့အသားက ဈေးကြီးပါတယ်။ အမဲသားကင်တတုံးဖြစ်ဖို့ အသားတုဖန်တီးရာမှာ သိပ္ပံဆိုင်ရာ အခက်အခဲတွေနဲ့လည်း ကြုံရပါတယ်။ ဒီလို အသားတုမျိုး တကယ် ဝယ်စားမယ့်သူရော ရှိရဲ့လား။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
တရုတ်နိုင်ငံရဲ့ခရီးသွားလုပ်ငန်း တိုးတက်အောင် လုပ်ဆောင်မှုတွေကြောင့် တချိန်က စီးပွားရေးဖွံ့ဖြိုးမှုနည်းခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့ စီချွမ်ခရိုင်အနောက်တောင်ပိုင်းက ဒေသတွေမှာ စီးပွားရေးကောင်းလာပါတယ်။ ဒါပေမယ့် ဒီဒေသတွေက တိဗက်တွေအပေါ်မှာ ရေရှည်သက်ရောက်မှု ရှိနိုင်တာကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံ အင်းစိန်ထောင်ထဲမှာ ရက်ပိုင်း ၆၅၀ အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell က သူအကျဉ်းထောင်ထဲမှာ ကြုံခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။
‘ထွက်သွားပါတော့’ဆိုပြီး ကျနော့်ကို ဘယ်ကမှန်းမသိတဲ့ သတင်းရောက်လာတော့ ကျနော် အထုပ်တွေပြင်ပြီး ထွက်သွားတော့မလို့ပါပဲ။ ကျနော်ကလည်း ကျနော်ပဲ။ ‘ဟိုတယ်ခန်းခမပေးဘဲ ထွက်သွားဖို့ မဖြစ်သေးပါဘူး’လို့ တွေးမိပြီး ဟိုတယ်ကောင်တာမှာ check out လုပ်ဖို့ သွားလိုက်မိတာ၊ အဲဒီမှာ ရဲတွေနဲ့ ဆုံတာပါပဲ။(Sean Turnell)
ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းမှာ အစ္စရေးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေ ဒီရက်ပိုင်း၊ တိုးလာကြောင့် သံလွင်ဆီအထွက်နှုန်းကျဆင်းလိမ့်မယ်လို့ ပါလက်စတိုင်း စိုက်ပျိုးရေးသမားများ သမဂ္ဂက ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Yan Boechat ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဒေသတွေ ထပ်တိုးလာနေချိန် မွန်ပြည်နယ်မှာလည်း ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီးမှာ လုံခြုံရေး ပိုပြီးတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC လို့ အတိုကောက်ခေါ်တဲ့ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာချိန်မှာ ဆန္ဒထုတ်ဖော်ကြတဲ့သူတွေလည်း ရောက်နေပြီး ဒီထဲမှာ မြန်မာတွေလည်း ပါဝင်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံကို တက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာကြပါပြီ။ ဒီအချိန်မှာ ဆန္ဒထုတ်ဖော်ကြတဲ့သူတွေလည်း ရောက်နေပြီး ဒီထဲမှာ မြန်မာတွေလည်း ပါဝင်တာပါ။ မအိသန့်စင်က တင်ဆက်ပေးမှာပါ။
"...အဲဒီလက်နက်တွေနဲ့ စစ်ကောင်စီက ဗုံးတွေကြဲနေတာ လူပေါင်း ၄,၀၀၀ ကျော် သေခဲ့ပြီးပြီ။ ရွာတွေ ၈၀,၀၀၀ ကျော် မီးရှို့ခဲ့ပြီးပြီ။ လူတွေဟာ သေနေတယ်၊ သောင်းနဲ့ချီပြီး အဖမ်းခံရတယ်။ အဲဒီအတွက်ကြောင့် လက်နက်တွေရောင်းနေခြင်းဟာ ပြည်သူလူထုကို သတ်နေခြင်းဖြစ်တယ်။" (ဦးကိုကိုလေး-မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမဟာမိတ်)
ကမ္ဘာတဝှမ်းနိုင်ငံကို တင်သွင်းတဲ့ တရုတ်ထုတ်ကုန်ပစ္စည်းတွေက ဈေးချိုသာတာကြောင့် ဝယ်သူများပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ တရုတ်ထုတ်ကုန်တွေ တင်သွင်းမှု များတာကြောင့် ဒေသခံစီးပွားရေးလုပ်ငန်းတွေတိုးမပေါက်နိုင်ဖြစ်နေပါတယ်။ VOA သတင်းထောက် Gibson Emeka ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မင်းရွာ ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ ABSDF Column 3 ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ စစ်ကိုင်းတိုင်း တမူးနဲ့ ကလေးမြို့ စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း ဒေသကာကွယ်ရေး တပ်တွေက ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကုန်သွယ်ရေးမူဝါဒတွေနဲ့ထုတ်လုပ်မှုလုပ်ငန်းတိုးလုပ်လာတာနဲ့အမျှ APEC အဖွဲ့ဝင်နိုင်ငံတွေလည်း အမေရိကန်ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးလုပ်ဖို့ အမေရိကန်ကစွဲဆောင်နေတယ်လို့ ကုန်သွယ်ရေးပညာရှင်တွေက သုံးသပ်ပါတယ်။
အရင်နှစ် အောက်တိုဘာလနှောင်းပိုင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က လူအုပ် မထိန်းချုပ်နိုင်ဘဲ လူအုပ်ပိလို့ သေဆုံးသူ အယောက် ၁၆၀ လောက် ရှိခဲ့တဲ့အဖြစ်မျိုး ထပ်မဖြစ်အောင် ဉာဏ်ရည်တုနည်းပညာသုံး စနစ်သစ်ကို အာဏာပိုင်တွေ စမ်းသပ်လေ့ကျင့်နေပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်