ထိုးဖောက်ရခက်တဲ့ အမေရိကန်ဈေးကွက်မှာ ဗီယက်နမ်လျှပ်စစ်ကားရောင်းဖို့ ကြိုးစားနေပါတယ်။ အမေရိကန်ဝယ်သူတွေ လက်ခံရင် တခြားဈေးကွက်မှာလည်း ရောင်းရလွယ်မှာ ဖြစ်တာကြောင့် အမေရိကန်ဈေးကွက်ကို ဦးစားပေးနေကြောင်း VinFast ကုမ္ပဏီအကြီးအကဲက ပြောပါတယ်။ အေပီသတင်းဆောင်းပါးကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အရင်နှစ် အောက်တိုဘာလနှောင်းပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က လူထူထပ်တဲ့ Itaewon အီထယ်ဝမ်အရပ် လူအုပ် မထိန်းချုပ်နိုင်ဘဲ လူအုပ်ပိလို့ သေဆုံးသူ အယောက် ၁၆၀ လောက် ရှိခဲ့တဲ့အဖြစ်မျိုး ထပ်မဖြစ်အောင် ဉာဏ်ရည်တုနည်းပညာသုံး စနစ်သစ်ကို အာဏာပိုင်တွေ စမ်းသပ်လေ့ကျင့်နေပါတယ်။
ကနေဒါနိုင်ငံမှာတော့ ဉာဏ်ရည်တု နည်းပညာ AI သုံးပြီး ပန်းချီဆွဲတတ်ဖို့ စက်ရုပ်လက်တွေကို သင်ပေးနေ၊ အသက် ၉၂ အရွယ် အိန္ဒိယ အဖွားအို အသက် ၇ နှစ်ကလေးတွေနဲ့အတူ မူလတန်းကျောင်း တက်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အစ္စရေးကို ဟာမတ်စ်အဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဖက်ကလည်း ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေတဲ့တချိန်တည်းမှာ အစ္စရေးနဲ့ပါလက်စတိုင်း အသီးသီးထောက်ခံသူတွေက ကမ္ဘာတဝှမ်းမြို့တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့မှာလည်း အလားတူပါ။
နာမည်ကျော်သရဲကားထဲက ဇာတ်ကောင် Chucky အရုပ် မက္ကဆီကိုမှာ ရဲဖမ်းခံရ၊ ပေါင် ၃၀၀၀ နီးပါး လေးတဲ့ ကမ္ဘာ့အလေးဆုံး ရွှေဖရုံသီး စံချိန်သစ် တင်၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ မိုးအကြီးအကျယ် ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာ မြေတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရပါတယ်။
ဂျပန်မှာ သိပ္ပံကာတွန်းထဲကလို လူစီးထိန်းချုပ်နိုင်တဲ့ ဧရာမစက်ရုပ်ကြီးကို ဒေါ်လာ ၃ သန်းနဲ့ ရောင်း၊ မွန်တီနီဂရိုးနိုင်ငံမှာ မွှေ့ယာပေါ် နားနားနေနေ လဲလျောင်းပြီး စံချိန်ချိုးနိုင်ဖို့ အပျင်းထူပြိုင်ပွဲကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ အရင်တုန်းက တောင်းရမ်းစားသောက်ခဲ့တဲ့ လိင်ပြောင်းထားသူအမျိုးသမီး တယောက်ဟာ အခုတော့ ပရဟိတအလှူငွေအထောက်အပံ့နဲ့ လျှပ်စစ်သုံးဘီးနင်းတဲ့အလုပ်ကို ပြောင်းလုပ်နေပါပြီ။ အမျိုးသမီးတွေနဲ့ လိင်ပြောင်းထားသူတွေရဲ့ဘဝတွေကို မြှင့်တင်ဖို့ ပရဟိတအဖွဲ့က လျှပ်စစ်ယာဉ်ငယ်တွေကို လှူဒါန်းထားတာပါ။
ချီလီစစ်ရေးပြ ချီတက်ပွဲမှာ ရဲဝန်ထမ်းခွေးတွေပါဝင်၊ ဟောလီးဝုဒ်ရုပ်ရှင်အထူးပွဲကို ခွေးအကောင် နှစ်ရာကျော်တက်ရောက် ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ ဘီလူးနေတဲ့ အိမ်လိုဖန်တီးထားတဲ့ တည်းခိုခန်း၊ ဒီလို သတင်းဆန်းတွေကို ထူးခြားဆန်းပြားသတင်းများအစီအစဉ်မှာ ကိုစံကျော်နဲ့ မအိသန့်စင်တို့ တင်ဆက်ထားပါတယ်။
စစ်မက်ပဋိပက္ခ၊ နိုင်ငံရေး ပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူတွေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ အာရှဒေသ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ မအိသန့်စင် မေးမြန်းထားပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရပါတယ်။ မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေကြောင့် မြေပြိုမှုတွေကြုံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အရေးပေါ် အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီ
ကမ္ဘာတဝှမ်း မိခင်နဲ့ကလေးသေဆုံးမှု လျှော့ချနိုင်ရေးနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်နေသူတွေကိုလည်း အိန္ဒိယရုံးခွဲကတဆင့် ထောက်ပံ့ကူညီနေကြောင်း စက်တင်ဘာလ ၁၉ -၂၀ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ Goalkeepers ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဒေါက်တာ မျိုးမြင့်အောင်က ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အပါအဝင် အာဆီယံနိုင်ငံတချို့က အထွေထွေညီလာခံ မိန့်ခွန်းမှာ တခုတ်တရ ထည့်သွင်းပြောဆိုသွားကြပါတယ်။ အထွေထွေညီလာခံကို သွားရောက် သတင်းယူတဲ့ မအိသန့်စင်ကတော့ အခုလို သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ သူ့အကျိုးစီးပွားအတွက် ကုလသမဂ္ဂကို အသုံးမချနိုင်အောင်နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို နိုင်ငံတကာက ကြားသိအောင် ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ မအိသန့်စင်က နယူးယောက်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
လက်ရှိ ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကနေမြန်မာ့အရေး ဆုံးဖြတ်ချက်ချတဲ့အခါ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖေါက်မှု ကျုးလွန်သူတွေအပေါ်အရေးယူနိုင်တဲ့အထိ ပိုမိုအားကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်ဖို့ ကြိုးပမ်းနေတယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။မအိသန့်စင်တွေ့ဆုံမေးမြန်းထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်ကြီးစိစစ်ခန့်ထားရေးကိစ္စမှာ မနှစ်ကအတိုင်းလိုပဲ ဆိုင်းငံ့ထားနိုင်ခြေရှိတယ်လို့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်တာဝန်ယူနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရောက်ရှိနေချိန်မှာပဲ အထွေထွေညီလာခံကို သတင်းယူဖို့ ဗွီအိုအေမြန်မာပိုင်းအစီစဉ်က မအိသန့်စင်လည်း နယူးယောက်မြို့ကို ရောက်နေပါတယ်။ မအိသန့်စင်ကို ဗွီအိုအေ စတူဒီယိုကနေ မအင်ကြင်းနိုင် တိုက်ရိုက်မေးမြန်းထားပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အင်ဂျင်မပါတဲ့ ဒီဇိုင်းဆန်းကားပြိုင်ပွဲကို ကျင်းပ၊ ဂျာမနီနိုင်ငံက ကလေး ၂ ယောက် အမေ ခရု ပက်ကျိအကြောင်း မျှဝေရင်း အွန်လိုင်းမှာ နာမည်ကြီး၊ စကော့တလန်နယ်မှာ ဒဏ္ဍာရီထဲက ရေနဂါးကြီး ရှာဖွေပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ပေးထားပါတယ်။
မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းရှိမှာမဟုတ်လို့ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံများဆိုတာ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။
မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှာမဟုတ်လို့၊ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေအကြား မြန်မာ့မိတ်ဆွေနိုင်ငံများဆိုတာ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson ကပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်