သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ကို ဗြိတိန်ဝန်ကြီးချုပ် ရာထူးကဖယ်ရှား 


Conservative Party ခေါင်းဆောင် Nadhim Zahawi 
Conservative Party ခေါင်းဆောင် Nadhim Zahawi 

[[Zawgyi/Unicode]]

ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ဟာ သူရဲ့နိုင်ငံရေးနောက်ခံအဖွဲ့အစည်းဖြစ်တဲ့ Conservative Party ရဲ့ဥက္ကဋ္ဌကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ကိုယ်ပိုင်ဝင်ငွေခွန်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခံနေရတဲ့ Conservative Party ခေါင်းဆောင် Nadhim Zahawi ကို ဝန်ကြီးချုပ်ကထုတ်လိုက်ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။

Zahawi အနေနဲ့ ဝန်ကြီးတဦးမှာရှိရမဲ့ကျင့်ဝတ်တွေကို ဆိုးဆိုးဝါးဝါးချိုးဖောက်နေတယ်ဆိုတာ ထင်ရှားနေပါတယ်လို့ သူ့ကို ရာထူးကထုတ်ပယ်ကြောင်း ဝန်ကြီးချုပ်ကပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။ Zahawi ဟာ Conservative Party ခေါင်းဆောင်တင်သာမက အစိုးရအဖွဲ့မှာ ဝန်ကြီးတဦးလည်း ဖြစ်ပါတယ်။

သူရဲ့အခွန်ကိစ္စကိုစုံစမ်းစစ်ဆေးရတဲ့ လွတ်လပ်တဲ့အကြံပေးအရာရှိ Laurie Magnus က Zahawi ရဲ့ ပြုမှုကျင့်ကြံပုံဟာ နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ စံပြုအနေအထားနဲ့မကိုက်ညီသလို ရိုးသားပွင့်လင်းမှုလည်းမရှိကြောင်း ဝန်ကြီးချုပ်ကိုပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ကို ဗြိတိန်ဝန်ကြီးချုပ် ရာထူးကဖယ်ရှား.mp3
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]





XS
SM
MD
LG