သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှုတ်ထွက်တဲ့ UK ဝန်ကြီးနှစ်ဦးနေရာ အစားထိုးခန့်အပ်


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson

[[Zawgyi/Unicode]]

ဗြိတိန်မှာ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် ထိပ်တန်းဝန်ကြီး တချို့ နှုတ်ထွက်သွားခဲ့ပေမဲ့ သူ့အနေနဲ့ ရာထူးကနေ နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်တက်ရောက်တဲ့ ဒီနေ့ ပါလီမာန်အစည်းအဝေးမှာ ဝန်ကြီးချုပ် Boris Johnson က သူ့အပေါ် ပြည်သူပေးထားတဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီး Sajid Javid နဲ့ ဘဏ္ဍာရေးဝန်ကြီး Rishi Sunak တို့ အင်္ဂါနေ့က ရုတ်တရက် ရှေ့ဆင့် နောက်ဆင့် နှုတ်ထွက်သွားခဲ့ပြီးနောက် ဝန်ကြီးချုပ်က အဲဒီတာဝန်နေရာတွေမှာ အစားထိုးခန့်အပ်မှုတွေ ချက်ချင်းလုပ်ခဲ့ပါတယ်။ အီရတ်နိုင်ငံကနေ ဗြိတိန်ကို မိသားစုနဲ့အတူ ကလေးဘဝမှာရောက်ရှိအခြေချခဲ့ပြီး အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်လာသူ Kurds လူမျိုး Nadhim Zahawi ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးအရာရှိချုပ် Steve Barclay ကိုလည်း ကျန်းမာရေးဝန်ကြီးသစ်အဖြစ် ဝန်ကြီးချုပ်က ခန့်အပ်ခဲ့ပါတယ်။ ဗြိတိန်ပါလီမန်မှာ အာဏာရ Conservative ပါတီရေးရာကိစ္စတွေကို ကြီးကြပ်ရတဲ့ တာဝန်အတွက် လွှတ်တော်အမတ်တယောက်ကို ဒီနှစ်ဆန်းပိုင်းက ဝန်ကြီးချုပ် Johnson ခန့်အပ်တာဝန်ပေးခဲ့မှုနဲ့ ပါတ်သက်ပြီး ခုလို Cabinet ဝန်ကြီးတွေ နှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလွှတ်တော်အမတ်ဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ဖူးတယ်လို့ စွပ်စွဲမှုတွေရှိနေတဲ့ကြား ဝန်ကြီးချုပ်က တာဝန်ပေးခဲ့တာပါ။ သူဆုံးဖြတ်ချက်မှားယွင်း ခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Johnson ကအင်္ဂါနေ့က တောင်းပန်ခဲ့ပြီး မကြာခင်မှာပဲ ကျန်းမာရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ နှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ပညာရေးဝန်ကြီး Will Quince နဲ့ အငယ်တန်းဝန်ကြီးတယောက် နှုတ်ထွက်သွားခဲ့ပါတယ်။ ဝန်ကြီးချုပ် Boris Johnson အပေါ် လူထုထောက်ခံမှုကျဆင်းနေသလို သူရာထူးကနေဆင်းပေးဖို့ အတိုက်အခံပါတီတွေ တောင်းဆိုနေချိန်မှာ ခုလို Cabinet ဝန်ကြီးတွေ နှုတ်ထွက်နေကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အပေါ် အယုံအကြည် ရှိမရှိ အာဏာရ Conservative ပါတီလွှတ်တော်အမတ်တွေကြား June လက မဲခွဲဆုံးဖြတ်မှုမှာတော့ ဝန်ကြီးချုပ် အနိုင်ရခဲ့ပါတယ်။

နှုတ်ထွက်တဲ့ UK ဝန်ကြီးနှစ်ဦးနေရာ အစားထိုးခန့်အပ်
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

[[Unicode]]







XS
SM
MD
LG