သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အယံုအၾကည္ရွိ-မရွိ ပါတီတြင္းမဲခြဲမႈ Boris Johnson အႏိုင္ရ


Britain Foreign Aid

ၿဗိတိန္လႊတ္ေတာ္မွာ တနလၤာေန႔က ဝန္ႀကီးခ်ဳပ္ Boris Johnson အေပၚ အယုံအၾကည္ရွိ မရွိ ပါတီတြင္း မဲခြဲဆုံးျဖတ္ရာမွာ ဝန္ႀကီးခ်ဳပ္ Johnson ကို ၅၉ % က အယုံၾကည္ရွိေၾကာင္း မဲထည့္ခဲ့ၾကပါတယ္။

Zawgyi/Unicode

အယံုအၾကည္ရွိ-မရွိ ပါတီတြင္းမဲခြဲမႈ Boris Johnson အႏိုင္ရ

ၿဗိတိန္လႊတ္ေတာ္မွာ တနလၤာေန႔က ဝန္ႀကီးခ်ဳပ္ Boris Johnson အေပၚ အယုံအၾကည္ရွိ မရွိ ပါတီတြင္း မဲခြဲဆုံးျဖတ္ရာမွာ ဝန္ႀကီးခ်ဳပ္ Johnson ကို ၅၉ % က အယုံၾကည္ရွိေၾကာင္း မဲထည့္ခဲ့ၾကပါတယ္။

ပယ္မဲမရွိပဲ မဲေပါင္း ၃၅၉ မဲ ေပးခဲ့တဲ့အထဲမွာ Boris Johnson အေပၚ အယုံၾကည္ရွိတဲ့ မဲက ၂၁၁ မဲရခဲ့ၿပီး အယုံအၾကည္မရွိတဲ့မဲက ၁၄၈ မဲ ရတဲ့ အတြက္ ပါတီအေနနဲ႔ သူ႔အေပၚ အယုံအၾကည္ရွိေၾကာင္း ကြန္ဆာေဗးတစ္ပါတီေကာ္မတီ အႀကီးအကဲ ျဖစ္တဲ့ လႊတ္ေတာ္အမတ္ Graham Brady က ေၾကညာသြားတာပါ။

ကြန္ဆာေဗးတစ္ပါတီ က လႊတ္ေတာ္အမတ္ေတြက ဝန္ႀကီးခ်ဳပ္အေပၚ အယုံအၾကည္ရွိမရွိ မဲခြဲဆုံးျဖတ္ခဲ့တာ ျဖစ္ၿပီး အခုမဲရလဒ္အရ သူ႔အေပၚ ၅၉ % ေထာက္ခံမႈ ရွိေၾကာင္း ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ သူ႔အရင္ ဝန္ႀကီးခ်ဳပ္ Theresa May အေပၚ ၂၀၁၈ တုန္းက အလားတူ မဲခြဲဆုံးျဖတ္ခဲ့ရာမွာ ေတာ့ ေထာက္ခံသူက သူ႔ထက္ပိုမ်ားခဲ့တာပါ။

၂၀၁၉ မွာ တက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Johnson ဟာတင္းၾကပ္တဲ့ ကိုဗစ္ ၁၉ ကန႔္သတ္မႈေတြ အတြင္း သူနဲ႔ သူ႔႐ုံးအဖြဲ႕သားေတြ ေဒါင္းနင္းလမ္း႐ုံးနဲ႔ ေနအိမ္မွာ အရက္ေသစာ တည္ခင္းတဲ့ ပါတီပြဲက်င္းပခဲ့တဲ့ေနာက္ သူ႔အေပၚ ဖိအားေပးမႈေတြ ႀကဳံခဲ့ရတာျဖစ္ပါတယ္။ ေလာင္စာဆီေဈးေတြနဲ႔ စားေသာက္ကုန္ေဈးေတြ ထိုးတက္လာၿပီး စီးပြါးေရးကပ္ဆိုက္မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္လာရတာေၾကာင့္ ပါတီတြင္း အမတ္တခ်ိဳ႕ရဲ႕ စိုးရိမ္မႈေတြ တိုးလာေနေပမယ့္ သူ႔ကက္ဘိနက္အဖြဲ႕ဝင္ေတြကေတာ့ ကိုဗစ္ ၁၉ ကာကြယ္ေဆးထိုးလုပ္ငန္း လွ်င္လွ်င္ျမန္ျမန္ လုပ္ေဆာင္ႏိုင္ခဲ့တာနဲ႔ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈ နဲ႔ ပတ္သက္ၿပီး ၿဗိတိန္ရဲ႕ တုန႔္ျပန္မႈေတြနဲ႔အတူ ေအာင္ျမင္တဲ့ ေဆာင္႐ြက္မႈေတြ ရွိတယ္လို႔ တုန႔္ျပန္ၿပီး သူ႔ဘက္က ရပ္တည္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Johnson ကေတာ့ အခုလို ပါတီက ျပတ္ျပတ္သားသား မဲေပးဆုံးျဖတ္မႈ ထြက္လာခဲ့တဲ့ေနာက္ သူ႔အစိုးရအဖြဲ႕အေနနဲ႔ ဆက္လက္တာဝန္ထမ္းေဆာင္သြားမွာ ျဖစ္သလို စီးပြါးေရးျပန္ဦးေမာ့လာေအာင္ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

#

တိုက္႐ိုက္ လင့္ခ္

Unicode

အယုံအကြည်ရှိ-မရှိ ပါတီတွင်းမဲခွဲမှု Boris Johnson အနိုင်ရ

ဗြိတိန်လွှတ်တော်မှာ တနင်္လာနေ့က ဝန်ကြီးချုပ် Boris Johnson အပေါ် အယုံအကြည်ရှိ မရှိ ပါတီတွင်း မဲခွဲဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ် Johnson ကို ၅၉ % က အယုံကြည်ရှိကြောင်း မဲထည့်ခဲ့ကြပါတယ်။

ပယ်မဲမရှိပဲ မဲပေါင်း ၃၅၉ မဲ ပေးခဲ့တဲ့အထဲမှာ Boris Johnson အပေါ် အယုံကြည်ရှိတဲ့ မဲက ၂၁၁ မဲရခဲ့ပြီး အယုံအကြည်မရှိတဲ့မဲက ၁၄၈ မဲ ရတဲ့ အတွက် ပါတီအနေနဲ့ သူ့အပေါ် အယုံအကြည်ရှိကြောင်း ကွန်ဆာဗေးတစ်ပါတီကော်မတီ အကြီးအကဲ ဖြစ်တဲ့ လွှတ်တော်အမတ် Graham Brady က ကြေညာသွားတာပါ။

ကွန်ဆာဗေးတစ်ပါတီ က လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်အပေါ် အယုံအကြည်ရှိမရှိ မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အခုမဲရလဒ်အရ သူ့အပေါ် ၅၉ % ထောက်ခံမှု ရှိကြောင်း တွေ့ခဲ့တာ ဖြစ်ပါတယ်။ သူ့အရင် ဝန်ကြီးချုပ် Theresa May အပေါ် ၂၀၁၈ တုန်းက အလားတူ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တော့ ထောက်ခံသူက သူ့ထက်ပိုများခဲ့တာပါ။

၂၀၁၉ မှာ တက်လာတဲ့ ဝန်ကြီးချုပ် Johnson ဟာတင်းကြပ်တဲ့ ကိုဗစ် ၁၉ ကန့်သတ်မှုတွေ အတွင်း သူနဲ့ သူ့ရုံးအဖွဲ့သားတွေ ဒေါင်းနင်းလမ်းရုံးနဲ့ နေအိမ်မှာ အရက်သေစာ တည်ခင်းတဲ့ ပါတီပွဲကျင်းပခဲ့တဲ့နောက် သူ့အပေါ် ဖိအားပေးမှုတွေ ကြုံခဲ့ရတာဖြစ်ပါတယ်။ လောင်စာဆီဈေးတွေနဲ့ စားသောက်ကုန်ဈေးတွေ ထိုးတက်လာပြီး စီးပွါးရေးကပ်ဆိုက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်လာရတာကြောင့် ပါတီတွင်း အမတ်တချို့ရဲ့ စိုးရိမ်မှုတွေ တိုးလာနေပေမယ့် သူ့ကက်ဘိနက်အဖွဲ့ဝင်တွေကတော့ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်ခဲ့တာနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှု နဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ တုန့်ပြန်မှုတွေနဲ့အတူ အောင်မြင်တဲ့ ဆောင်ရွက်မှုတွေ ရှိတယ်လို့ တုန့်ပြန်ပြီး သူ့ဘက်က ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Johnson ကတော့ အခုလို ပါတီက ပြတ်ပြတ်သားသား မဲပေးဆုံးဖြတ်မှု ထွက်လာခဲ့တဲ့နောက် သူ့အစိုးရအဖွဲ့အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာ ဖြစ်သလို စီးပွါးရေးပြန်ဦးမော့လာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG