[Zawgyi/Unicode]
ၿဗိတိန္၀န္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္ နဲ႔ ဘ႑ာေရး၀န္ႀကီးတို႔ ကုိဗစ္ကာလ ကန္႔သတ္ခ်က္ေတြကုိ ခ်ိဳးေဖါက္ၿပီး လူစုေ၀းခဲ့တဲ့ ပါတီပဲြေတြ တက္ေရာက္ခဲ့တာေၾကာင့္ ဒဏ္ေငြေပးေဆာင္ဖို႔ ျပစ္ဒဏ္ခ်မွတ္ခံရေၾကာင္း ၿဗိတိန္အစိုးရက အဂၤါေန႔က ထုတ္ေဖၚေျပာဆုိပါတယ္။
၀န္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္ကေတာ့ ဒီပဲြေတြကုိ အလုပ္နဲ႔ ပတ္သက္တယ္ထင္လုိ႔ သြားခဲ့မိတာလုိ႔ ေျပာဆုိပါတယ္။
“ ရဲဌာနကေန ဒဏ္ေငြေဆာင္ဖုိ႔ အေၾကာင္းၾကားစာကုိ ရရွိခဲ့ပါတယ္။ က်ေနာ္ ဒဏ္ေငြေပးေဆာင္မွာျဖစ္သလုိ၊ က်ေနာ္အျပည့္အ၀ ေတာင္းပန္အပ္ပါတယ္” လုိ႔ ၀န္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္က ေျပာဆုိသြားတာပါ။
အမွတ္ ၁၀ ေဒါင္းနင္းလမ္း ၀န္ႀကီးခ်ဳပ္ရုံးနဲ႔ ၀န္ႀကီးမ်ားရုံးေတြမွာ လူစုလူေ၀း လုပ္ခဲ့တဲ့ အတြက္ ၀န္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္နဲ႔ ဘ႑ာေရး၀န္ႀကီးတုိ႔ ဒဏ္ေငြေပးေဆာင္ရတာပါ။ သူတို႔ကုိ လူစုလူေ၀းလုပ္ခဲ့တဲ့ ပါတီပဲြေပါင္း ၁၂ ခု အတြက္ စစ္ေဆးမႈေတြ ျပဳလုပ္ေန ပါတယ္။
၂၀၂၀ ျပည့္ႏွစ္နဲ႔ ၂၀၂၁ ခုႏွစ္ေတြ အတြင္း ကုိဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ကန္႔သတ္မႈေတြ ျပဌာန္းထားခ်ိန္မွာ အခုလုိ လူစုခဲ့တဲ့အတြက္ ျပစ္ဒဏ္ခ်မွတ္ခံရတာပါ။ ဒီလူစုလူေ၀း လုပ္တဲ့ပါတီပဲြေတြကုိ တက္ေရာက္ခဲ့တဲ့ အျခား၀န္ႀကီးေတြနဲ႔ အစုိးရ၀န္ထမ္း ၅၀ ေက်ာ္ လည္း ျပစ္ဒဏ္ေပးခံရမယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။
အတုိက္အခံ ႏိုင္ငံေရး အင္အားစုေတြကေတာ့ ဒီကိစၥအတြက္ ၀န္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးဖို႔ ေတာင္းဆုိၾကပါတယ္။
[Unicode]
ကိုဗစ်တားမြစ်ချိန် ပါတီတက်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒဏ်ရိုက်ခံရ
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ ကိုဗစ်ကာလ ကန့်သတ်ချက်တွေကို ချိုးဖေါက်ပြီး လူစုဝေးခဲ့တဲ့ ပါတီပွဲတွေ တက်ရောက်ခဲ့တာကြောင့် ဒဏ်ငွေပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခံရကြောင်း ဗြိတိန်အစိုးရက အင်္ဂါနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဒီပွဲတွေကို အလုပ်နဲ့ ပတ်သက်တယ်ထင်လို့ သွားခဲ့မိတာလို့ ပြောဆိုပါတယ်။
“ ရဲဌာနကနေ ဒဏ်ငွေဆောင်ဖို့ အကြောင်းကြားစာကို ရရှိခဲ့ပါတယ်။ ကျနော် ဒဏ်ငွေပေးဆောင်မှာဖြစ်သလို၊ ကျနော်အပြည့်အ၀ တောင်းပန်အပ်ပါတယ်” လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောဆိုသွားတာပါ။
အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီးများရုံးတွေမှာ လူစုလူဝေး လုပ်ခဲ့တဲ့ အတွက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ ဒဏ်ငွေပေးဆောင်ရတာပါ။ သူတို့ကို လူစုလူဝေးလုပ်ခဲ့တဲ့ ပါတီပွဲပေါင်း ၁၂ ခု အတွက် စစ်ဆေးမှုတွေ ပြုလုပ်နေ ပါတယ်။
၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေ အတွင်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုတွေ ပြဌာန်းထားချိန်မှာ အခုလို လူစုခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရတာပါ။ ဒီလူစုလူဝေး လုပ်တဲ့ပါတီပွဲတွေကို တက်ရောက်ခဲ့တဲ့ အခြားဝန်ကြီးတွေနဲ့ အစိုးရဝန်ထမ်း ၅၀ ကျော် လည်း ပြစ်ဒဏ်ပေးခံရမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကတော့ ဒီကိစ္စအတွက် ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။