(Zawgyi / Unicode)
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson၊ ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss၊ ကာကြယ္ေရးဝန္ႀကီး Ben Wallace နဲ႔ တျခားေသာ ၿဗိတိန္အစိုးရအဖြဲ႔ဝင္ေတြနဲ႔ ႏိုင္ငံေရးသမား ၁၀ ဦးကို ျပည္ဝင္ခြင့္ တားျမစ္ေၾကာင္း ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔မွာ ေျပာပါတယ္။
ၿဗိတိန္အစိုးရရဲ႕ အလြန္အမင္း ရန္လိုတဲ့ လုပ္ရပ္အျဖစ္ ႐ႈျမင္ခ်က္နဲ႔ အခုလို ေဆာင္ရြက္တာျဖစ္ေၾကာင္း၊ အထူးသျဖင့္ေတာ့ ႐ုရွားအစိုးရ အႀကီးတန္း တာဝန္ရွိသူေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈျဖစ္ၿပီး ေနာက္ထပ္လည္း စာရင္းကို ထပ္တိုးသြားမယ့္အေၾကာင္း ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။
ဝန္ႀကီးခ်ဳပ္ Johnson ဟာ ယူကရိန္းကို အခိုင္မာဆံုး ေထာက္ခံသူတဦး၊ ႐ုရွားဆန္႔က်င္ေရးမွာ အတက္ႂကြဆံုးသူတဦးအျဖစ္ ႐ုရွားအစိုးရက ရည္ၫႊန္း ေျပာဆိုထားတာပါ။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Johnson နဲ႔ တျခားေသာ ၿဗိတိန္ ႏိုင္ငံေရးသမားေတြကို ႐ုရွားက ျပည္ဝင္ခြင့္တားျမစ္မယ့္ ဆံုးျဖတ္ခ်က္ကို ၿဗိတိန္အစိုးရ ေျပာခြင့္ရတဦးက တုံ႔ျပန္ေျပာဆိုတာမွာေတာ့ ၿဗိတိန္နဲ႔ တျခားေသာ ႏိုင္ငံတကာ မိတ္ဘက္ေတြ အေနနဲ႔ တညီတၫြတ္တည္း ရပ္တည္ၿပီး ယူကရိန္းႏိုင္ငံတြင္း ႐ုရွားရဲ႕ ျပစ္တင္႐ႈတ္ခ်ထိုက္တဲ့ လုပ္ရပ္ကို ျပစ္တင္႐ႈတ္ခ်ၿပီး ႐ုရွားအစိုးရဘက္က စစ္ကို ရပ္စဲေရးအတြက္ ေတာင္းဆိုေၾကာင္း ေျပာပါတယ္။
----------------------------
(Unicode)
ဗြိတိန်ဝန်ကြီးချုပ်နဲ့ ခေါင်းဆောင်ပိုင်းတွေကို ရုရှား ပြည်ဝင်ခွင့်တားမြစ်
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson၊ နိုင်ငံခြားရေးဝန်ကြီး Liz Truss၊ ကာကွယ်ရေးဝန်ကြီး Ben Wallace နဲ့ တခြားသော ဗြိတိန်အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးသမား ၁၀ ဦးကို ပြည်ဝင်ခွင့် တားမြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
ဗြိတိန်အစိုးရရဲ့ အလွန်အမင်း ရန်လိုတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ချက်နဲ့ အခုလို ဆောင်ရွက်တာဖြစ်ကြောင်း၊ အထူးသဖြင့်တော့ ရုရှားအစိုးရ အကြီးတန်း တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်ပြီး နောက်ထပ်လည်း စာရင်းကို ထပ်တိုးသွားမယ့်အကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် Johnson ဟာ ယူကရိန်းကို အခိုင်မာဆုံး ထောက်ခံသူတဦး၊ ရုရှားဆန့်ကျင်ရေးမှာ အတက်ကြွဆုံးသူတဦးအဖြစ် ရုရှားအစိုးရက ရည်ညွှန်း ပြောဆိုထားတာပါ။
ဗြိတိန်ဝန်ကြီးချုပ် Johnson နဲ့ တခြားသော ဗြိတိန် နိုင်ငံရေးသမားတွေကို ရုရှားက ပြည်ဝင်ခွင့်တားမြစ်မယ့် ဆုံးဖြတ်ချက်ကို ဗြိတိန်အစိုးရ ပြောခွင့်ရတဦးက တုံ့ပြန်ပြောဆိုတာမှာတော့ ဗြိတိန်နဲ့ တခြားသော နိုင်ငံတကာ မိတ်ဘက်တွေ အနေနဲ့ တညီတညွတ်တည်း ရပ်တည်ပြီး ယူကရိန်းနိုင်ငံတွင်း ရုရှားရဲ့ ပြစ်တင်ရှုတ်ချထိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး ရုရှားအစိုးရဘက်က စစ်ကို ရပ်စဲရေးအတွက် တောင်းဆိုကြောင်း ပြောပါတယ်။