သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္ ေဒသလိုက္ အပစ္ရပ္ေပးဖို႔ ကုလေတာင္းဆို


ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ အႀကီးအကဲ Martin Griffiths. (စက္တင္ဘာ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ဒဏ္ခံေနရတဲ့ ယူကရိန္းမွာ ႐ုရွားတပ္ေတြ ဝန္းရံပိတ္ဆုိ႔ခံထားရတဲ့ ေဒသေတြကုိ လူသားခ်င္းစာနာမႈ အေထာက္အကူေတြ ေပးႏုိင္ဖုိ႔နဲ႔ ပိတ္မိေနတဲ့ အရပ္သားေတြ ထြက္ခြါႏုိင္ဖုိ႔ ေဒသအလုိက္ အပစ္အခတ္ရပ္စဲေရးလုပ္ဖုိ႔ ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ အႀကီးအကဲ Martin Griffiths က ေတာင္းဆုိလုိက္ပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာၿမိဳ႕ကေန Lisa Schlein သတင္းေပးပုိ႔ထားတာကုိ ကုိေဇာ္မုိးေက်ာ္ တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္ထဲတုန္းက ကုလသမဂၢ တာဝန္ရွိသူ Martin Griffiths က ယူကရိန္းမွာ ျဖစ္ႏုိင္ေျခရွိတဲ့ လူသားခ်င္းစာနာမႈဆုိင္ရာ အပစ္အခတ္ ရပ္စဲေရးအတြက္ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီး Sergey Lavrov နဲ႔ ေဆြးေႏြးခဲ့ပါတယ္။ ကုလသမဂၢ လူသားခ်င္းစာနာမႈနဲ႔ အေရးေပၚ ကူညီေထာက္ပံ့ေရးဆုိင္ရာ ဒုတိယအတြင္းေရးမွဴးခ်ဳပ္ Martin Griffiths ဟာ ဧၿပီလ ၄ ရက္ တနလၤာေန႔က ေမာ္စကုိၿမိဳ႕မွာ ႐ုရွား ႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ့ဆုံေဆြးေႏြးခဲ့တာပါ။ အဲဒီေနာက္ ယူကရိန္းကုိ ဆက္လက္ ထြက္ခြါသြားခဲ့ပါတယ္။

Griffiths က အပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္လုိ႔ မွတ္ခ်က္ေပး ေျပာဆုိခဲ့ျခင္း မရွိပါဘူး။ ဒါေပမဲ့ သူ႔အေနနဲ႔ ဒီေတြ့ဆုံေဆြးေႏြးမႈဟာ အခ်ိန္အေတာ္ၾကာ လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္တခုရဲ႕ အစပထမပဲ ျဖစ္တယ္လုိ႔ ႐ႈျမင္ေၾကာင္း လူသားခ်င္းစာနာမႈဆုိင္ရာဌာန ေျပာေရးဆုိခြင့္ရွိသူ Jens Laerke က ေသာၾကာေန႔တုန္းက ေျပာဆုိခဲ့ပါတယ္။

ဒါ့အျပင္ ႏွစ္ဖက္တုိက္ခုိက္ေနတဲ့ ႐ုရွားနဲ႔ ယူကရိန္းအၾကား ေဒသအလုိက္ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ရဖုိ႔ဟာ အလြန္အေရးႀကီးတယ္လုိ႔ Griffiths က ယူဆေၾကာင္း ေျပာေရးဆုိခြင့္ရွိသူ Laerke က ေျပာပါတယ္။

“Mariupol လုိ စစ္ဒဏ္အဆုိးဆုံး ခံစားရတဲ့ ၿမိဳ႕ႀကီးေတြမွာ အပစ္အခတ္ရပ္စဲေရး လုပ္ႏုိင္ဖုိ႔က နံပါတ္ ၁ ဦးစားေပး ျဖစ္ပါတယ္။ အဲဒီလုိၿမိဳ႕ႀကီးေတြမွာ ပိတ္မိေနတဲ့ အရပ္သားေတြကုိ သူတုိ႔သေဘာဆႏၵအေလ်ာက္ ထြက္ခါြခြင့္ျပဳၿပီး သူတုိ႔ေရြးခ်ယ္တဲ့ ေနရာေတြကုိ ပုိ႔ေပးႏုိင္ဖုိ႔နဲ႔ အဲဒီၿမိဳ႕ႀကီးေတြထဲကုိ လုိအပ္တဲ့ အကူအညီေတြ ပုိ႔ေပးခြင့္ျပဳဖုိ႔ပါ။”

လြန္ခဲ့တဲ့ တလခဲြေလာက္က ႐ုရွားတပ္ေတြ ယူကရိန္းကုိ စတင္က်ဴးေက်ာ္ခ်ိန္ကတည္းက Mariupol ၿမိဳ႕မွာ ေနထုိင္တဲ့ အရပ္သားျပည္သူေတြဟာ ႐ုရွားတပ္ေတြ ဝုိင္းရံပိတ္ဆုိ႔တာကုိ ခံေနရတာပါ။ သူတုိ႔ၿမိဳ႕ဟာ ႐ုရွားက ဗုံးႀကဲတုိက္ခုိက္တာေၾကာင့္ ေၾကမြပ်က္စီးသြားၿပီး သူတုိ႔ဟာ ေျမေအာက္ဗုံးခုိက်င္းေတြထဲမွာ ပုန္းေအာင္းေနၾကရတာပါ။

စာနာမႈဆုိင္ရာ အႀကီးအကဲ Griffiths ယူကရိန္းကုိ သြားေရာက္ခဲ့စဥ္က စစ္ေၾကာင့္ ေသဆုံးမႈနဲ႔ ပ်က္စီးမႈ အတုိင္းအတာကုိ ၿမိဳ႕ေတာ္ Kyiv အနီးက Bucha နဲ႔ Irpin ၿမိဳ႕ေတြမွာ သူကုိယ္တုိင္ မ်က္ဝါးထင္ထင္ ေတြ့ျမင္ခဲ့ရတယ္လုိ႔ Laerke က ေျပာဆုိပါတယ္။

ဒါ့အျပင္ Bucha ၿမိဳ႕မွာ ႐ုရွားတပ္ေတြက က်ဴးလြန္ခဲ့တာလုိ႔ စြပ္စဲြခံထားရတဲ့ အေလာင္းေတြကုိ အစုလုိက္ အၿပံဳလုိက္ ေျမျမႇဳပ္ထားတာနဲ႔ ဒါဇင္နဲ႔ခ်ီတဲ့ ရပ္ကြက္ေတြမွာ ၿပိဳက်ေနတဲ့ လူေနတုိက္တာ အေဆာက္အဦးေတြကုိ Griffiths ေတြ႔ျမင္ခဲ့ရၿပီး အလြန္တုန္လႈပ္ ေခ်ာက္ခ်ားစရာ ျမင္ကြင္းတခု ျဖစ္ေၾကာင္းနဲ႔ ဒါကုိ စုံစမ္းစစ္ေဆးဖုိ႔ ေျပာဆုိခဲ့တယ္လုိ႔ ေျပာေရးဆုိခြင့္ရွိသူ Laerke က ေျပာပါတယ္။

႐ုရွားတပ္ေတြဟာ ၿမိဳ႕ေတာ္ Kyiv ကုိ သိမ္းပုိက္ႏုိင္ျခင္းမရွိဘဲ ျပန္လည္ဆုတ္ခြါခဲ့ရပါတယ္။ သူတုိ႔ရဲ႕ ဦးတည္ခ်က္ ေျပာင္းသြားၿပီး ယူကရိန္းအေရွ႕ဘက္ျခမ္းက Donbas ေဒသကုိ အဓိကထား တုိက္ခုိက္ပါတယ္။ Luhansk နဲ႔ Donetsk ကုိ ေျပာင္းလဲဦးတည္ တုိက္ခုိက္ေနတာေၾကာင့္ အဲဒီေဒသမွာလည္း Mariupol လုိ အေျခအေနမ်ိဳး မျဖစ္ဖုိ႔ကုိ ကုလသမဂၢ တာဝန္ရွိသူေတြကေတာ့ ေမွ်ာ္လင့္ေနပါတယ္။

“Luhansk နဲ႔ Donetsk က အရပ္သားျပည္သူေတြဟာလည္း ေျမေအာက္ခန္းေတြမွာ ပုန္းခုိေနရပါတယ္။ ေနာက္တပတ္ထဲမွာ က်ေနာ္တုိ႔ယာဥ္တန္း အဲဒီသြားဖုိ႔ စီစဥ္ေနပါတယ္။ အဲဒါေတြ ျဖစ္ႏုိင္မျဖစ္ႏုိင္ ဆုိတာကေတာ့ လုံၿခံဳေရး အေျခအေနေတြေပၚ မူတည္ေနပါတယ္။ အဲဒီကုိ သြားလုိ႔ရမယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ သြားဖုိ႔အဆင္သင့္ပါပဲ။”

အေရးေပၚ လူသားခ်င္းစာနာမႈဆုိင္ရာ အႀကီးအကဲ Griffiths ဟာ ႐ုရွားစကားေျပာ ယူကရိန္းအေရွ႕ဘက္ျခမ္းေဒသမွာ ဘာေတြျဖစ္လာႏုိင္မလဲ ဆုိတာနဲ႔ ပတ္သက္ၿပီး အလြန္ စိတ္ပူေနပါတယ္။ အပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္ၿပီး အေျခအေနေကာင္းတယ္လုိ႔ သူ႔အေနနဲ႔ မျမင္မိေၾကာင္း ယူကရိန္းက ထြက္ခြါခ်ိန္မွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့တယ္လုိ႔ လူသားခ်င္းစာနာမႈဆုိင္ရာဌာန ေျပာေရးဆုိခြင့္ရွိသူ Laerke က ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ယူကရိန်းစစ် ဒေသလိုက် အပစ်ရပ်ပေးဖို့ ကုလတောင်းဆို

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းမှာ ရုရှားတပ်တွေ ဝန်းရံပိတ်ဆို့ခံထားရတဲ့ ဒေသတွေကို လူသားချင်းစာနာမှု အထောက်အကူတွေ ပေးနိုင်ဖို့နဲ့ ပိတ်မိနေတဲ့ အရပ်သားတွေ ထွက်ခွါနိုင်ဖို့ ဒေသအလိုက် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က တောင်းဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ Lisa Schlein သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲတုန်းက ကုလသမဂ္ဂ တာဝန်ရှိသူ Martin Griffiths က ယူကရိန်းမှာ ဖြစ်နိုင်ခြေရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကူညီထောက်ပံ့ရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Martin Griffiths ဟာ ဧပြီလ ၄ ရက် တနင်္လာနေ့က မော်စကိုမြို့မှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဲဒီနောက် ယူကရိန်းကို ဆက်လက် ထွက်ခွါသွားခဲ့ပါတယ်။

Griffiths က အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုဟာ အချိန်အတော်ကြာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တခုရဲ့ အစပထမပဲ ဖြစ်တယ်လို့ ရှုမြင်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာဌာန ပြောရေးဆိုခွင့်ရှိသူ Jens Laerke က သောကြာနေ့တုန်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ခိုက်နေတဲ့ ရုရှားနဲ့ ယူကရိန်းအကြား ဒေသအလိုက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရဖို့ဟာ အလွန်အရေးကြီးတယ်လို့ Griffiths က ယူဆကြောင်း ပြောရေးဆိုခွင့်ရှိသူ Laerke က ပြောပါတယ်။

“Mariupol လို စစ်ဒဏ်အဆိုးဆုံး ခံစားရတဲ့ မြို့ကြီးတွေမှာ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့က နံပါတ် ၁ ဦးစားပေး ဖြစ်ပါတယ်။ အဲဒီလိုမြို့ကြီးတွေမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို သူတို့သဘောဆန္ဒအလျောက် ထွက်ခါွခွင့်ပြုပြီး သူတို့ရွေးချယ်တဲ့ နေရာတွေကို ပို့ပေးနိုင်ဖို့နဲ့ အဲဒီမြို့ကြီးတွေထဲကို လိုအပ်တဲ့ အကူအညီတွေ ပို့ပေးခွင့်ပြုဖို့ပါ။”

လွန်ခဲ့တဲ့ တလခွဲလောက်က ရုရှားတပ်တွေ ယူကရိန်းကို စတင်ကျူးကျော်ချိန်ကတည်းက Mariupol မြို့မှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေဟာ ရုရှားတပ်တွေ ဝိုင်းရံပိတ်ဆို့တာကို ခံနေရတာပါ။ သူတို့မြို့ဟာ ရုရှားက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကြေမွပျက်စီးသွားပြီး သူတို့ဟာ မြေအောက်ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေကြရတာပါ။

စာနာမှုဆိုင်ရာ အကြီးအကဲ Griffiths ယူကရိန်းကို သွားရောက်ခဲ့စဉ်က စစ်ကြောင့် သေဆုံးမှုနဲ့ ပျက်စီးမှု အတိုင်းအတာကို မြို့တော် Kyiv အနီးက Bucha နဲ့ Irpin မြို့တွေမှာ သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်လို့ Laerke က ပြောဆိုပါတယ်။

ဒါ့အပြင် Bucha မြို့မှာ ရုရှားတပ်တွေက ကျူးလွန်ခဲ့တာလို့ စွပ်စွဲခံထားရတဲ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် မြေမြှုပ်ထားတာနဲ့ ဒါဇင်နဲ့ချီတဲ့ ရပ်ကွက်တွေမှာ ပြိုကျနေတဲ့ လူနေတိုက်တာ အဆောက်အဦးတွေကို Griffiths တွေ့မြင်ခဲ့ရပြီး အလွန်တုန်လှုပ် ချောက်ချားစရာ မြင်ကွင်းတခု ဖြစ်ကြောင်းနဲ့ ဒါကို စုံစမ်းစစ်ဆေးဖို့ ပြောဆိုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ Laerke က ပြောပါတယ်။

ရုရှားတပ်တွေဟာ မြို့တော် Kyiv ကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်။ သူတို့ရဲ့ ဦးတည်ချက် ပြောင်းသွားပြီး ယူကရိန်းအရှေ့ဘက်ခြမ်းက Donbas ဒေသကို အဓိကထား တိုက်ခိုက်ပါတယ်။ Luhansk နဲ့ Donetsk ကို ပြောင်းလဲဦးတည် တိုက်ခိုက်နေတာကြောင့် အဲဒီဒေသမှာလည်း Mariupol လို အခြေအနေမျိုး မဖြစ်ဖို့ကို ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ မျှော်လင့်နေပါတယ်။

“Luhansk နဲ့ Donetsk က အရပ်သားပြည်သူတွေဟာလည်း မြေအောက်ခန်းတွေမှာ ပုန်းခိုနေရပါတယ်။ နောက်တပတ်ထဲမှာ ကျနော်တို့ယာဉ်တန်း အဲဒီသွားဖို့ စီစဉ်နေပါတယ်။ အဲဒါတွေ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကတော့ လုံခြုံရေး အခြေအနေတွေပေါ် မူတည်နေပါတယ်။ အဲဒီကို သွားလို့ရမယ်ဆိုရင်တော့ ကျနော်တို့ သွားဖို့အဆင်သင့်ပါပဲ။”

အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Griffiths ဟာ ရုရှားစကားပြော ယူကရိန်းအရှေ့ဘက်ခြမ်းဒေသမှာ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အလွန် စိတ်ပူနေပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အခြေအနေကောင်းတယ်လို့ သူ့အနေနဲ့ မမြင်မိကြောင်း ယူကရိန်းက ထွက်ခွါချိန်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာဌာန ပြောရေးဆိုခွင့်ရှိသူ Laerke က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG