သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

နယ္စပ္တေလွ်ာက္ တပ္ေတြ အၿမဲတမ္းခ်ထားေရး NATO ျပင္ဆင္


ေနတိုးအတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg. (ဧၿပီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

အနာဂတ္မွာ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈေတြကို တိုက္ပြဲဝင္ဖို႔အတြက္ သူ႔ရဲ႕နယ္စပ္ေတြမွာ တပ္ေတြကို အၿမဲတန္းခ်ထားဖို႔ စီမံကိန္းခ်ေနေၾကာင္း ေနတိုးအတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg က ေျပာလိုက္ပါတယ္။

႐ုရွားသမၼတ Vladimir Putin ရဲ႕ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ္ရပ္ေတြေၾကာင့္ ျဖစ္ေပၚလာမယ့္ ေရရွည္ အက်ိဳးဆက္ေတြကို ထင္ဟပ္မယ့္ အေျပာင္းအလဲေတြကို ေနတိုးက အေျခခံက်က် ေဆာင္ရြက္ေနပါတယ္လို႔ ၿဗိတိန္ႏိုင္ငံထုတ္ The Telegraph သတင္းစာႀကီးနဲ႔ အင္တာဗ်ဴးမွာ ခုလို ေျပာဆိုတာပါ။

“အခု က်ေနာ္တို႔ ျမင္လိုက္ရတာက ဥေရာပလုံၿခဳံေရးအတြက္ အေျခအေနအသစ္ ျဖစ္လာပါတယ္။ ဒါေၾကာင့္ ဒီအေျခအေနအသစ္နဲ႔ ေလ်ာ္ညီတဲ့ ေရြးစရာ လမ္းေၾကာင္းေတြကို အဆိုျပဳၾကဖို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ေတြကို ေတာင္းဆိုထားတယ္။”

ဒါကို ဇြန္လ၊ စပိန္ႏိုင္ငံ မဒရစ္ၿမိဳ႕မွာက်င္းပမယ့္ ေနတိုး ထိပ္သီးညီလာခံမွာ ဆုံးျဖတ္မယ္လို႔လည္း Stoltenberg က ေျပာပါတယ္။

ေနတိုးအတြင္းေရးမွဴးခ်ဳပ္အျဖစ္ သူ႔ရဲ႕သက္တမ္းကိုလည္း တႏွစ္ ထပ္တိုးေပးထားေၾကာင္း မၾကာခင္က သူက ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

နယ်စပ်တလျှောက် တပ်တွေ အမြဲတမ်းချထားရေး NATO ပြင်ဆင်

အနာဂတ်မှာ ရုရှားရဲ့ ကျူးကျော်မှုတွေကို တိုက်ပွဲဝင်ဖို့အတွက် သူ့ရဲ့နယ်စပ်တွေမှာ တပ်တွေကို အမြဲတန်းချထားဖို့ စီမံကိန်းချနေကြောင်း နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာမယ့် ရေရှည် အကျိုးဆက်တွေကို ထင်ဟပ်မယ့် အပြောင်းအလဲတွေကို နေတိုးက အခြေခံကျကျ ဆောင်ရွက်နေပါတယ်လို့ ဗြိတိန်နိုင်ငံထုတ် The Telegraph သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ခုလို ပြောဆိုတာပါ။

“အခု ကျနော်တို့ မြင်လိုက်ရတာက ဥရောပလုံခြုံရေးအတွက် အခြေအနေအသစ် ဖြစ်လာပါတယ်။ ဒါကြောင့် ဒီအခြေအနေအသစ်နဲ့ လျော်ညီတဲ့ ရွေးစရာ လမ်းကြောင်းတွေကို အဆိုပြုကြဖို့ ကာကွယ်ရေးဦးစီးချုပ်တွေကို တောင်းဆိုထားတယ်။”

ဒါကို ဇွန်လ၊ စပိန်နိုင်ငံ မဒရစ်မြို့မှာကျင်းပမယ့် နေတိုး ထိပ်သီးညီလာခံမှာ ဆုံးဖြတ်မယ်လို့လည်း Stoltenberg က ပြောပါတယ်။

နေတိုးအတွင်းရေးမှူးချုပ်အဖြစ် သူ့ရဲ့သက်တမ်းကိုလည်း တနှစ် ထပ်တိုးပေးထားကြောင်း မကြာခင်က သူက ပြောခဲ့ပါတယ်။

XS
SM
MD
LG