သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္-ဂ်ပန္ ဝန္ႀကီးခ်ဳပ္ႏွစ္ဦး လံုၿခံဳေရးကိစၥ ေဆြးေႏြး


ၿဗိတိန္နဲ႔ ဂ်ပန္ႏိုင္ငံ ေခါင္းေဆာင္ ၂ ဦး ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ ေတြ႔ဆုံၾက

[[ ZAWGYI / UNICODE ]]

ၿဗိတိန္-ဂ်ပန္ ဝန္ႀကီးခ်ဳပ္ႏွစ္ဦး လံုၿခံဳေရးကိစၥ ေဆြးေႏြး

ၿဗိတိန္နဲ႔ ဂ်ပန္ႏိုင္ငံ ေခါင္းေဆာင္ ၂ ဦးဟာ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ ေတြ႔ဆုံခဲ့ၾကၿပီး ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္သစ္တရပ္ကို ေၾကညာခဲ့ၾကပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson က သူရဲ႕ လန္ဒန္ၿမိဳ႕ အမွတ္ 10 Downing Street က ေနအိမ္မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကို လက္ခံေတြဆုံ ေဆြးေႏြးၾကတာျဖစ္ပါတယ္။

ေခါင္းေဆာင္ ၂ ဦးဟာ ၿဗိတိန္နဲ႔ ဂ်ပန္ တပ္ဖြဲ႔ေတြကို ပူးတြဲၿပီး သဘာဝေဘးရန္ ကယ္ဆယ္ေရး၊ စစ္ေလ့က်င့္ေရး ၊ တပ္ျဖန္႔ထားေရး တို႔လုပ္ေဆာင္ၾကဖို႔ကို သေဘာတူညီၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း ၿဗိတိန္အစိုးရက ေျပာပါတယ္။

"ဥေရာပတုိက္ လုံၿခဳံေရးနဲ႔ Indo-Pacific ေဒသရပ္ဝန္းမွာရွိတဲ့ ကြ်ႏုိပ္တို႔ Asia Pacific လုံၿခဳံေရးဆိုတာဟာ ခြဲျခားလို႔မရပါဘူး" လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ က ေျပာသြားတာပါ။

G-7 စက္မႈအင္အားႀကီး ၇ ႏိုင္ငံထဲမွာပါဝင္ၾကတဲ့ ေခါင္းေဆာင္ ၂ ဦးဟာ ယူကရိန္းအေပၚ ရုရွားက်ဴးေက်ာ္မႈ နဲ႔ အဲဒီအတြက္ရုရွား သမၼတ ဗလာဒီမာ ပူတင္ အေပၚ ဘယ္လို ဖိအားေပးမႈေတြ လုပ္ေဆာင္ရမယ္ဆိုတာကို ေဆြးေႏြးၾကလိမ့္မယ့္ ေမွ်ာ္လင့္ရပါတယ္။

ရုရွားက ယူကရိန္းအေပၚ က်ဴးေက်ာ္မႈကို ဂ်ပန္ႏိုင္ငံက ရႈတ္ခ်ခဲ့ၿပီး အေနာက္ဥေရာပႏိုင္ငံေတြနည္းတူ ပိတ္ဆို႔ဒဏ္ခတ္မႈေတြကိုလည္း ခ်မွတ္ခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ပန္ႏုိင္ငံကေန ယူကရိန္းႏိုင္ငံကို စစ္သားခေမာက္ေတြ နဲ႔ လက္နက္မဟုတ္တဲ့ စစ္ဖက္ဆိုင္ရာ အေထာက္အပံ့ေတြကို ေပးအပ္ခဲ့ပါတယ္။

အခုလို ယူကရိန္အေပၚ ရုရွားက်ဴးေက်ာ္မႈဟာ အေရွ႕အာရွကိုလည္း ရိုက္ခတ္လာၿပီး အလားတူလုပ္ရပ္မ်ဳိး တရုတ္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္ကြ်န္းအေပၚ ၿခိမ္းေျခာက္လာမွာ ၊ အင္အားသုံး တိုက္ခုိက္လာမွာကို ဂ်ပန္ႏုိင္ငံက စိုးရိမ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

ဗြိတိန်-ဂျပန် ဝန်ကြီးချုပ်နှစ်ဦး လုံခြုံရေးကိစ္စ ဆွေးနွေး

ဗြိတိန်နဲ့ ဂျပန်နိုင်ငံ ခေါင်းဆောင် ၂ ဦးဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်သစ်တရပ်ကို ကြေညာခဲ့ကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သူရဲ့ လန်ဒန်မြို့ အမှတ် 10 Downing Street က နေအိမ်မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကို လက်ခံတွေဆုံ ဆွေးနွေးကြတာဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ဗြိတိန်နဲ့ ဂျပန် တပ်ဖွဲ့တွေကို ပူးတွဲပြီး သဘာဝဘေးရန် ကယ်ဆယ်ရေး၊ စစ်လေ့ကျင့်ရေး ၊ တပ်ဖြန့်ထားရေး တို့လုပ်ဆောင်ကြဖို့ကို သဘောတူညီကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

"ဥရောပတိုက် လုံခြုံရေးနဲ့ Indo-Pacific ဒေသရပ်ဝန်းမှာရှိတဲ့ ကျွနိုပ်တို့ Asia Pacific လုံခြုံရေးဆိုတာဟာ ခွဲခြားလို့မရပါဘူး" လို့ ဗြိတိန်ဝန်ကြီးချုပ် က ပြောသွားတာပါ။

G-7 စက်မှုအင်အားကြီး ၇ နိုင်ငံထဲမှာပါဝင်ကြတဲ့ ခေါင်းဆောင် ၂ ဦးဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု နဲ့ အဲဒီအတွက်ရုရှား သမ္မတ ဗလာဒီမာ ပူတင် အပေါ် ဘယ်လို ဖိအားပေးမှုတွေ လုပ်ဆောင်ရမယ်ဆိုတာကို ဆွေးနွေးကြလိမ့်မယ့် မျှော်လင့်ရပါတယ်။

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်မှုကို ဂျပန်နိုင်ငံက ရှုတ်ချခဲ့ပြီး အနောက်ဥရောပနိုင်ငံတွေနည်းတူ ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလည်း ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံကနေ ယူကရိန်းနိုင်ငံကို စစ်သားခမောက်တွေ နဲ့ လက်နက်မဟုတ်တဲ့ စစ်ဖက်ဆိုင်ရာ အထောက်အပံ့တွေကို ပေးအပ်ခဲ့ပါတယ်။

အခုလို ယူကရိန်အပေါ် ရုရှားကျူးကျော်မှုဟာ အရှေ့အာရှကိုလည်း ရိုက်ခတ်လာပြီး အလားတူလုပ်ရပ်မျိုး တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကျွန်းအပေါ် ခြိမ်းခြောက်လာမှာ ၊ အင်အားသုံး တိုက်ခိုက်လာမှာကို ဂျပန်နိုင်ငံက စိုးရိမ်နေပါတယ်။

XS
SM
MD
LG