သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီးပြားေရးနဲ႔ လုံၿခံဳေရး ပူးေပါင္းေဆာင္ရြက္ဖို႔ ဂ်ပန္နဲ႔ ဗီယက္နမ္ သေဘာတူ


ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida. (ဧၿပီ ၂၆၊ ၂၀၂၂)

(Zawgyi / Unicode)

ဗီယက္နမ္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ ယူကရိန္းစစ္ပြဲ အဆုံးသတ္ေရးကို ႏွစ္ႏိုင္ငံ သေဘာတူ ေတာင္းဆိုလိုက္ၿပီး စီးပြားေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးကို ျမႇင့္တင္ၾကဖို႔ တနဂၤေႏြေန႔က သေဘာတူလိုက္ၾကေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေျပာပါတယ္။

Kishida ဟာ ဗီယက္နမ္မွာ ေရာက္ရွိေနၿပီး ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh နဲ႔ ေဆြးေႏြးအၿပီးမွာ သတင္းေထာက္ေတြကို ခုလို ေျပာလိုက္တာပါ။

ယူကရိန္းနဲ႔ ေတာင္တ႐ုတ္ပင္လယ္ အျငင္းပြားမႈေတြကိုလည္း သူတို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ ဝန္ႀကီးခ်ဳပ္ေတြက ေျပာၾကပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ တ႐ုတ္၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ထိုင္ဝမ္၊ မေလးရွားနဲ႔ ဘ႐ူႏိုင္းတို႔ဟာ နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားေနၾကပါတယ္။

“အင္အားသုံးၿပီး လက္ရွိအေျခအေနကို ေျပာင္းလဲတဲ့ ဘယ္ေျပာင္းလဲမႈမ်ိဳးမဆို က်ေနာ္တုိ႔ အသိအမွတ္ မျပဳႏိုင္ပါဘူး။” လို႔ ယူကရိန္း အက်ပ္အတည္းနဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္တို႔ကို ရည္ၫႊန္းၿပီး Kishida က ေျပာပါတယ္။

ယူကရိန္းစစ္ကို ခ်က္ခ်င္းအဆုံးသတ္ဖို႔ လိုအပ္ေၾကာင္း ႏွစ္ႏိုင္ငံလုံးက သေဘာတူၾကပါတယ္လို႔ သူက ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံဟာ ဗီယက္နမ္ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈ အကူအညီ အမ်ားဆုံးရတဲ့ ႏိုင္ငံျဖစ္ၿပီး ႏိုင္ငံျခား တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမွာ တတိယအႀကီးဆုံး ရင္းႏွီးျမႇဳပ္ႏွံတဲ့ႏိုင္ငံလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

စီးပွားရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နဲ့ ဗီယက်နမ် သဘောတူ

ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတို့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို နှစ်နိုင်ငံ သဘောတူ တောင်းဆိုလိုက်ပြီး စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ကြဖို့ တနင်္ဂနွေနေ့က သဘောတူလိုက်ကြကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။

Kishida ဟာ ဗီယက်နမ်မှာ ရောက်ရှိနေပြီး ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နဲ့ ဆွေးနွေးအပြီးမှာ သတင်းထောက်တွေကို ခုလို ပြောလိုက်တာပါ။

ယူကရိန်းနဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေကိုလည်း သူတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ်တွေက ပြောကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှားနဲ့ ဘရူနိုင်းတို့ဟာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြပါတယ်။

“အင်အားသုံးပြီး လက်ရှိအခြေအနေကို ပြောင်းလဲတဲ့ ဘယ်ပြောင်းလဲမှုမျိုးမဆို ကျနော်တို့ အသိအမှတ် မပြုနိုင်ပါဘူး။” လို့ ယူကရိန်း အကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်တို့ကို ရည်ညွှန်းပြီး Kishida က ပြောပါတယ်။

ယူကရိန်းစစ်ကို ချက်ချင်းအဆုံးသတ်ဖို့ လိုအပ်ကြောင်း နှစ်နိုင်ငံလုံးက သဘောတူကြပါတယ်လို့ သူက ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ ဗီယက်နမ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အကူအညီ အများဆုံးရတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG