သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္စစ္အင္အား တိုးျမႇင့္ဖို႔ ႏိုင္ငံျခားေရးဝန္ႀကီး ကတိျပဳ


ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Yoshimasa Hayashi.

(Zawgyi / Unicode)

အာရွပင္လယ္ျပင္အတြင္း ကင္းလွည့္ေနတဲ့ အေမရိကန္ ေလယာဥ္တင္သေဘၤာေပၚကို စေနေန႔က သြားေရာက္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ေဒသတြင္း လံုၿခံဳေရးကို ထိန္းသိမ္းမႈမွာ အေမရိကန္ကို ကူညီဖို႔အတြက္ ဂ်ပန္ႏိုင္ငံက စစ္အင္အား တိုးျမႇင့္မယ့္အေၾကာင္း ကတိျပဳ ေျပာၾကားလိုက္ပါတယ္။

ဂ်ပန္ရဲ႕ ကာကြယ္ေရးစြမ္းရည္ကို သိသိသာသာ တိုးျမႇင့္သြားမွာျဖစ္ၿပီး ဂ်ပန္-အေမရိကန္ မဟာမိတ္ေတြရဲ႕ ကာကြယ္ထိန္းသိမ္းေရးပိုင္းမွာ ပိုၿပီး ခိုင္မာအားေကာင္းေစဖို႔ အေမရိကန္နဲ႔ နီးနီးကပ္ကပ္ ဆက္လက္ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Yoshimasa Hayashi က တိုက်ိဳၿမိဳ႕ေတာ္ ေတာင္ဘက္ပိုင္း ပင္လယ္ျပင္အတြင္း ခုတ္ေမာင္းေနတဲ့ အေမရိကန္ ေလယာဥ္တင္သေဘၤာ USS Abraham Lincoln ရဲ႕ ေလယာဥ္ေျပးလမ္းေပၚမွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

႐ုရွားရဲ႕ ယူကရိန္းက်ဴးေက်ာ္စစ္ဟာ ႏိုင္ငံတကာ သံတမန္ေရး စံႏႈန္းေတြကို ေစာ္ကားမႈတခုအျဖစ္ ႐ႈျမင္ၿပီး ဒီအခ်က္ဟာ ထိုင္ဝမ္ကို ထိန္းခ်ဳပ္ႏိုင္ေရး၊ ဂ်ပန္ကၽြန္းစုအနီးမွာ ၿခိမ္းေျခာက္ႏိုင္ေရး အိမ္နီးခ်င္း တ႐ုတ္ဘက္က စစ္အင္အားသံုးလာဖို႔ တြန္းအားျဖစ္ေစႏိုင္တယ္လို႔ ဂ်ပန္ႏိုင္ငံတြင္း စိုးရိမ္မႈေတြ ထြက္ေပၚလာခ်ိန္မွာပဲ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ မွတ္ခ်က္ ထြက္ေပၚလာတာပါ။

အာရွမွာ ၿငိမ္းခ်မ္းေစဖို႔ ရည္ရြယ္တယ္လို႔ တ႐ုတ္က ေျပာဆိုထားေပမဲ့လည္း ဂ်ပန္ဝန္းက်င္ ပင္လယ္ျပင္အတြင္း ႐ုရွားနဲ႔ တ႐ုတ္ရဲ႕ ပူးတြဲ စစ္ေရးေလ႔က်င့္မႈ အပါအဝင္ ႐ုရွားနဲ႔ လံုၿခံဳေရး ပူးေပါင္းေဆာင္ရြက္မႈကို တ႐ုတ္ဘက္က တိုးျမႇင့္လာတဲ့ အေရးကိုလည္း ဂ်ပန္ဘက္က စိုးရိမ္ေနတာ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ဂ်ပန္ဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Rahm Emanuel နဲ႔အတူ အေမရိကန္ ေလယာဥ္တင္သေဘၤာေပၚကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဂျပန်စစ်အင်အား တိုးမြှင့်ဖို့ နိုင်ငံခြားရေးဝန်ကြီး ကတိပြု

အာရှပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို စနေနေ့က သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်း လုံခြုံရေးကို ထိန်းသိမ်းမှုမှာ အမေရိကန်ကို ကူညီဖို့အတွက် ဂျပန်နိုင်ငံက စစ်အင်အား တိုးမြှင့်မယ့်အကြောင်း ကတိပြု ပြောကြားလိုက်ပါတယ်။

ဂျပန်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ တိုးမြှင့်သွားမှာဖြစ်ပြီး ဂျပန်-အမေရိကန် မဟာမိတ်တွေရဲ့ ကာကွယ်ထိန်းသိမ်းရေးပိုင်းမှာ ပိုပြီး ခိုင်မာအားကောင်းစေဖို့ အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က တိုကျိုမြို့တော် တောင်ဘက်ပိုင်း ပင်လယ်ပြင်အတွင်း ခုတ်မောင်းနေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ရဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ နိုင်ငံတကာ သံတမန်ရေး စံနှုန်းတွေကို စော်ကားမှုတခုအဖြစ် ရှုမြင်ပြီး ဒီအချက်ဟာ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ရေး၊ ဂျပန်ကျွန်းစုအနီးမှာ ခြိမ်းခြောက်နိုင်ရေး အိမ်နီးချင်း တရုတ်ဘက်က စစ်အင်အားသုံးလာဖို့ တွန်းအားဖြစ်စေနိုင်တယ်လို့ ဂျပန်နိုင်ငံတွင်း စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။

အာရှမှာ ငြိမ်းချမ်းစေဖို့ ရည်ရွယ်တယ်လို့ တရုတ်က ပြောဆိုထားပေမဲ့လည်း ဂျပန်ဝန်းကျင် ပင်လယ်ပြင်အတွင်း ရုရှားနဲ့ တရုတ်ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အပါအဝင် ရုရှားနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တရုတ်ဘက်က တိုးမြှင့်လာတဲ့ အရေးကိုလည်း ဂျပန်ဘက်က စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Rahm Emanuel နဲ့အတူ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG