သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဂျပန် ထိပ်သီးအွန်လိုင်းဆွေးနွေးပွဲ တရုတ်နိုင်ငံအရေး အဓိကဆွေးနွေး


US Japan
US Japan

အမေရိကန်နဲ့ ဂျပန် ထိပ်သီးအွန်လိုင်းဆွေးနွေးပွဲ တရုတ်နိုင်ငံအရေး အဓိကဆွေးနွေး

{{Zawgyi/Unicode}}

အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က တရားဝင် အွန်လိုင်းကနေ တွေ့ဆုံရာမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအရ ချဲ့ထွင်မှုတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

မိနစ် ၈၀ ကြာ ဆွေးနွေးမှုမှာ အချိန်တော်တော်များများကို တရုတ်နိုင်ငံအရေး ဆွေးနွေးဖြစ်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်ကပြောပါတယ်။ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်နိုင်ငံက ရန်လိုတဲ့လုပ်ရပ်တွေ တိုးလာတဲ့အပေါ် အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က စိုးရိမ်နေကြတာပါ။ တရုတ်အစိုးရက ထိုင်ဝမ်ဟာတရုတ်ပိုင်နက်ဖြစ်ပြီး လိုအပ်ပါ ကအင်အားသုံးဖြေရှင်းသွားမယ်လို့ပြောဆိုထားပါတယ်။

ဒါ့အပြင်အငြင်းပွားမှုတွေဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ကစစ်အင်အားတိုးချဲ့ထားသလို၊ အရှေ့တရုတ်ပင်လယ်ပြင်တွင်းက ကျွန်းတွေကိုလည်း တရုတ်နဲ့ ဂျပန်အငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့အပေါ် ဂျပန်အနေနဲ့လည်းစိုးရိမ်မှု တွေရှိနေပါတယ်။

မြောက်ကိုရီးယားက ၃ နှစ်ကျော်လောက်ရပ်ဆိုင်းထားတဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေကို ပြန်စကောင်းစမယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ပြောဆိုခဲ့ပြီးနောက်မှာပဲ အမေရိကန်နဲ့ ဂျပန် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ နျူကလီးယား အန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို သမ္မတဘိုင်ဒင်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

အမေရိကန်ရဲ့ရန်လိုမှုတွေကိုတုန့်ပြန်ဖို့အတွက် စစ်ရေးစွမ်းအင်ကိုချက်ခြင်းမြှင့်တင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဦးဆောင်တဲ့ အာဏာရအလုပ်သမားပါတီရဲ့ ပေါလစ်ဗျူရို အစည်းအဝေးမှာ ကြာသပတေး နေ့ကချမှတ် ခဲ့ကြောင်း၊ မြောက်ကိုရီးယားသတင်းဌာနက ကြေငြာခဲ့ပါတယ်။

၂ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုအတွင်း ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး၊ ရုရှားက ယူကရိန်းနယ်စပ်မှာ စစ်အင်အားတိုးမြှင့်ထားတာကြောင့် အရှေ့ဥရောပမှာ တင်းမာမှုတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

............................................

တိုက်ရိုက် လင့်ခ်








XS
SM
MD
LG