သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ဂျပန်ရောက် မြန်မာတွေ စစ်အာဏာရှင်ကို ရှုတ်ချဆန္ဒပြ


မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - Zaw Moe Aung)
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တောင်ကိုရီးယားရောက် မြန်မာများ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - Zaw Moe Aung)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေနဲ့ မြန်မာ့အရေးကို စာနာတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေက ဂယောင်နမ်ပြည် ချန်းဝမ်မြို့ ချန်းဝမ်ဘူတာရှေ့မှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲကို ဂယောင်နမ်ရောက် နိုင်ငံခြားသားများ ကူညီရေးစင်တာ အပါအဝင် ကိုရီးယား-မြန်မာ ပူးပေါင်းလုပ်ဆောင်ရေးအဖွဲ့နဲ့ ချန်းဝမ် မြန်မာအသင်းတို့ ပူးတွဲ ကျင်းပခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ပွဲမှာ ဂယောင်နမ် နိုင်ငံခြားသား ကူညီရေးစင်တာက မစ္စတာ ယီချောလ်စွန်းက မြန်မာ့အရေးကို ကိုရီးယားအစိုးရနဲ့ ပြည်သူတွေက ခုထက်ပိုပြီး ထောက်ခံ ကူညီကြဖို့ တိုက်တွန်းရင်း မြန်မာ့နွေဦးတော်လှန်ရေးဆိုင်ရာ သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဂျပန်ရောက် မြန်မာများ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ - AUN)
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဂျပန်ရောက် မြန်မာများ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ - AUN)

ဂျပန်နိုင်ငံမှာလည်း တနင်္ဂနွေနေ့က မြန်မာတွေ တိုကျိုမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိစေဖို့ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ (AUN) က Sugamo ဘူတာရှေ့မှာ ဟောပြောခဲ့ပြီး မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အလှူငွေ ကောက်ခံခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)




မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တောင်ကိုရီးယားရောက် မြန်မာများနဲ့ မြန်မာ့အရေး စာနာတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - Zaw Moe Aung)
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တောင်ကိုရီးယားရောက် မြန်မာများနဲ့ မြန်မာ့အရေး စာနာတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ ဆန္ဒပြ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - Zaw Moe Aung)



XS
SM
MD
LG