သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို-ပစိဖိတ် နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးမှု ဂျာမနီ လိုလား


ဂျာမန် ဝန်ကြီးချုပ် Olaf Scholz (ဘယ်)နဲ့ ဂျပန် ဝန်ကြီးချုပ် Fumio Kishida (ညာ)တို့ နှစ်ဦးအား တိုကျိုမြို့ ဂုဏ်ပြုအခမ်းအနားတခုမှာ တွေ့ရစဉ် (April 28, 2022)
ဂျာမန် ဝန်ကြီးချုပ် Olaf Scholz (ဘယ်)နဲ့ ဂျပန် ဝန်ကြီးချုပ် Fumio Kishida (ညာ)တို့ နှစ်ဦးအား တိုကျိုမြို့ ဂုဏ်ပြုအခမ်းအနားတခုမှာ တွေ့ရစဉ် (April 28, 2022)

[[ ZAWGYI / UNICODE ]]

အင်ဒို-ပစိဖိတ် နိုင်ငံတွေနဲ့ ပိုမိုရင်းနှီးမှု ဂျာမနီ လိုလား

ဂျာမနီဟာ တူညီတဲ့ စံတန်ဖိုးတွေရှိတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိချင်သလို ၊ ယူကရိန်းကို ရုရှားဝင်ကျူးကျော်မှု အဆုံးသတ်ရေးအတွက်လည်း လက်တွဲ လုပ်ဆောင်လိုတဲ့ ဆန္ဒရှိကြောင်း ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တိုကျိုမှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံမှုအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ကလည်း ဂျာမနီဝန်ကြီးချုပ် Scholz ရဲ့ ပြောကြားချက်ကို သဘောတူကြောင်း၊ ဂျာမနီနဲ့ ဂျပန်တို့ဟာ G 7 စက်မှုထိပ်သီး ၇ နိုင်ငံ အဖွဲ့ဝင်တွေ ဖြစ်ကြပြီး ရုရှားရဲ့ ရန်လိုတဲ့အပြုမူတွေ အဆုံးသတ်ရေး၊ နိုင်ငံတကာ တရားဥပဒေ ပြန်လည်စိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့၊ ငြိမ်းချမ်းမှုပြန်ရရေးအတွက် အတတ်နိုင်ဆုံး အမြန် လက်တွဲလုပ်ဆောင်ပြီး ကျရာတာဝန်ကို မျှဝေယူကြမှာ ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းပြဿနာဟာ နိုင်ငံတကာ လိုက်နာရမယ့် တရားဥပဒေ စိုးမိုးမှု အခြေခံအုတ်မြစ်ကို ယိမ်းယိုင်းစေတဲ့ အတွက် ဥရောပမှာတင် မကပဲ အာရှဒေသအတွက်ပါ ရိုက်ခတ်မှု ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရက ယူကရိန်းအတွက် လက်နက်မဟုတ်တဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကရိယာတွေ ပေးပို့ခဲ့ပါတယ်။ ဂျာမနီအစိုးရကလည်း မကြာသေးခင်ကမှ ယူကရိန်းကို စစ်လက်နက်တွေ ပေးပို့ဖို့ သဘောတူခဲ့သလို ဂျာမနီဆီက လက်နက်တွေပါ ဝယ်ယူခွင့်ပြုခဲ့ပြီး သူ့ရဲ့ မူဝါဒကို ပြောင်းလဲပစ်ခဲ့တာကြောင့် ပြည်တွင်းမှာရော ပြည်ပမဟာမိတ်တွေဆီကပါ ဖိအားပေးတာ ခံနေရတာပါ။

တိုက်ရိုက် လင့်ခ်

= = = = = = = = = =

{{ UNICODE }}






XS
SM
MD
LG