Zawgyi/Unicode
ဂ်ာမန္ သံတမန္ ၄၀ ေက်ာ္ ကို ႐ုရွားႏွင္ထုတ္
ဂ်ာမနီအစိုးရက ႐ုရွားသံတမန္ေတြကိုု ႏွင္ထုတ္ခဲ့တာကို လက္စားေခ်တုန္႔ျပန္တဲ့ အေနနဲ႔ အေရအတြက္တူ ဂ်ာမနီသံတမန္ ၄၀ ကို မလိုလား အပ္သူေတြအျဖစ္ ႐ုရွားက ႏွင္ထုတ္လိုက္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ဘာလင္ ႐ုရွားသံရံုး အရာရွိ အမ်ားအျပားကို မလိုလားအပ္သူေတြ အျဖစ္ ဂ်ာမဏီအစိုးရက ဧၿပီလ ၄ ရက္ေန႔က ေၾကညာၿပီး ႏွင္ထုတ္ခဲ့ တာေၾကာင့္ ခုလို ဆံုးျဖတ္ရတာျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဂ်ာမနီ ႏိုင္ငံျခားေရးဝန္ႀကီး Annalena Baerbock ကေတာ့ သူတို႔ ႏွင္ထုတ္လိုက္တဲ့ ႐ုရွားေတြဟာ ဂ်ာမနီမွာ သူတို႔ရွိေနခ်ိန္အတြင္း သံတမန္ေရးလုပ္ငန္း ဘာမွ လုပ္တာ မေတြ႕ရပဲ ဂ်ာမနီရဲ့ လြတ္လပ္မႈနဲ႔ ဂ်ာမန္အသိုင္းဝိုင္းၾကား ေသြးစည္းမႈကို ဆန္႔က်င္တဲ့ အလုပ္ေတြ ကိုသာ စံနစ္တက် လုပ္ေဆာင္ခဲ့တာ ျဖစ္ေၾကာင္း ေျပာပါတယ္။
အခု ႐ုရွားကေန ႏွင္ထုတ္တာခံရတဲ့ သံတမန္ေတြကေတာ့ ခက္ခဲတဲ့ အေျခေနေအာက္မွာေတာင္ ၂ ႏိုင္ငံ ဆက္ဆံေရးအတြက္ ေကာင္းေကာင္းမြန္မြန္ေဆာင္ရြက္ေနသူေတြျဖစ္တဲ့အတြက္ အခုလို သူတို႔ကို ႏွင္ထုတ္တဲ့ လုပ္ရပ္ဟာ ႐ုရွားအတြက္ပဲ ထိခိုက္ေစမယ္လို႔လည္း ေျပာပါတယ္။
ယူကရိန္းကို ႐ုရွားေတြ ဝင္ေရာက္က်ဴးေက်ာ္ခဲ့ၿပီး ယူကရိန္းက Bucha ၿမိဳ႕ကေလးမွာ အရပ္သားေတြ အစုလိုက္အသတ္ျဖတ္ခံရတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္မွာ ႐ုရွားသံတမန္ေတြကို ႏွင္ထုတ္တဲ့ ဥေရာပႏိုင္ငံအမ်ားအျပားထဲမွာ ဂ်ာမနီလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္။
###
ဂျာမန် သံတမန် ၄၀ ကျော် ကို ရုရှားနှင်ထုတ်
ဂျာမနီအစိုးရက ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့တာကို လက်စားချေတုန့်ပြန်တဲ့ အနေနဲ့ အရေအတွက်တူ ဂျာမနီသံတမန် ၄၀ ကို မလိုလား အပ်သူတွေအဖြစ် ရုရှားက နှင်ထုတ်လိုက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဘာလင် ရုရှားသံရုံး အရာရှိ အများအပြားကို မလိုလားအပ်သူတွေ အဖြစ် ဂျာမဏီအစိုးရက ဧပြီလ ၄ ရက်နေ့က ကြေညာပြီး နှင်ထုတ်ခဲ့ တာကြောင့် ခုလို ဆုံးဖြတ်ရတာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ကတော့ သူတို့ နှင်ထုတ်လိုက်တဲ့ ရုရှားတွေဟာ ဂျာမနီမှာ သူတို့ရှိနေချိန်အတွင်း သံတမန်ရေးလုပ်ငန်း ဘာမှ လုပ်တာ မတွေ့ရပဲ ဂျာမနီရဲ့ လွတ်လပ်မှုနဲ့ ဂျာမန်အသိုင်းဝိုင်းကြား သွေးစည်းမှုကို ဆန့်ကျင်တဲ့ အလုပ်တွေ ကိုသာ စံနစ်တကျ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
အခု ရုရှားကနေ နှင်ထုတ်တာခံရတဲ့ သံတမန်တွေကတော့ ခက်ခဲတဲ့ အခြေနေအောက်မှာတောင် ၂ နိုင်ငံ ဆက်ဆံရေးအတွက် ကောင်းကောင်းမွန်မွန်ဆောင်ရွက်နေသူတွေဖြစ်တဲ့အတွက် အခုလို သူတို့ကို နှင်ထုတ်တဲ့ လုပ်ရပ်ဟာ ရုရှားအတွက်ပဲ ထိခိုက်စေမယ်လို့လည်း ပြောပါတယ်။
ယူကရိန်းကို ရုရှားတွေ ဝင်ရောက်ကျူးကျော်ခဲ့ပြီး ယူကရိန်းက Bucha မြို့ကလေးမှာ အရပ်သားတွေ အစုလိုက်အသတ်ဖြတ်ခံရတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ရုရှားသံတမန်တွေကို နှင်ထုတ်တဲ့ ဥရောပနိုင်ငံအများအပြားထဲမှာ ဂျာမနီလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။