သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုမှု စွပ်စွဲချက်နဲ့ ရုရှားသံတမန်တွေကို ဥရောပနိုင်ငံတချို့ကနှင်ထုတ်


နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Wopke Hoekstra
နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး Wopke Hoekstra

(Zawgyi/ Unicode)

သူလျှိုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားသံတမန် ၁၇ ယောက်ကို နှင်ထုတ်လိုက်ကြောင်း နယ်သာလန်နိုင်ငံက အင်္ဂါေနေ့မှာ ကြေညာလိုက်ပြီးနောက် တခြားဥရောပနိုင်ငံတွေကတွေလည်း အလားတူကြေညာခဲ့ပါတယ်။

ရုရှားသံတမန် ၁၇ ဦးဟာ ထောက်လှမ်းရေး လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်နေသူတွေ ဖြစ်တာကြောင့် တိုင်းပြည်ကနေ နှင်ထုတ်ခဲ့တာလို့ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။
နယ်သာလန် ပြီးတဲ့နောက် အင်္ဂါနေ့မှာဘဲ ဘယ်လ်ဂျီယန် နိုင်ငံက ရုရှားသံတမန် ၂၁ ဦး၊ ချက် သမ္မတ နိုင်ငံက ၁ ဦးနဲ့ အိုင်ယာလန်နိုင်ငံက ၄ ဦးကို နှင်ထုတ်ခဲ့ပါတယ်။

မဟာမိတ်တွေနဲ့ အတူ EU ဥရောပနိုင်ငံတွေမှာ ရုရှားထောက်လှမ်းရေးတွေ နည်းသွားအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ချက်သမ္မတနိုင်ငံ-နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ပြီးတဲ့ ရက်သတ္တပတ်တွေအတွင်းတုန်းက အမေရိကန်ပြည်ထောင်စု၊ ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယား၊ အက်စတိုးနီးယား၊ လစ်သူရေးနီးယား၊ လတ်ဗီယာနဲ့ မွန်တီနီဂရိုး နိုင်ငံတွေကလည်း ရုရှား သံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုလန်နိုင်ငံကလည်း ရုရှား နိုင်ငံသား ၄၅ ဦးကို သံတမန် အယောင်ဆောင်ကာ လျှို့ဝှက်ထောက်လှမ်းရေး အလုပ်တွေ လုပ်ဆောင်နေတယ် ဆိုကာ တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။
ရုရှားအစိုးရကလည်း မတ်လအစောပိုင်းတုန်းက လစ်သူရေးနီးယားသံတမံ ၄ ဦး၊ လာဗီးယားသတမံ ၃ ဦး၊ အစတိုးနီးယန်းသံတမံ ၃ ဦးစုစုပေါင်း ၁၀ ဦး ကိုတိုင်းပြည်ကနေနှင်ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG