သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်ထုတ်ခံရတဲ့ ကန် သံတမန်များ မော်စကိုသံရုံးမှ ထွက်ခွာ


နှင်ထုတ်ခံရတဲ့ ကန် သံတမန်များ မော်စကိုသံရုံးမှ ထွက်ခွာ
( ဧပြီ ၅-၂၀၁၈)
နှင်ထုတ်ခံရတဲ့ ကန် သံတမန်များ မော်စကိုသံရုံးမှ ထွက်ခွာ ( ဧပြီ ၅-၂၀၁၈)

ရုရှားနိုင်ငံက နှင်ထုတ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ အမေရိကန်သံတမန်တွေနဲ့ မိသားစုဝင်တွေဟာ ဒီနေ့မှာပဲ မော်စကိုမြို့တော်က အမေရိကန် သံရုံးကနေ ထွက်ခွာခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ မှာ ရုရှားသူသျှိုဟောင်း တယောက်ကို ဓာတုအဆိပ်နဲ့လုပ်ကြံမှုမှာ ရုရှားရဲ့ လက်ချက်အဖြစ် စွပ်စွဲခဲ့ပြီးနောက် အပြန်အလှန် သံတမန်တွေကို နှင်ထုတ်နေကြတာပါ။

ရုရှားနိုင်ငံကနေ ထွက်ခွာဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ဒီနေ့မှာပဲ ဘတ်စ်ကား ၃ စင်းနဲ့ သံရုံးကနေ မော်စကိုလေဆိပ်ကို ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားထောက်လှမ်းရေးဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူတို့ကို မတ်လ ၄ ရက်နေ့က အဆိပ်ခတ် လုပ်ကြံမှုမှာတော့ တချိန်က ဆိုဗီယက်ယူနီယံ လက်ထက်မှာ ထုတ်လုပ်ခဲ့တဲ့ စစ်ဘက်သုံး အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်ကို အသုံးပြုခဲ့ကြောင်း ဗြိတိန်နိုင်ငံက ပြောဆိုထားတာပါ။

ဗြိတိန်နိုင်ငံကို ဘက်ပြောင်း ခိုလှုံခဲ့တဲ့ ရုရှား ၂ ဘက် သူလျှိုဟောင်းနဲ့ သမီးဖြစ်သူ Yulia တို့ကိုတော့ Salibury မြို့က ခုံတန်းလျား တခုပေါ်မှာ သတိလစ်မေ့မျော နေတာကို တွေ့ရှိခဲ့ကြတာပါ။ ဗြိတိန်အစိုးရကတော့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုဟာ ရုရှားရဲ့ လက်ချက် ဖြစ်နိုင်ဖို့များကြောင်း ပြောဆိုထားပြီး ရုရှားကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

တိုက်ခိုက်မှုနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးတွေလည်း ကျဆင်းလာခဲ့တာပါ။ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင် နိုင်ငံတွေအပါဝင် နိုင်ငံတော်တော်များများက ရုရှားသံတမန် ၁၅၀ ကျော်ကို နှင်ထုတ်ခဲ့ကြပြီး၊ အပြန်အလှန် အနေနဲ့ ရုရှားကလည်း သက်ဆိုင်ရာ နိုင်ငံတွေက သံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG