သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ ဗီယက္နမ္ လက္တဲြေဆာင္ရြက္မယ့္အထဲ ျမန္မာ့အေရးပါဝင္


ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida. (ေအာက္တိုဘာ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံက ပဋိပကၡ ျပႆနာေတြ ေျပလည္ေစေရးအတြက္ ဗီယက္နမ္နဲ႔ ဂ်ပန္ ႏွစ္ႏိုင္ငံၾကား အတူလက္တြဲ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရဲ႕ ၃ ရက္ၾကာ ဗီယက္နမ္ခရီးစဥ္အတြင္း အခုလို ေျပာဆိုလိုက္တာပါ။

"ျမန္မာႏိုင္ငံတြင္း အေျခအေနနဲ႔ ပတ္သက္လို႔ ဗီယက္နမ္နဲ႔ဂ်ပန္ အတူပူးေပါင္း ေဆာင္ရြက္သြားပါမယ္။ ေျမာက္ကိုရီးယားျပႆနာ ေျဖရွင္းေရးမွာလည္း ႏွစ္ႏိုင္ငံ အနီးကပ္ လက္တဲြ ေဆာင္ရြက္သြားမွာပါ။ ဒါ့အျပင္ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ရွိရင္းစြဲအေနအထား ေျပာင္းလဲသြားေအာင္ တဖက္သတ္ အင္အားသုံး လုပ္ေဆာင္ေနတဲ့ လုပ္ရပ္ကို လက္မခံပါဘူး။" လို႔ Mr. Kishida က ေျပာသြားတာပါ။

ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲမွာ တ႐ုတ္က လူလုပ္ကၽြန္းအတုေတြ တည္ေဆာက္ေနတာကို သူက ရည္ၫႊန္း ေျပာဆိုခဲ့ပါတယ္။

ယူကရိန္းစစ္ပြဲကို ခ်က္ခ်င္းရပ္စဲဖို႔ အေရးႀကီးေၾကာင္းလည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္က တနဂၤေႏြေန႔မွာ အေလးထား ေျပာဆိုပါတယ္။ ယူကရိန္းႏိုင္ငံရဲ႕ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈနဲ႔ ႏိုင္ငံတကာ စည္းမ်ည္းေတြအတိုင္း နယ္နိမိတ္ သတ္မွတ္ခ်က္ကို ေလးစားလိုက္နာရမယ္လို႔ ဟႏြိဳင္းၿမဳိ႕ေတာ္မွာ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Pham Minh Chinh နဲ႔ ေတြ႔ဆုံမႈအၿပီး ပူးတဲြျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Kishida က ေျပာဆိုခဲ့တာပါ။

ဗီယက္နမ္-ဂ်ပန္ သံတမန္ဆက္ဆံေရး ထူေထာင္ျခင္း အႏွစ္ ၅၀ ျပည့္ႏွစ္အျဖစ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ အခုလို လာေရာက္လည္ပတ္တာပါ။ ဂ်ပန္ႏိုင္ငံဟာ ဗီယက္နမ္ကို အမ်ားဆုံး ကူညီေထာက္ပံ့ေနတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Kishida ရဲ႕ ၈ ရက္ၾကာ ႏိုင္ငံတကာ ခရီးစဥ္အတြင္း ဗီယက္နမ္က ဒုတိယေျမာက္ ခရီးစဥ္ျဖစ္ၿပီး စေနေန႔တုန္းက အင္ဒိုနီးရွားႏိုင္ငံကို ပထမဆုံး သြားေရာက္ခဲ့တာပါ။ ဗီယက္နမ္ၿပီးရင္ ထိုင္း၊ အီတလီနဲ႔ ၿဗိတိန္ႏိုင္ငံေတြကို သြားေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဂျပန်နဲ့ ဗီယက်နမ် လက်တွဲဆောင်ရွက်မယ့်အထဲ မြန်မာ့အရေးပါဝင်

မြန်မာနိုင်ငံက ပဋိပက္ခ ပြဿနာတွေ ပြေလည်စေရေးအတွက် ဗီယက်နမ်နဲ့ ဂျပန် နှစ်နိုင်ငံကြား အတူလက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဉ်အတွင်း အခုလို ပြောဆိုလိုက်တာပါ။

"မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ ပတ်သက်လို့ ဗီယက်နမ်နဲ့ဂျပန် အတူပူးပေါင်း ဆောင်ရွက်သွားပါမယ်။ မြောက်ကိုရီးယားပြဿနာ ဖြေရှင်းရေးမှာလည်း နှစ်နိုင်ငံ အနီးကပ် လက်တွဲ ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရှိရင်းစွဲအနေအထား ပြောင်းလဲသွားအောင် တဖက်သတ် အင်အားသုံး လုပ်ဆောင်နေတဲ့ လုပ်ရပ်ကို လက်မခံပါဘူး။" လို့ Mr. Kishida က ပြောသွားတာပါ။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က လူလုပ်ကျွန်းအတုတွေ တည်ဆောက်နေတာကို သူက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို ချက်ချင်းရပ်စဲဖို့ အရေးကြီးကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ အလေးထား ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ နိုင်ငံတကာ စည်းမျည်းတွေအတိုင်း နယ်နိမိတ် သတ်မှတ်ချက်ကို လေးစားလိုက်နာရမယ်လို့ ဟနွိုင်းမြို့တော်မှာ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နဲ့ တွေ့ဆုံမှုအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်ဝန်ကြီးချုပ် Kishida က ပြောဆိုခဲ့တာပါ။

ဗီယက်နမ်-ဂျပန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း အနှစ် ၅၀ ပြည့်နှစ်အဖြစ် ဂျပန်ဝန်ကြီးချုပ် အခုလို လာရောက်လည်ပတ်တာပါ။ ဂျပန်နိုင်ငံဟာ ဗီယက်နမ်ကို အများဆုံး ကူညီထောက်ပံ့နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ရဲ့ ၈ ရက်ကြာ နိုင်ငံတကာ ခရီးစဉ်အတွင်း ဗီယက်နမ်က ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး စနေနေ့တုန်းက အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တာပါ။ ဗီယက်နမ်ပြီးရင် ထိုင်း၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG