သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တီးတိန္တိုက္ခိုက္မႈ “ပါဝင္ျခင္းမရွိ” ေၾကာင္း PDF-Zoland အဖြဲ႕ျငင္းဆို 


Tedim တီးတိန္

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္တီးတိန္ၿမိဳ႕မွာ လဝက႐ုံးနဲ႔သမဝါယမ႐ုံး မီးေလာင္ခဲ့တဲ့ ေအာက္တိုဘာလ ၁၁ ရက္ေန႔ည က စစ္တပ္နဲ႔ဆန႔္က်င္ဘက္ လက္နက္ကိုင္အဖြဲ႕တဖြဲ႕ၾကားက အျပန္အလွန္တိုက္ခိုက္မႈမွာ ပါဝင္ျခင္းမရွိေၾကာင္း ေဒသခံ PDF Zoland အဖြဲ႕က VOA ကို ေျပာပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ ေဒသခံေတြၾကား စိုးရိမ္မႈေတြ ေပၚေပါက္ေနသလို မလိုလားအပ္တဲ့ ဆုံးရႈံးမႈေတြ ေပၚေပါက္ခဲ့တာေၾကာင့္ တိုက္ခိုက္တဲ့အဖြဲ႕ကိုစုံစမ္းၿပီး ေဆြးေႏြးသြားမယ္လို႔ ေျပာပါတယ္။ တီးတိန္ၿမိဳ႕အေျခအေန ရန္ကုန္ကလာတဲ့ သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က တင္ျပပါမယ္။

ေအာက္တိုဘာလ ၁၁ ရက္ေန႔ ညက ျမန္မာစစ္တပ္ကိုဆန႔္က်င္ေနတဲ့ ေဒသခံ လက္နက္ကိုင္ အဖြဲ႕တဖြဲ႕နဲ႔စစ္တပ္ၾကား ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕မွာ တိုက္ပြဲျဖစ္ခဲ့ၿပီး သမဝါယမဦးစီးဌာန႐ုံးနဲ႔ လူဝင္မႈႀကီးၾကပ္ေရး႐ုံးေတြ မီးရႈိ႕ခံခဲ့ရပါတယ္။ ယာယီၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအနားမွာ မီးရႈိ႕ခံခဲ့ရေပမယ့္ မီးေလာင္ကြၽမ္းခဲ့ျခင္း မရွိပါဘူး။ PDF Zoland အဖြဲ႕က တာဝန္ရွိသူတဦးေက ဒီတိုက္ခိုက္မႈဟာ ေဒသခံ PDF အဖြဲ႕ရဲ႕ စစ္ေရးလႈပ္ရွားမႈမဟုတ္ေၾကာင္း VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ တိတိက်က်ေျပာႏိုင္တဲ့အခ်က္တခုကေတာ့ က်ေနာ္တို႔ ေဒသခံအဖြဲ႕အစည္းေတြ လုပ္တဲ့လႈပ္ရွားမႈ မဟုတ္ခဲ့ဘူးေပါ့။ ဒီကိစၥမွာ လက္ရွိမွာ အေျခအေနတခုခု ကိုယ့္ရဲ႕အေျခအေနနဲ႔ ကိုယ့္ရဲ႕အရွိန္တခုနဲ႔ က်ေနာ္တို႔အသည္းအသန္ စစ္ဆင္ေရးေတြျပင္ဆင္ေနတဲ့အခ်ိန္ျဖစ္တဲ့အခါက်ေတာ့ လက္ရွိစစ္ဆင္ေရးမွာ ဒီအပိုင္းေတြမပါဘူး။”

အျပန္အလွန္ တိုက္ခိုက္မႈေၾကာင့္ ႐ုံးအေဆာက္အဦးတခ်ိဳ႕ မီးေလာင္ခဲ့သလို ျပည္သူပိုင္အိမ္နဲ႔ ကားတခ်ိဳ႕ ဗုံးဆံေတြ ထိမွန္ခဲ့ေၾကာင္းနဲ႔ ျပည္သူေတြ စိုးရိမ္ေနတဲ့အေၾကာင္း ဇိုမီး ဖက္ဒရယ္အစည္းအ႐ုံးကလည္း မေန႔က ေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။ ဒီတိုက္ခိုက္မႈမွာ ပါဝင္တယ္လို႔ ေျပာဆိုထားတဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းက အဖြဲ႕ဝင္တဦးကေတာ့ လဝက႐ုံးကတဆင့္ ေ႐ြးေကာက္ပြဲမွာ မဲေပးဖို႔ ရည္႐ြယ္ၿပီး ျပည္သူေတြကို စည္း႐ုံးတာ၊ မွတ္ပုံတင္လုပ္တာ၊ ကဒ္ျပားေတြ ထုတ္ေပးေနတာေတြကို ဆန႔္က်င္တဲ့အေနနဲ႔ တိုက္ခိုက္ခဲ့တာဆိုၿပီး VOA ကို ေျပာဆိုထားပါတယ္။

အျပန္အလွန္ တိုက္ခိုက္မႈဟာ ၁ နာရီ ေက်ာ္ၾကာၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္ခဲ့တာေၾကာင့္ ေဒသခံအမ်ိဳးသမီးတဦးေသဆုံးခဲ့ၿပီး အရပ္သား ၂ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔လည္း မ်က္ျမင္သက္ေသေတြက ေျပာဆိုထားပါတယ္။ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတာေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာမရွိေသးသလို သီးျခား အတည္ျပဳခ်က္လည္း ထြက္ေပၚလာတာ မရွိပါဘူး။

တီးတိန္ေဒသခံတဦးကေတာ့ ဘယ္အဖြဲ႕အစည္းမွန္း အတိအက်မသိဘဲ မီးရႈိ႕ ဖ်က္ဆီးမႈနဲ႔ တိုက္ခိုက္မႈေတြ ႀကဳံလာရတဲ့ အေျခအေနအေပၚ စိုးရိမ္မိတယ္လို႔ VOA ကို ေျပာပါတယ္။ ေနာက္ထပ္ ေဒသခံတဦးကလည္း အေျခအေန ပိုဆိုးလာမွာကို စိုးရိမ္တယ္လို႔ ေျပာပါတယ္။

“အခုေလာေလာဆယ္ကေတာ့ အေျခအေနကေတာ့ ပံုမွန္ပါပဲ။ ညေနပိုင္း ေလးနာရီ၊ ငါးနာရီေလာက္ဆိုလို႔ရွိရင္ အရင္ေန႔ကထက္ လူအသြားအလာေတာ္ေတာ္ကို နည္းပါတယ္။ .....အရင္တုန္းကလည္း ျဖစ္ခဲ့ဖူးတယ္။ .......အရင္ကျဖစ္ခဲ့တာနဲ႔ မတူဘူးေလ။ ႐ံုးေတာင္ မီးေလာင္ေနတယ္ဆိုေတာ့ ....ၿပီးေတာ့ အသြားအလာကလည္း အရမ္းခက္ ....ေနာက္ ဒိထက္ပိုဆိုးမွာ - ဒိထက္ပိုဆိုးလာရင္ေတာ့ က်ေနာ္တို႔ အတြက္ေတာ့ အဆင္မေျပဘူးေလ။”

ေဒသခံ ကာကြယ္ေရးတပ္ PDF Zoland အဖြဲ႕ကေတာ့ ျပည္သူေတြ စိုးရိမ္ေၾကာင့္ၾကမႈ မရွိေအာင္ အျငင္သာဆုံးလုပ္ေဆာင္သြားမယ့္အေၾကာင္းနဲ႔ ကိုယ့္ေဒသနဲ႔ ကိုက္ညီတဲ့ အေျခအေနနဲ႔ လႈပ္ရွားေနခ်ိန္မွာ တိုက္ခိုက္တဲ့အဖြဲ႕ကို စုံစမ္းၿပီး ေဆြးေႏြးသြားမယ့္အေၾကာင္း VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔လက္ရွိမွာ အခုလုပ္ေနတဲ့ ပုဂၢိဳလ္ေတြကိုလည္း က်ေနာ္တို႔စံုစမ္းၿပီးေတာ့ လိုအပ္တဲ့ေျပာဆိုေဆြးေႏြးမႈေတြ၊ ေတြ႔ဆံုမႈေတြလုပ္ပါမယ္။ ၿပီးေတာ့က် ျပည္သူေတြဘက္ကလည္း သည္းခံေပးပါ။ က်ေနာ္တို႔က ျပည္သူေတြ လံုးဝမထိခုိက္ေအာင္၊ ျပည္သူေတြ စိုးရိမ္ေၾကာင့္က်မႈအနည္းဆံုးျဖစ္ေအာင္ ေတာ္လွန္ေရးကို အျငင္သာဆံုးနဲ႔အထိေရာက္ဆံုးျဖစ္ေအာင္ အထိေရာက္ဆံုး ေတာက္ေလွ်ာက္လုပ္လာခဲ့တဲ့ အေနအထား ျဖစ္ပါတယ္။”

တိုက္ပြဲျဖစ္ပြားၿပီး ေနာက္တေန႔ မနက္ပိုင္းမွာ ျဖစ္ပြားတဲ့ေနရာအနီးကို ျမန္မာစစ္တပ္ဘက္က ေရာက္လာၿပီး လုံၿခဳံေရးယူခဲ့ပါတယ္။ ၿမိဳ႕တြင္း သြားလာသူအခ်ိဳ႕ကို စစ္ေဆး ေမးျမန္းတာေတြ ရွိခဲ့ေပမဲ့ တီးတိန္ၿမိဳ႕ထဲမွာေတာ့ ဒီေန႔ ပုံမွန္သြားလာေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

တီးတိန်တိုက်ခိုက်မှု “ပါဝင်ခြင်းမရှိ”ကြောင်း PDF-Zoland အဖွဲ့ငြင်းဆို

ချင်းပြည်နယ်တီးတိန်မြို့မှာ လဝကရုံးနဲ့သမဝါယမရုံး မီးလောင်ခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ညက စစ်တပ်နဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တဖွဲ့ကြားက အပြန်အလှန်တိုက်ခိုက်မှုမှာ ပါဝင်ခြင်းမရှိကြောင်း ဒေသခံ PDF Zoland အဖွဲ့က VOA ကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ ပေါ်ပေါက်နေသလို မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် တိုက်ခိုက်တဲ့အဖွဲ့ကိုစုံစမ်းပြီး ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ တီးတိန်မြို့အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က တင်ပြပါမယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညက မြန်မာစစ်တပ်ကိုဆန့်ကျင်နေတဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့စစ်တပ်ကြား ချင်းပြည်နယ် တီးတိန်မြို့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး သမဝါယမဦးစီးဌာနရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတွေ မီးရှို့ခံခဲ့ရပါတယ်။ ယာယီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအနားမှာ မီးရှို့ခံခဲ့ရပေမယ့် မီးလောင်ကျွမ်းခဲ့ခြင်း မရှိပါဘူး။ PDF Zoland အဖွဲ့က တာဝန်ရှိသူတဦးကေ ဒီတိုက်ခိုက်မှုဟာ ဒေသခံ PDF အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုမဟုတ်ကြောင်း VOA ကို ပြောပါတယ်။

“ကျနော်တို့ တိတိကျကျပြောနိုင်တဲ့အချက်တခုကတော့ ကျနော်တို့ ဒေသခံအဖွဲ့အစည်းတွေ လုပ်တဲ့လှုပ်ရှားမှု မဟုတ်ခဲ့ဘူးပေါ့။ ဒီကိစ္စမှာ လက်ရှိမှာ အခြေအနေတခုခု ကိုယ့်ရဲ့အခြေအနေနဲ့ ကိုယ့်ရဲ့အရှိန်တခုနဲ့ ကျနော်တို့အသည်းအသန် စစ်ဆင်ရေးတွေပြင်ဆင်နေတဲ့အချိန်ဖြစ်တဲ့အခါကျတော့ လက်ရှိစစ်ဆင်ရေးမှာ ဒီအပိုင်းတွေမပါဘူး။”

အပြန်အလှန် တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးတချို့ မီးလောင်ခဲ့သလို ပြည်သူပိုင်အိမ်နဲ့ ကားတချို့ ဗုံးဆံတွေ ထိမှန်ခဲ့ကြောင်းနဲ့ ပြည်သူတွေ စိုးရိမ်နေတဲ့အကြောင်း ဇိုမီး ဖက်ဒရယ်အစည်းအရုံးကလည်း မနေ့က ကြေညာချက် ထုတ်ပြန် ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ ပြောဆိုထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းက အဖွဲ့ဝင်တဦးကတော့ လဝကရုံးကတဆင့် ရွေးကောက်ပွဲမှာ မဲပေးဖို့ ရည်ရွယ်ပြီး ပြည်သူတွေကို စည်းရုံးတာ၊ မှတ်ပုံတင်လုပ်တာ၊ ကဒ်ပြားတွေ ထုတ်ပေးနေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဆိုပြီး VOA ကို ပြောဆိုထားပါတယ်။

အပြန်အလှန် တိုက်ခိုက်မှုဟာ ၁ နာရီ ကျော်ကြာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေက ပြောဆိုထားပါတယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို သီးခြား အတည်ပြုချက်လည်း ထွက်ပေါ်လာတာ မရှိပါဘူး။

တီးတိန်ဒေသခံတဦးကတော့ ဘယ်အဖွဲ့အစည်းမှန်း အတိအကျမသိဘဲ မီးရှို့ ဖျက်ဆီးမှုနဲ့ တိုက်ခိုက်မှုတွေ ကြုံလာရတဲ့ အခြေအနေအပေါ် စိုးရိမ်မိတယ်လို့ VOA ကို ပြောပါတယ်။ နောက်ထပ် ဒေသခံတဦးကလည်း အခြေအနေ ပိုဆိုးလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်ကတော့ အခြေအနေကတော့ ပုံမှန်ပါပဲ။ ညနေပိုင်း လေးနာရီ၊ ငါးနာရီလောက်ဆိုလို့ရှိရင် အရင်နေ့ကထက် လူအသွားအလာတော်တော်ကို နည်းပါတယ်။ .....အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။ .......အရင်ကဖြစ်ခဲ့တာနဲ့ မတူဘူးလေ။ ရုံးတောင် မီးလောင်နေတယ်ဆိုတော့ ....ပြီးတော့ အသွားအလာကလည်း အရမ်းခက် ....နောက် ဒိထက်ပိုဆိုးမှာ - ဒိထက်ပိုဆိုးလာရင်တော့ ကျနော်တို့ အတွက်တော့ အဆင်မပြေဘူးလေ။”

ဒေသခံ ကာကွယ်ရေးတပ် PDF Zoland အဖွဲ့ကတော့ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှု မရှိအောင် အငြင်သာဆုံးလုပ်ဆောင်သွားမယ့်အကြောင်းနဲ့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ အခြေအနေနဲ့ လှုပ်ရှားနေချိန်မှာ တိုက်ခိုက်တဲ့အဖွဲ့ကို စုံစမ်းပြီး ဆွေးနွေးသွားမယ့်အကြောင်း VOA ကို ပြောပါတယ်။

“ကျနော်တို့လက်ရှိမှာ အခုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့စုံစမ်းပြီးတော့ လိုအပ်တဲ့ပြောဆိုဆွေးနွေးမှုတွေ၊ တွေ့ဆုံမှုတွေလုပ်ပါမယ်။ ပြီးတော့ကျ ပြည်သူတွေဘက်ကလည်း သည်းခံပေးပါ။ ကျနော်တို့က ပြည်သူတွေ လုံးဝမထိခိုက်အောင်၊ ပြည်သူတွေ စိုးရိမ်ကြောင့်ကျမှုအနည်းဆုံးဖြစ်အောင် တော်လှန်ရေးကို အငြင်သာဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင် အထိရောက်ဆုံး တောက်လျှောက်လုပ်လာခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။”

တိုက်ပွဲဖြစ်ပွားပြီး နောက်တနေ့ မနက်ပိုင်းမှာ ဖြစ်ပွားတဲ့နေရာအနီးကို မြန်မာစစ်တပ်ဘက်က ရောက်လာပြီး လုံခြုံရေးယူခဲ့ပါတယ်။ မြို့တွင်း သွားလာသူအချို့ကို စစ်ဆေး မေးမြန်းတာတွေ ရှိခဲ့ပေမဲ့ တီးတိန်မြို့ထဲမှာတော့ ဒီနေ့ ပုံမှန်သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG