သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔အတိုးတက္ဆုံးဖြဲ႕စည္းပုံလို႔ တင္စားၾကတဲ့ ခ်ီလီႏိုင္ငံဖြဲ႕စည္းပုံသစ္အဆိုျပဳမႈ မဲဆႏၵရွင္ေတြပယ္ခ်


ခ်ီလီသမၼတ Gabriel Boric

[[Zawgyi/Unicode]]

လူမႈအခြင့္အေရးေတြအေတာ္မ်ားမ်ားေပးထားၿပီး ကမာၻေပၚမွာ အတိုးတက္ဆုံးဖြဲ႔စည္းပုံတခုဆိုၿပီးတင္စားၾကတဲ့ ခ်ီလီႏိုင္ငံဖြဲ႕စည္းပုံအသစ္ အဆိုျပဳတာကို ခ်ီလီမဲဆႏၵရွင္ေတြ ပယ္ခ်လိုက္ပါတယ္။

လြန္ခဲ့တဲ့ ၄၁ ႏွစ္က ခ်ီလီအာဏာရွင္ဗိုလ္ခ်ဳပ္ႀကီး Augusto Pinochet (ၾသဂတ္စ္ တို ပီနာေရွး) ေရးခဲ့တဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒေနရာမွာ ဒီ ဥပေဒသစ္ကို အစားထိုးဖို႔ ရည္႐ြယ္တာပါ။ ဒီဖြဲ႕စည္းပုံသစ္ကို လက္ရွိ လက္ဝဲသမၼတ Gabrial Boric (ဂါဘရီရဲလ္ ေဘာရစ္(ခ်္) က ေထာက္ခံထားၿပီး အဲဒီထဲမွာေတာ့ လူမႈအခြင့္အေရးသစ္ေတြေပးထားသလို လူမႈဖူလုံေရးအစီအစဥ္ေတြအတြက္ အစိုးရတာဝန္ယူရမယ့္အပိုင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ သဘာဝပတ္ဝန္းက်င္ထိမ္းသိမ္းေရးဆိုင္ရာ စည္းမ်ဥ္းေတြကိုလည္း ေဖာ္ျပထားတာပါ။

လူထုဆႏၵခံယူပြဲရဲ႕မဲ ၉၉ ရာခိုင္ႏႈန္းေရတြက္ၿပီးခ်ိန္မွာေတာ့ မဲဆႏၵရွင္ ၆၁ ရာခိုင္ႏႈန္းက ဒီဖြဲ႕စည္းပုံအဆိုျပဳခ်က္ကို ပယ္ခ်ထားတယ္လို႔ ခ်ီလီ အာဏာပိုင္ေတြက ေျပာပါတယ္။ မဲဆႏၵရွင္ ၃၈ ရာခိုင္ႏႈန္းေက်ာ္ေလာက္ပဲ ဒီဖြဲ႔စည္းပုံကို ေထာက္ခံခဲ့ၾကတာပါ။ ဖြဲ႔စည္းပုံသစ္ေရးဆြဲဖို႔ဆိုၿပီး ခ်ီလီမဲဆႏၵရွင္ ၈၀ ရာခိုင္ႏႈန္းနီးပါးက ၂၀၂၀ တုန္းက မဲေပးခဲ့ၾကတာပါ။ ဒါေၾကာင့္ ဖြဲ႔စည္းပုံသစ္ ေရးဆြဲဖို႔ဆိုတာကေတာ့ ဆက္ၿပီး လုပ္ရမယ့္ကိစၥျဖစ္တယ္လို႔ ဖြဲ႕စည္းပုံအတည္ျဖစ္ေရးအဖြဲ႕ရဲ႕ ေျပာခြင့္ရသူ Karol Cariola က တနဂၤေႏြေန႔က ေျပာပါတယ္။

ဖြဲ႕စည္းပုံအသစ္ဆက္ၿပီး ေရးဆြဲႏိုင္ဖို႔ ခ်ီလီလူမႈအဖြဲ႕ေတြ ႏိုင္ငံေရးသမားေတြနဲ႔အတူ လက္တြဲေဆာင္႐ြက္သြားမယ္လို႔ သမၼတ Gabriel Boric က တနဂၤေႏြေန႔ လူထုဆႏၵခံယူပြဲအၿပီး ေျပာခဲ့ပါတယ္။ ႏိုင္ငံေရးပါတီေတြကလည္း ဖြဲ႕စည္းပုံအသစ္ျဖစ္လာဖို႔ ဆက္ၿပီး ႀကိဳးပမ္းသြားၾကမယ္လို႔ ကတိျပဳၾကပါတယ္။

အခု ရႈံးနိမ့္သြားတဲ့ ဖြဲ႕စည္းပုံထဲမွာေတာ့ အခမဲ့ပညာေရးစနစ္၊ အခမဲ့ က်န္းမာေရးစနစ္နဲ႔ အိုးအိမ္စနစ္ေတြကိုလည္း ထည့္သြင္းထားတာပါ။ ဒါ့အျပင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဌာနတိုင္းရင္းေဒသေတြကိုလည္း သတ္မွတ္ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကမ္ဘာ့အတိုးတက်ဆုံးဖွဲ့စည်းပုံလို့ တင်စားကြတဲ့ ချီလီနိုင်ငံဖွဲ့စည်းပုံသစ်အဆိုပြုမှု မဲဆန္ဒရှင်တွေပယ်ချ

လူမှုအခွင့်အရေးတွေအတော်များများပေးထားပြီး ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးဖွဲ့စည်းပုံတခုဆိုပြီးတင်စားကြတဲ့ ချီလီနိုင်ငံဖွဲ့စည်းပုံအသစ် အဆိုပြုတာကို ချီလီမဲဆန္ဒရှင်တွေ ပယ်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၄၁ နှစ်က ချီလီအာဏာရှင်ဗိုလ်ချုပ်ကြီး Augusto Pinochet (သြဂတ်စ် တို ပီနာရှေး) ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနေရာမှာ ဒီ ဥပဒေသစ်ကို အစားထိုးဖို့ ရည်ရွယ်တာပါ။ ဒီဖွဲ့စည်းပုံသစ်ကို လက်ရှိ လက်ဝဲသမ္မတ Gabrial Boric (ဂါဘရီရဲလ် ဘောရစ်(ချ်) က ထောက်ခံထားပြီး အဲဒီထဲမှာတော့ လူမှုအခွင့်အရေးသစ်တွေပေးထားသလို လူမှုဖူလုံရေးအစီအစဉ်တွေအတွက် အစိုးရတာဝန်ယူရမယ့်အပိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းတွေကိုလည်း ဖော်ပြထားတာပါ။

လူထုဆန္ဒခံယူပွဲရဲ့မဲ ၉၉ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ မဲဆန္ဒရှင် ၆၁ ရာခိုင်နှုန်းက ဒီဖွဲ့စည်းပုံအဆိုပြုချက်ကို ပယ်ချထားတယ်လို့ ချီလီ အာဏာပိုင်တွေက ပြောပါတယ်။ မဲဆန္ဒရှင် ၃၈ ရာခိုင်နှုန်းကျော်လောက်ပဲ ဒီဖွဲ့စည်းပုံကို ထောက်ခံခဲ့ကြတာပါ။ ဖွဲ့စည်းပုံသစ်ရေးဆွဲဖို့ဆိုပြီး ချီလီမဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းနီးပါးက ၂၀၂၀ တုန်းက မဲပေးခဲ့ကြတာပါ။ ဒါကြောင့် ဖွဲ့စည်းပုံသစ် ရေးဆွဲဖို့ဆိုတာကတော့ ဆက်ပြီး လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ဖွဲ့စည်းပုံအတည်ဖြစ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ Karol Cariola က တနင်္ဂနွေနေ့က ပြောပါတယ်။

ဖွဲ့စည်းပုံအသစ်ဆက်ပြီး ရေးဆွဲနိုင်ဖို့ ချီလီလူမှုအဖွဲ့တွေ နိုင်ငံရေးသမားတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ သမ္မတ Gabriel Boric က တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲအပြီး ပြောခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကလည်း ဖွဲ့စည်းပုံအသစ်ဖြစ်လာဖို့ ဆက်ပြီး ကြိုးပမ်းသွားကြမယ်လို့ ကတိပြုကြပါတယ်။

အခု ရှုံးနိမ့်သွားတဲ့ ဖွဲ့စည်းပုံထဲမှာတော့ အခမဲ့ပညာရေးစနစ်၊ အခမဲ့ ကျန်းမာရေးစနစ်နဲ့ အိုးအိမ်စနစ်တွေကိုလည်း ထည့်သွင်းထားတာပါ။ ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဌာနတိုင်းရင်းဒေသတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။

XS
SM
MD
LG