[[Zawgyi/Unicode]]
ဂ်ပန္ႏိုင္ငံကခရီးသြားေတြကို ျပည္ဝင္ခြင့္ဗီဇာထုတ္ေပးတဲ့အစီအစဥ္ကို တနဂၤေႏြေန႔မွာ ျပန္စမယ့္အေၾကာင္း တ႐ုတ္အစိုးရက ေၾကညာလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံက ခရီးသြားေတြကို ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြထုတ္ျပန္ခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံက ဗီဇာထုတ္ေပးတဲ့အစီအစဥ္ကို ၃ ပတ္နီးပါး ဆိုင္းငံ့ခဲ့ၿပီးေနာက္ ျပန္ဖြင့္ေပးလိုက္တာပါ။
ျပည္ဝင္ခြင့္ဗီဇာျပန္ထုတ္ေပးမယ့္ဆုံးျဖတ္ခ်က္ကိုေတာ့ တ႐ုတ္သံ႐ုံးဝဘ္ဆိုဒ္မွာ ေၾကညာခ်က္ ထုတ္ျပန္အသိေပးခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္ႏွစ္သစ္ကူးကာလမတိုင္ခင္ ဒီဇင္ဘာလေႏွာင္းပိုင္းမွာပဲ တ႐ုတ္ခရီးသြားေတြ ကိုဗစ္စမ္းသပ္စစ္ေဆးမႈေတြလုပ္ဖို႔ စည္းကမ္းထုတ္ျပန္လိုက္တဲ့ ဂ်ပန္ႏိုင္ငံကို လက္တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံကလည္း ဇန္နဝါရီလ ၁၀ ရက္ေန႔ကစ ဂ်ပန္ခရီးသြားေတြကို ျပည္ဝင္ခြင့္ဗီဇာအသစ္ ထုတ္မေပးပဲ ရပ္ဆိုင္းခဲ့တာပါ။
ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရး တင္းက်ပ္တဲ့ကန႔္သတ္ခ်က္ေတြကို ကန႔္ကြက္ဆႏၵျပမႈေတြ ႀကဳံခဲ့ရၿပီးေနာက္ ႐ုတ္တရက္ ေလွ်ာ့ေပးလိုက္တဲ့ တ႐ုတ္ႏိုင္ငံမွာ ေရာဂါကူးစက္မႈေတြ တိုးလာသလို ကပ္ေရာဂါနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို ျပည့္ျပည့္စုံစုံ ထုတ္ျပန္တာမရွိတာေၾကာင့္ ဂ်ပန္ႏိုင္ငံက တ႐ုတ္ခရီးသြားေတြအတြက္ စည္းကမ္းသစ္ေတြ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံဟာ ကိုဗစ္ေရာဂါကာကြယ္ေဆးထိုးထားေၾကာင္း အေထာက္အထား ျပသႏိုင္တဲ့ခရီးသြားေတြကို ေအာက္တိုဘာလကစ ျပန္လက္ခံခဲ့ၿပီး ေရာဂါလကၡဏာရွိေနသူကလြဲလို႔ ေဆးစစ္ဖို႔မလိုေတာ့ဘူးလို႔လည္း သတ္မွတ္ခဲ့တာပါ။ ဒါေပမဲ့လည္း ဒီဇင္ဘာလ ၃၀ မွာေတာ့ တ႐ုတ္ခရီးသြားေတြမထြက္ခြါခင္ ေရာဂါကင္းရွင္းေၾကာင္း အေထာက္အထား ျပသဖို႔နဲ႔ ဂ်ပန္ႏိုင္ငံ ေရာက္တဲ့အခါ ေနာက္ထပ္ စမ္းသပ္စစ္ေဆးခံဖို႔ စည္းကမ္းထုတ္ျပန္ခဲ့ပါတယ္။
တ႐ုတ္ခရီးသြားေတြအတြက္ ကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးစည္းကမ္းေတြ ထုတ္ျပန္ခဲ့တဲ့ ေတာင္ကိုရီးယားကိုလည္း တ႐ုတ္ႏိုင္ငံက ဗီဇာထုတ္ေပးတဲ့အစီအစဥ္ကို ဆိုင္းငံ့ခဲ့တာပါ။
===============
[[Unicode]]
ဂျပန်ခရီးသွားတွေအတွက် တရုတ်ပြည်ဝင်ခွင့်ဗီဇာ ပြန်ထုတ်ပေးမည်
ဂျပန်နိုင်ငံကခရီးသွားတွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတဲ့အစီအစဉ်ကို တနင်္ဂနွေနေ့မှာ ပြန်စမယ့်အကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံက ခရီးသွားတွေကို ကိုဗစ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေထုတ်ပြန်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ဗီဇာထုတ်ပေးတဲ့အစီအစဉ်ကို ၃ ပတ်နီးပါး ဆိုင်းငံ့ခဲ့ပြီးနောက် ပြန်ဖွင့်ပေးလိုက်တာပါ။
ပြည်ဝင်ခွင့်ဗီဇာပြန်ထုတ်ပေးမယ့်ဆုံးဖြတ်ချက်ကိုတော့ တရုတ်သံရုံးဝဘ်ဆိုဒ်မှာ ကြေညာချက် ထုတ်ပြန်အသိပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးကာလမတိုင်ခင် ဒီဇင်ဘာလနှောင်းပိုင်းမှာပဲ တရုတ်ခရီးသွားတွေ ကိုဗစ်စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ စည်းကမ်းထုတ်ပြန်လိုက်တဲ့ ဂျပန်နိုင်ငံကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကလည်း ဇန်နဝါရီလ ၁၀ ရက်နေ့ကစ ဂျပန်ခရီးသွားတွေကို ပြည်ဝင်ခွင့်ဗီဇာအသစ် ထုတ်မပေးပဲ ရပ်ဆိုင်းခဲ့တာပါ။
ကိုဗစ်ရောဂါထိန်းချုပ်ရေး တင်းကျပ်တဲ့ကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံခဲ့ရပြီးနောက် ရုတ်တရက် လျှော့ပေးလိုက်တဲ့ တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုတွေ တိုးလာသလို ကပ်ရောဂါနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ထုတ်ပြန်တာမရှိတာကြောင့် ဂျပန်နိုင်ငံက တရုတ်ခရီးသွားတွေအတွက် စည်းကမ်းသစ်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးထားကြောင်း အထောက်အထား ပြသနိုင်တဲ့ခရီးသွားတွေကို အောက်တိုဘာလကစ ပြန်လက်ခံခဲ့ပြီး ရောဂါလက္ခဏာရှိနေသူကလွဲလို့ ဆေးစစ်ဖို့မလိုတော့ဘူးလို့လည်း သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒီဇင်ဘာလ ၃၀ မှာတော့ တရုတ်ခရီးသွားတွေမထွက်ခွါခင် ရောဂါကင်းရှင်းကြောင်း အထောက်အထား ပြသဖို့နဲ့ ဂျပန်နိုင်ငံ ရောက်တဲ့အခါ နောက်ထပ် စမ်းသပ်စစ်ဆေးခံဖို့ စည်းကမ်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ခရီးသွားတွေအတွက် ကိုဗစ်ရောဂါထိန်းချုပ်ရေးစည်းကမ်းတွေ ထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယားကိုလည်း တရုတ်နိုင်ငံက ဗီဇာထုတ်ပေးတဲ့အစီအစဉ်ကို ဆိုင်းငံ့ခဲ့တာပါ။