သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ပင္လယ္အတြင္း တ႐ုတ္ေရတပ္ စစ္ေရးေလ့က်င့္


တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ PLA ေရတပ္မွာသံုးတဲ့ ၀၅၅ အမ်ဳိးအစား လမ္းညႊန္ဒံုးက်ည္ဖ်က္သေဘၤာ Nanchang

[[Zawgyi/Unicode]]

ေရနယ္နိမိတ္မွာ တ႐ုတ္ေရတပ္ရဲ႕ေျခလွမ္းျဖန္႔ႏိုင္မႈကို ျပသတဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံက အႀကီးဆံုးနဲ႔ အဆင့္အျမင့္ဆံုး ဖ်က္သေဘၤာတစီး ဂ်ပန္ပင္လယ္ထဲမွာ စစ္ေရးေလ့က်င့္မႈေတြလုပ္ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကမွ ေရခ်ထားတဲ့ Type 055 အမ်ဳိးအစား ဖ်က္သေဘၤာ Lhasa နဲ႔ စစ္ေရးေလ့က်င့္ေနတယ္လို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ Global Times သတင္းစာမွာ ေဖာ္ျပပါတယ္။

Type 055 အမ်ဳိးအစား ဖ်က္သေဘၤာေတြဟာ ေရဒါစနစ္မွာ မေပၚႏိုင္တဲ့ နည္းပညာေတြသံုးထားသလို Missile ဒံုးအမ်ဳိးအစား စုံကိုလည္း တပ္ဆင္ထားပါတယ္။ အဲဒီ 055 အမ်ဳိးအစား ဖ်က္သေဘၤာနဲ႔အတူ 052D အမ်ဳိးအစား ဖ်က္သေဘၤာ Chengdue နဲ႔ ၉၀၃ အမ်ဳိးအစား ဆီသေဘၤာတို႔လည္း စစ္ေရးေလ့က်င့္မႈမွာပါတယ္လို႔ သတင္းစာမွာေရးပါတယ္။

ဂ်ပန္ႏိုင္ငံ Nagasaki ျမဳိ႕က Fukue ကၽြန္းအေနာက္ဘက္ မိုင္ ၁၂၀ ေလာက္ကေန ဂ်ပန္ပင္လယ္ ဘက္ ဦးတည္သြားေနတဲ့ သေဘၤာ ၃ စီးကို တနဂၤေႏြေန႔က ေတြ႕ခဲ့တယ္လို႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ေရတပ္က သေဘၤာေတြကို အရွိန္အဟုန္ေဆာက္လုပ္ေနၿပီး ကမာၻမွာ ေရတပ္သေဘၤာအမ်ားဆံုး ပိုင္ဆိုင္ပါတယ္။ တ႐ုတ္ေရတပ္သေဘၤာေတြမွာ အဆင့္ျမင့္နည္းပညာနဲ႔ စစ္လက္နက္ပစၥည္းေတြကိုလည္း တပ္ဆင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ဂျပန်ပင်လယ်အတွင်း တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

ရေနယ်နိမိတ်မှာ တရုတ်ရေတပ်ရဲ့ခြေလှမ်းဖြန့်နိုင်မှုကို ပြသတဲ့အနေနဲ့ တရုတ်နိုင်ငံက အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဖျက်သင်္ဘောတစီး ဂျပန်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ရေချထားတဲ့ Type 055 အမျိုးအစား ဖျက်သင်္ဘော Lhasa နဲ့ စစ်ရေးလေ့ကျင့်နေတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times သတင်းစာမှာ ဖော်ပြပါတယ်။

Type 055 အမျိုးအစား ဖျက်သင်္ဘောတွေဟာ ရေဒါစနစ်မှာ မပေါ်နိုင်တဲ့ နည်းပညာတွေသုံးထားသလို Missile ဒုံးအမျိုးအစား စုံကိုလည်း တပ်ဆင်ထားပါတယ်။ အဲဒီ 055 အမျိုးအစား ဖျက်သင်္ဘောနဲ့အတူ 052D အမျိုးအစား ဖျက်သင်္ဘော Chengdue နဲ့ ၉၀၃ အမျိုးအစား ဆီသင်္ဘောတို့လည်း စစ်ရေးလေ့ကျင့်မှုမှာပါတယ်လို့ သတင်းစာမှာရေးပါတယ်။

ဂျပန်နိုင်ငံ Nagasaki မြို့က Fukue ကျွန်းအနောက်ဘက် မိုင် ၁၂၀ လောက်ကနေ ဂျပန်ပင်လယ် ဘက် ဦးတည်သွားနေတဲ့ သင်္ဘော ၃ စီးကို တနင်္ဂနွေနေ့က တွေ့ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်ရေတပ်က သင်္ဘောတွေကို အရှိန်အဟုန်ဆောက်လုပ်နေပြီး ကမ္ဘာမှာ ရေတပ်သင်္ဘောအများဆုံး ပိုင်ဆိုင်ပါတယ်။ တရုတ်ရေတပ်သင်္ဘောတွေမှာ အဆင့်မြင့်နည်းပညာနဲ့ စစ်လက်နက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားပါတယ်။

=========

XS
SM
MD
LG