သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားသမၼတ အာရွပစိဖိတ္ ၃ ႏိုင္ငံခရီး စတင္


အင္ဒိုနီးရွားသမၼတ Joko Widodo (ဝဲ) နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ ၂၀၁၉ ခု၊ G-20 ညီလာခံမွာ ေတြ႔ဆံုၾကစဥ္။ (ဇြန္ ၂၈၊ ၂၀၁၉ )  

[[Zawgyi/Unicode]]

အင္ဒိုနီးရွားသမၼတ ဝီဒိုဒိုဟာ တ႐ုတ္ျပည္ကို တနလၤာေန႔က ထြက္ခြါသြားခဲ့ပါတယ္။ တင္းက်ပ္တဲ့ ကိုဗစ္ 19 သတ္မွတ္ခ်က္ေတြေအာက္မွာ တ႐ုတ္ကို ရွားရွားပါးပါး လာေရာက္တဲ့ ႏိုင္ငံျခားေခါင္းေဆာင္တေယာက္ ျဖစ္ပါတယ္။

G 20 လို႔ သိၾကတဲ့ စီးပြါးေရးပမာဏ ႀကီးမားတဲ့ ႏိုင္ငံ၂၀ ရဲ႕ ထိပ္သီးအစည္းအေဝးကို ႏိုဝင္ဘာလလယ္ေလာက္မွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔အတြက္ သြားေရာက္တာ ျဖစ္တယ္လို႔ သမၼတဝီဒိုဒိုရဲ႕ခရီးကို ရႈျမင္ၾကပါတယ္။ သမၼတ ဝီဒိုဒိုဟာ တ႐ုတ္သမၼတ Xi Jinping (ရွီက်င္းပင္) နဲ႔ ဝန္ႀကီးခ်ဳပ္ Li Keqiang ကို အဂၤါေန႔မွာ ေတြ႕ဆုံဖို႔ရွိပါတယ္။ ဗုဒၶဟူးေန႔မွာေတာ့ ဂ်ပန္ကို သြားေရာက္ၿပီး ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ ေတြ႕ဆုံမွာျဖစ္သလို ၾကာသပေတးေန႔မွာ ေတာင္ကိုရီးယားသမၼတ Yoon Suk Yeol နဲ႔ ဆိုးလ္ၿမိဳ႕ မွာ ေတြ႕ဆုံမွာပါ။

တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ အင္ဒိုနီးရွားႏိုင္ငံတို႔ဟာ G 20 အဖြဲ႕ဝင္ ႏိုင္ငံေတြ ျဖစ္ၾကပါတယ္။ G 20 အဖြဲ႕မွာ ႏိုင္ငံ ၁၉ ႏိုင္ငံနဲ႔ ဥေရာပသမဂၢတို႔ ပါဝင္ၾကပါတယ္။ ႐ုရွားကလည္း G 20 မွာ ပါဝင္ပါတယ္။

တကယ္လို႔ တ႐ုတ္သမၼတ ရွီက်င္းပင္သာ G 20 အစည္းအေဝးကို တက္ေရာက္မယ္ဆိုရင္ ကိုဗစ္ကပ္ေဘး စျဖစ္ကတည္းကဆိုရင္ အင္ဒိုနီးရွားဟာ သူ႔ရဲ႕ ပထမဆုံး ႏိုင္ငံျခားခရီး ျဖစ္လာမွာပါ။ ကိုဗစ္ကပ္ေဘးအတြင္း ရွီက်င္းပင္ဟာ ႏိုင္ငံတကာအစည္းအေဝးေတြကို အင္တာနက္ကေနပဲ တက္ေရာက္တတ္ပါတယ္။ ကိုဗစ္မတိုင္မီ ရွီက်င္းပင္ ေနာက္ဆုံးသြားခဲ့တဲ့ႏိုင္ငံကေတာ့ ၂၀၂၀ ဇန္နဝါရီလ ၂၀ မွာ ျပန္လာခဲ့တဲ့ ျမန္မာႏိုင္ငံျဖစ္ပါတယ္။ ေနာက္ ၅ ရက္အၾကာမွာ ဝူဟန္ကို ခရီးသြားလာခြင့္ ကန႔္သတ္ပိတ္ပင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အင်ဒိုနီးရှားသမ္မတ အာရှပစိဖိတ် ၃ နိုင်ငံခရီး စတင်

အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုဟာ တရုတ်ပြည်ကို တနင်္လာနေ့က ထွက်ခွါသွားခဲ့ပါတယ်။ တင်းကျပ်တဲ့ ကိုဗစ် 19 သတ်မှတ်ချက်တွေအောက်မှာ တရုတ်ကို ရှားရှားပါးပါး လာရောက်တဲ့ နိုင်ငံခြားခေါင်းဆောင်တယောက် ဖြစ်ပါတယ်။

G 20 လို့ သိကြတဲ့ စီးပွါးရေးပမာဏ ကြီးမားတဲ့ နိုင်ငံ၂၀ ရဲ့ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလလယ်လောက်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် သွားရောက်တာ ဖြစ်တယ်လို့ သမ္မတဝီဒိုဒိုရဲ့ခရီးကို ရှုမြင်ကြပါတယ်။ သမ္မတ ဝီဒိုဒိုဟာ တရုတ်သမ္မတ Xi Jinping (ရှီကျင်းပင်) နဲ့ ဝန်ကြီးချုပ် Li Keqiang ကို အင်္ဂါနေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဂျပန်ကို သွားရောက်ပြီး ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံမှာဖြစ်သလို ကြာသပတေးနေ့မှာ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol နဲ့ ဆိုးလ်မြို့ မှာ တွေ့ဆုံမှာပါ။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ G 20 အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြပါတယ်။ G 20 အဖွဲ့မှာ နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ကြပါတယ်။ ရုရှားကလည်း G 20 မှာ ပါဝင်ပါတယ်။

တကယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်သာ G 20 အစည်းအဝေးကို တက်ရောက်မယ်ဆိုရင် ကိုဗစ်ကပ်ဘေး စဖြစ်ကတည်းကဆိုရင် အင်ဒိုနီးရှားဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီး ဖြစ်လာမှာပါ။ ကိုဗစ်ကပ်ဘေးအတွင်း ရှီကျင်းပင်ဟာ နိုင်ငံတကာအစည်းအဝေးတွေကို အင်တာနက်ကနေပဲ တက်ရောက်တတ်ပါတယ်။ ကိုဗစ်မတိုင်မီ ရှီကျင်းပင် နောက်ဆုံးသွားခဲ့တဲ့နိုင်ငံကတော့ ၂၀၂၀ ဇန်နဝါရီလ ၂၀ မှာ ပြန်လာခဲ့တဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ နောက် ၅ ရက်အကြာမှာ ဝူဟန်ကို ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။

XS
SM
MD
LG