သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္းစိန္ေထာင္က ႏိုင္ငံေရးအက်ဥ္းသား ၂၀၀ ေက်ာ္ သာယာဝတီေထာင္ကိုေျပာင္း


အင္းစိန္ေထာင္တြင္း လူဦးေရအဆမတန္မ်ားေနပံုကို ေထာင္က်တဦးက တိတ္တဆိတ္ေရးဆြဲခဲ့သည့္ ဧၿပီလ ၁၇၊ ၂၀၂၁ ေန႔စြဲနဲ႔ ပံုၾကမ္းတခု။ 

[[Zawgyi/Unicode]]

အင္းစိန္ေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသားေတြထဲက ရာဇသတ္ႀကီးပုဒ္မေတြ၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြနဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရသူ အေယာက္ ၂၀၀ ေက်ာ္ကို သာယာဝတီေထာင္ကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေထာင္အာဏာပိုင္ေတြက ေျပာင္းေရႊ႕ခဲ့တဲ့အေၾကာင္း အက်ဥ္းသားေတြနဲ႔နီးစပ္တဲ့ ေရွ႕ေနတဦးက ေျပာပါတယ္။ အဲလိုေျပာင္းေ႐ြ႕ခံရသူေတြထဲမွာ သတင္းမီဒီယာသမားတခ်ိဳ႕ပါဝင္တယ္လို႔ သိရပါတယ္။ ရန္ကုန္ကလာတဲ့ ေထာင္အေရြ႕အေျပာင္း သတင္းေပးပို႔ခ်က္ကို မဆုမြန္က တင္ျပေပးထားပါတယ္။

အင္းစိန္ေထာင္တြင္းကေန သာယာဝတီေထာင္ဘက္ကို ေျပာင္းေ႐ႊ႕ရတဲ့ အက်ဥ္းသားအေရအတြက္က အေယာက္ ၂၅၀ ရွိမယ္လို႔ ခန္႔မွန္းတဲ့အေၾကာင္း အက်ဥ္းေထာင္နဲ႔နီးစပ္သူ ေရွ႕ေနတဦးက VOA ကို ေျပာပါတယ္။ အဲဒီထဲကအေယာက္ ၅၀ ေလာက္ဟာ အမ်ိဳးသမီးႏိုင္ငံေရးအက်ဥ္းသားေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။ သာယာဝတီေထာင္ကို ေျပာင္းေ႐ႊ႕ခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသူေတြထဲမွာ အမ်ိဳးသမီးအလြတ္တန္း သတင္းေထာက္တဦးျဖစ္တဲ့ မၿငိမ္ၿငိမ္းေအး (ခ) ေမဘယ္လ္ပါဝင္သြားတယ္လို႔ သူ႔ေရွ႕ေနကေျပာပါတယ္။

“ဟုတ္တယ္ ၂၅၀ေလာက္ပါတယ္။ ေထာင္က်ေတြေပါ့။ သတင္းေထာက္ကေလးမေလးေလ ေမဘယ္လ္ ပါသြားတယ္။ အၾကမ္းဖ်င္း ဆရာတို႔သိသေလာက္ အဓိကကေတာ့ ဒီမွာကေနာက္ထပ္ အခ်ဳပ္နဲ႔ ထိန္းသိမ္းတာေတြမ်ားလာတယ္။ ေနာက္ေထာင္က် ၅၀၅ -ကတို႔အမႈအေသးေတြနဲ႔ကလည္း စစ္ေဆးၿပီးအမိန႔္ေတြခ်လာတဲ့အခါက်ေတာ့ ေထာင္ထဲအင္အားမ်ားတာမို႔ သူတို႔ ဟိုတဖက္ကို ေျပာင္း တယ္ထင္တယ္။”

ၿပီးခဲ့တဲ့ရက္ပိုင္း အင္းစိန္အက်ဥ္းေထာင္က ျပန္လြတ္လာသူတဦးေျပာဆိုခ်က္အရ အင္းစိန္ေထာင္အတြင္း အခန္းတိုင္းလိုလိုမွာ လူဦးေရ ၂ ဆ ျဖစ္ေနၿပီး ႏိုင္ငံေရး ပုဒ္မေတြနဲ႔ အဖမ္းခံရသူေတြက အမ်ားဆုံးျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားေတြကို ေထာင္အာဏာပိုင္ေတြကဖိႏွိပ္တာအျပင္ ႏွစ္ႀကီး အက်ဥ္းသားေတြက ႐ိုက္ႏွက္ဆဲဆိုတာေတြလုပ္သလို ေနရာထိုင္ခင္းအခက္အခဲေတြၾကားမွာ တခ်ိဳ႕ ေနရာအတြက္ ေငြေပးရတာေတြလည္း ရွိတယ္လို႔ အမည္မေဖာ္လိုတဲ့ လြတ္လာသူတဦးကေျပာ ပါတယ္။

ေထာင္ထဲမွာ အက်ဥ္းသားေတြမ်ားလာတဲ့အတြက္ အေဆာင္ေတြ အားခ်င္းတိုးခ်ဲ႕ေနတယ္လို႔လည္း ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔နီးစပ္တဲ့ သတင္းရပ္ကြက္က ေျပာပါတယ္။ အက်ဥ္းဦးစီးဌာန တာဝန္ရွိသူတဦးကေတာ့ ႏိုင္ငံေရးအက်ဥ္းသား မရွိေၾကာင္းနဲ႔ ေထာင္တြင္းဖိႏွိပ္မႈေတြမရွိေၾကာင္း တုံ႔ျပန္ျငင္းဆိုပါတယ္။

“အဲဒါဆိုလည္း က်ေနာ္ေျပာရဦးမယ္။ ပထမတခုက ႏိုင္ငံေရးအက်ဥ္းသားဆိုတဲ့စကားလုံး က်ေနာ္တို႔ဌာနက နားမလည္ပါဘူး။ ဟုတ္ၿပီေနာ္။ ႏိုင္ငံေရးအက်ဥ္းသားဆိုတာကိုက်ေနာ္တို႔ နားမလည္ပါဘူး။ တည္ဆဲဥပေဒကိုခ်ိဳးေဖာက္တဲ့အတြက္ သက္ဆိုင္ရာတရား႐ုံးေတြကေနၿပီးေတာ့ ျပစ္ဒဏ္တခုနဲ႔လာေရာက္ပို႔ေဆာင္ သူေတြပဲ ရွိပါတယ္။ အဲေတာ့ႏိုင္ငံေရးအက်ဥ္းသားလို႔ေျပာရင္ က်ေနာ္တို႔က နားမလည္ေတာ့ပါဘူးခင္ဗ်ာ။ ဒါတခုေျဖေပးတယ္။ ေနာက္တခုကေတာ့ ေထာင္တြင္းဖိႏွိပ္မႈလို႔ သုံးသြားတယ္။ က်ေနာ္တို႔မွာ ဥပေဒလုပ္ထုံးလုပ္နည္းေတြရွိပါတယ္။ အဲဒါေတြကို အနီးစပ္ဆုံး အတတ္ႏိုင္ဆုံးလုပ္ပါတယ္။ ဖိႏွိပ္ျခင္းဆိုတာ မရွိပါဘူး။”

ျပည္တြင္း အက်ဥ္းေထာင္ေတြထဲက အေျခအေနေတြကို အျပင္ကမသိေအာင္ သတင္းအေမွာင္ခ်ထားတာ၊ ျပင္ပက အေျခအေနကိုမသိရေအာင္ ပိတ္ပင္ အဆက္အသြယ္ျဖတ္ေတာက္တာ၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို ကိုဗစ္ အေၾကာင္းျပကာ မိသားစုနဲ႔ေတြ႕ခြင့္မေပးတာေတြလုပ္ထားတာမို႔ ေထာင္တြင္း ညႇဥ္းပန္းႏွိပ္ စက္မႈနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အျပင္ကသိပ္မသိတဲ့အေၾကာင္း အက်ဥ္းသား ကူညီေရးအဖြဲ႔ေတြက ေျပာပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားေတြကို ဘာ့ေၾကာင့္ ေထာင္ေ႐ႊ႕တယ္ဆိုတာမ်ိဳး စစ္ေကာင္စီဘက္က ထုတ္ေျပာတာမ်ဳိးေတာ့ မရွိပါဘူး။

မၾကာေသးခင္ လပိုင္းေတြအတြင္း အင္းစိန္ေထာင္မွာ ထင္ရွားတဲ့ႏိုင္ငံေရးအက်ဥ္းသားေတြအပါအဝင္ အက်ဥ္းသား ၄ ဦး ကြပ္မ်က္ခံရၿပီး အစာငတ္ခံ ဆႏၵျပတဲ့ သူတခ်ဳိ႕ရွိခဲ့သလို ဆႏၵျပသူေတြကို အေဆာင္ေျပာင္းတာ တိုက္ပိတ္အေရးယူ တာေတြရွိတယ္လို႔ အမည္မေဖၚလိုသူ အင္းစိန္ေထာင္က ျပန္လြတ္လာသူတဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့လပိုင္းအတြင္းမွာပဲ အင္းစိန္ေထာင္ကေန တျခား ျပည္နယ္နဲ႔တိုင္းအသီးသီး ေထာင္ေတြဆီကို အေယာက္ ၈၀၀ နီးပါးေျပာင္းခဲ့တယ္လို႔ အက်ဥ္းသားေတြနဲ႔ နီးစပ္တဲ့ ေရွ႕ေနအသိုင္းအဝိုင္းက ခန္႔မွန္းပါတယ္။

ႏိုင္ငံေရး အက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ထုတ္ျပန္ခ်က္ အရ စစ္အာဏာ သိမ္းၿပီးေနာက္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းခံထားရသူ စုစုေပါင္း ၁၅,၀၀၀ ေလာက္ရွိၿပီး ဒီထဲက ၁၂,၀၀၀ က်ာ္ဟာ ဆက္လက္ဖမ္းဆီးခံေနရဆဲျဖစ္ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ AAPP စာရင္းက ခ်ဲ႕ကားထားတဲ့ စာရင္းျဖစ္တယ္ဆိုၿပီး လက္မခံဘဲ ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် သာယာဝတီထောင်ကိုပြောင်း

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေထဲက ရာဇသတ်ကြီးပုဒ်မတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ အယောက် ၂၀၀ ကျော်ကို သာယာဝတီထောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထောင်အာဏာပိုင်တွေက ပြောင်းရွှေ့ခဲ့တဲ့အကြောင်း အကျဉ်းသားတွေနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ပြောပါတယ်။ အဲလိုပြောင်းရွေ့ခံရသူတွေထဲမှာ သတင်းမီဒီယာသမားတချို့ပါဝင်တယ်လို့ သိရပါတယ်။ ထောင်အရွေ့အပြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်တွင်းကနေ သာယာဝတီထောင်ဘက်ကို ပြောင်းရွှေ့ရတဲ့ အကျဉ်းသားအရေအတွက်က အယောက် ၂၅၀ ရှိမယ်လို့ ခန့်မှန်းတဲ့အကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူ ရှေ့နေတဦးက VOA ကို ပြောပါတယ်။ အဲဒီထဲကအယောက် ၅၀ လောက်ဟာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲမှာ အမျိုးသမီးအလွတ်တန်း သတင်းထောက်တဦးဖြစ်တဲ့ မငြိမ်ငြိမ်းအေး (ခ) မေဘယ်လ်ပါဝင်သွားတယ်လို့ သူ့ရှေ့နေကပြောပါတယ်။

“ဟုတ်တယ် ၂၅၀လောက်ပါတယ်။ ထောင်ကျတွေပေါ့။ သတင်းထောက်ကလေးမလေးလေ မေဘယ်လ် ပါသွားတယ်။ အကြမ်းဖျင်း ဆရာတို့သိသလောက် အဓိကကတော့ ဒီမှာကနောက်ထပ် အချုပ်နဲ့ ထိန်းသိမ်းတာတွေများလာတယ်။ နောက်ထောင်ကျ ၅၀၅ -ကတို့အမှုအသေးတွေနဲ့ကလည်း စစ်ဆေးပြီးအမိန့်တွေချလာတဲ့အခါကျတော့ ထောင်ထဲအင်အားများတာမို့ သူတို့ ဟိုတဖက်ကို ပြောင်း တယ်ထင်တယ်။”

ပြီးခဲ့တဲ့ရက်ပိုင်း အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာသူတဦးပြောဆိုချက်အရ အင်းစိန်ထောင်အတွင်း အခန်းတိုင်းလိုလိုမှာ လူဦးရေ ၂ ဆ ဖြစ်နေပြီး နိုင်ငံရေး ပုဒ်မတွေနဲ့ အဖမ်းခံရသူတွေက အများဆုံးဖြစ်နေတယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေကဖိနှိပ်တာအပြင် နှစ်ကြီး အကျဉ်းသားတွေက ရိုက်နှက်ဆဲဆိုတာတွေလုပ်သလို နေရာထိုင်ခင်းအခက်အခဲတွေကြားမှာ တချို့ နေရာအတွက် ငွေပေးရတာတွေလည်း ရှိတယ်လို့ အမည်မဖော်လိုတဲ့ လွတ်လာသူတဦးကပြော ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားတွေများလာတဲ့အတွက် အဆောင်တွေ အားချင်းတိုးချဲ့နေတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားတွေနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတဦးကတော့ နိုင်ငံရေးအကျဉ်းသား မရှိကြောင်းနဲ့ ထောင်တွင်းဖိနှိပ်မှုတွေမရှိကြောင်း တုံ့ပြန်ငြင်းဆိုပါတယ်။

“အဲဒါဆိုလည်း ကျနော်ပြောရဦးမယ်။ ပထမတခုက နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံး ကျနော်တို့ဌာနက နားမလည်ပါဘူး။ ဟုတ်ပြီနော်။ နိုင်ငံရေးအကျဉ်းသားဆိုတာကိုကျနော်တို့ နားမလည်ပါဘူး။ တည်ဆဲဥပဒေကိုချိုးဖောက်တဲ့အတွက် သက်ဆိုင်ရာတရားရုံးတွေကနေပြီးတော့ ပြစ်ဒဏ်တခုနဲ့လာရောက်ပို့ဆောင် သူတွေပဲ ရှိပါတယ်။ အဲတော့နိုင်ငံရေးအကျဉ်းသားလို့ပြောရင် ကျနော်တို့က နားမလည်တော့ပါဘူးခင်ဗျာ။ ဒါတခုဖြေပေးတယ်။ နောက်တခုကတော့ ထောင်တွင်းဖိနှိပ်မှုလို့ သုံးသွားတယ်။ ကျနော်တို့မှာ ဥပဒေလုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ အဲဒါတွေကို အနီးစပ်ဆုံး အတတ်နိုင်ဆုံးလုပ်ပါတယ်။ ဖိနှိပ်ခြင်းဆိုတာ မရှိပါဘူး။”

ပြည်တွင်း အကျဉ်းထောင်တွေထဲက အခြေအနေတွေကို အပြင်ကမသိအောင် သတင်းအမှောင်ချထားတာ၊ ပြင်ပက အခြေအနေကိုမသိရအောင် ပိတ်ပင် အဆက်အသွယ်ဖြတ်တောက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုဗစ် အကြောင်းပြကာ မိသားစုနဲ့တွေ့ခွင့်မပေးတာတွေလုပ်ထားတာမို့ ထောင်တွင်း ညှဉ်းပန်းနှိပ် စက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်ကသိပ်မသိတဲ့အကြောင်း အကျဉ်းသား ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဘာ့ကြောင့် ထောင်ရွှေ့တယ်ဆိုတာမျိုး စစ်ကောင်စီဘက်က ထုတ်ပြောတာမျိုးတော့ မရှိပါဘူး။

မကြာသေးခင် လပိုင်းတွေအတွင်း အင်းစိန်ထောင်မှာ ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၄ ဦး ကွပ်မျက်ခံရပြီး အစာငတ်ခံ ဆန္ဒပြတဲ့ သူတချို့ရှိခဲ့သလို ဆန္ဒပြသူတွေကို အဆောင်ပြောင်းတာ တိုက်ပိတ်အရေးယူ တာတွေရှိတယ်လို့ အမည်မဖေါ်လိုသူ အင်းစိန်ထောင်က ပြန်လွတ်လာသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ အင်းစိန်ထောင်ကနေ တခြား ပြည်နယ်နဲ့တိုင်းအသီးသီး ထောင်တွေဆီကို အယောက် ၈၀၀ နီးပါးပြောင်းခဲ့တယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက် အရ စစ်အာဏာ သိမ်းပြီးနောက်မှာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၅,၀၀၀ လောက်ရှိပြီး ဒီထဲက ၁၂,၀၀၀ ကျာ်ဟာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP စာရင်းက ချဲ့ကားထားတဲ့ စာရင်းဖြစ်တယ်ဆိုပြီး လက်မခံဘဲ ပယ်ချထားပါတယ်။

XS
SM
MD
LG