သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေငြေၾကးမသမာမႈလုပ္ေဆာင္တဲ့ႏိုင္ငံစာရင္းမွာ ျမန္မာကို ထည့္သြင္းေတာ့မလား


Myanmar Currency

[[Zawgyi/Unicode]]

ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္မႈေတြအေပၚ ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရး ႏိုင္ငံတကာ အဖြဲ႔အစည္းတခုျဖစ္တဲ့ ျပင္သစ္အေျခစိုက္ FATF (Financial Action Task Force) အဖြဲ႔ရဲ႕ အမည္မည္းစာရင္းမွာ ျမန္မာႏိုင္ငံကို မၾကာခင္ သီတင္းပတ္ေတြအတြင္း ထည့္သြင္းမယ့္ပုံရွိေၾကာင္း အေနာက္ႏိုင္ငံနဲ႔ အာရွ အစိုးရအရာရွိတခ်ဳိ႕ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး Nikkei Asia သတင္းစာမွာ ေဖာ္ျပထားပါတယ္။ ဒီလို ထည့္သြင္းမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏိုင္ငံတကာအကူအညီေတြအေပၚ ထိခိုက္ႏိုင္တယ္ဆိုၿပီး သတိေပးခ်က္ေတြလည္း ထြက္ေပးေနပါတယ္။ လူ႔အခြင့္ အေရးအဖြဲ႔ေတြနဲ႔ သဘာဝပတ္ဝန္းက်င္ေရးရာ လႈပ္ရွားေဆာင္႐ြက္ေနသူေတြကေတာ့ ဒီအေရးယူမႈဟာ မွန္ကန္တဲ့လုပ္ရပ္ျဖစ္တယ္ဆိုၿပီး ေထာက္ခံေနပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

FATF ရဲ႕ ေအာက္တိုဘာလလယ္ ပါရီမွာက်င္းပမယ့္ အစည္းအေဝးမွာ ျမန္မာႏိုင္ငံကို အမည္မည္းစာရင္း ထည့္သြင္းေရးဆုံးျဖတ္မယ္လို႔ ဒီကိစၥနဲ႔ နီးစပ္တဲ့ အစိုးရအရာရွိေတြ ေျပာဆိုတာကို Nikkei Asia သတင္းစာက ေရးသားေဖာ္ျပပါတယ္။ FATF အဖြဲ႕ဟာ အစိုးရေတြအတြင္း အသင္းအဖြဲ႕ေတြနဲ႔ တာဝန္ရွိသူေတြ ပူးေပါင္းဖြဲ႕စည္းထားတဲ့ ေငြေၾကးမသမာမႈေတြကို ေစာင့္ၾကပ္ၿပီး မူဝါဒေတြ ခ်မွတ္ေနတဲ့ အဖြဲ႕ျဖစ္ပါတယ္။ အခုလို အမည္မည္းစာရင္း ထည့္သြင္းခံရမယ္ဆိုရင္ ႏိုင္ငံတကာရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ အကူအညီေတြအေပၚ ထိခိုက္ႏိုင္တာေၾကာင့္ ဘက္ေပါင္းစုံ အက်ပ္အတည္းရင္ဆုိင္ေနရတဲ့ စီးပြားေရးအေပၚ ပိုၿပီး ထိခိုက္ႏိုင္တယ္ဆိုၿပီး ျပင္ပ ပညာရွင္တခ်ဳိ႕က ႐ႈျမင္ပါတယ္။

ျမန္မာ့လူ႔အခြင့္အေရးကြန္ရက္ရဲ႕ အမႈေဆာင္ၫႊန္ၾကာေရးမႉး ဦးေက်ာ္ဝင္းကေတာ့ စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာျဖစ္သင့္တဲ့ ကိစၥ ျဖစ္တယ္လို႔ ျမင္ပါတယ္။

"က်ေနာ္တို႔အျမင္ကေတာ့ ဒီလိုအေရးယူတဲ့ဟာမ်ိဳးက ေနာက္ေတာင္က်ေနၿပီေပါ့ေနာ္။ ျမန္မာစစ္တပ္ကို အေရးယူသင့္တာ ေတာ္ေတာ္ေလးၾကာၿပီ။ တနည္းအားျဖင့္ေျပာမယ္ဆိုရင္ ျပည္တြင္းစစ္ရွိတဲ့ ႏိုင္ငံေတြအားလုံးမွာ ဒီလိုေငြေၾကးခဝါခ်မႈေတြ၊ လက္နက္ေမွာင္ခိုမႈေတြ၊ မူးယစ္ေဆးဝါးထုတ္လုပ္မႈေတြ ဆိုတာ ေငြကုန္ေၾကးက်မ်ားတဲ့ ျပည္တြင္းစစ္ကိုေထာက္ပံ့ဖို႔အတြက္ ရွိစၿမဲပါ။ သယံဇာတေတြ ခိုးထုတ္တာေတြ ဒါေတြက အၿမဲတမ္းရွိေနတဲ့ ျပႆနာတခုေပါ့ေနာ္။ ဒါေတြရဲ႕ အဓိကေသြးေၾကာ၊ အရင္းအျမစ္က ဘာလဲဆိုရင္ စစ္တပ္ပဲ။ ျမန္မာျပည္မွာ တကယ့္တကယ္ စီးပြားေရးလုပ္မယ္ ဆိုရင္ စစ္တပ္နဲ႔ မပတ္သက္လို႔ မရဘူး။ ေနရာတကာမွာ သူကခ်ဳပ္ကိုင္ထားတယ္။"

ျမန္မာစစ္တပ္ကို ဘ႑ာေငြေၾကး ေထာက္ပ့ံေနတဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႕လုပ္ငန္းလို ရင္းႏွီးျမွဳပ္ႏွံမႈေတြမွာ သပိတ္ေမွာက္ဖို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြ ေတာင္းဆိုေနခ်ိန္မွာပဲ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ တိုးလုပ္ဖို႔ ေတာင္းဆိုေနၾကပါတယ္။ ဦးေက်ာ္ဝင္းကေတာ့ စစ္တပ္နဲ႔ ပူးေပါင္းလုပ္ကိုင္ေနတဲ့ တျခားႏိုင္ငံတကာစီးပြားေရး လုပ္ငန္းေတြ၊ စစ္တပ္အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိတ္ပင္ဖို႔ လိုတယ္လို႔ ေထာက္ျပပါတယ္။

တခ်ိဳ႕ကေတာ့ အခုလို အမည္မည္းစာရင္း တင္သြင္းတဲ့ကိစၥေတြဟာ ႏိုင္ငံသားတေယာက္ ခ်င္းစီတိုင္းကို သက္ေရာက္မႈရွိလာႏိုင္တဲ့အတြက္ ဒါကိုလက္မခံၾကပါဘူး။ ေငြလႊဲတဲ့ကိစၥေတြ၊ စီးပြားေရးလုပ္ငန္းေတြအပါအဝင္က႑စုံမွာ ခက္ခဲသြားတဲ့အေျခအေနကို ေရာက္သြားႏိုင္လို႔ ျမန္မာႏိုင္ငံအတြက္ လက္ရွိအေျခအေနမွာ မေကာင္းတဲ့ကိစၥျဖစ္တယ္လို႔ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ကိုရဲက ဗြီအိုေအကိုေျပာပါတယ္။

"ကမာၻမွာလည္း ဒီလိုအျဖစ္အပ်က္မ်ိဳးေပါ့ အဲဒီလို blacklist မ်ိဳးက သိပ္မရွိဘူးထင္တယ္၊ က်ေနာ္တို႔ၾကားဖူးသေလာက္ အီရန္တို႔၊ ေျမာက္ကိုရီးယားတို႔ အဲလိုမ်ိဳးဟာေတြေတာ့ ရွိတယ္။ သူက sanction နဲ႔ေတာ့ကြာတယ္ sanction က ႏိုင္ငံေရးပိုဆန္တယ္၊ ဒီ FATF က ပိုၿပီး techincial ဆန္တယ္။ အဲဒီဟာသည္ ေတာ္ေတာ္ေလးခက္လိမ့္မယ္။ ျပန္ေလ်ာ့ေအာင္ ျပန္လုပ္ဖို႔က ေတာ္ေတာ္ကို လုပ္ရမဲ့ဟာမ်ိဳးျဖစ္မယ္။ ေသခ်ာေပါက္ကေတာ့ဗ်ာ အခုလက္ရွိ မင္းေအာင္လႈိင္ဦးေဆာင္တဲ့ အၾကမ္းဖက္ စစ္အုပ္စုနဲ႔ကေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ဘူး။ တိုင္းျပည္ကေတာ့ ပိုၿပီး ပ်က္သထက္ပ်က္၊ ပိုဆိုးသထက္ ဆိုးသြားတဲ့အေျခအေနကို ေရာက္သြားတယ္လို႔ ေျပာလို႔ရတယ္။"

FATF ရဲ႕ တိုးျမႇင့္ေစာင့္ၾကည့္တဲ့ ႏိုင္ငံနဲ႔ ေဒသမ်ား စာရင္းကေန လြတ္ေျမာက္ဖို႔ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာန အပါအဝင္ သက္ဆိုင္ရာဌာနေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္ ႐ြက္ေနတယ္လို႔ ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက စက္တင္ဘာ ၂၀ ရက္ေန႔က ဘဏ္လုပ္ငန္းက႑ အစည္းအေဝးမွာ ေျပာထားပါတယ္။

ျမန္မာႏိ္ုင္ငံမွာ တရားမဝင္ ေက်ာက္စိမ္းထုတ္လုပ္မႈ၊ လက္နက္ ေမွာင္ခိုကူးမႈ၊ သစ္ခိုးထုတ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံအတြင္း ေငြျဖဴ၊ ေငြမည္းခဝါခ်တဲ့ ျပႆနာေတြ ေပၚေပါက္ေစတယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြအတြင္း FATF အဖြဲ႕က ထုတ္ျပန္တဲ့ အစီရင္ခံစာေတြမွာ ေဖာ္ျပခဲ့ဖူးပါတယ္။ စစ္အာဏာသိမ္းထားတဲ့ ကာလမွာ အခုလို အမည္မည္းစာရင္း တင္သြင္းခံရႏိုင္ေျခရွိတာက ႏိုင္ငံတြင္းအက်ိဳးစီးပြား ထိခိုက္ႏိုင္ေပမယ့္ ဒီလုပ္ေဆာင္ခ်က္ဟာ မွန္ကန္တယ္လို႔ သဘာဝပတ္ဝန္းက်င္နဲ႔ ပတ္သက္ၿပီး လႈပ္ရွားေနသူတဦးက မွတ္ခ်က္ျပဳထားပါတယ္။

"သဘာဝပတ္ဝန္းက်င္ ကိစၥနဲ႔ပတ္သက္ရင္ အစိုးရအစဥ္အဆက္ မွားယြင္းခဲ့ၾကတယ္။ အထူးသျဖင့္ ဒီစစ္အာဏာရွင္ေတြ ေလာေလာလတ္လတ္ အုပ္ခ်ဳပ္တဲ့အခ်ိန္မွာ ပိုၿပီးေတာ့သိသိသာသာ ထိခိုက္နစ္နာခဲ့ၾကတယ္။ အဲေတာ့ ျပန္ၿပီးေနာက္ဆက္တြဲ ေအာ္သံဟစ္သံေတြေၾကာင့္ ျပန္လည္ထိန္းညႇိၾကတဲ့ကာလ ၂၀၁၂ ကေနစခဲ့ရင္ အဲလိုကာလေတြမွာ အနည္းအက်ဥ္းသက္သာတယ္ ဆိုတာက ၾကည့္ႏိုင္တဲ့အေနအထားပဲ ေရာက္တယ္။ ဒါေပမယ့္ ဆက္ၿပီးလည္း လုပ္ေနၾကတယ္။ အဲဒီေတာ့ ဒီေန႔ဒီကာလမွာ သူတို႔အေနနဲ႔ အမည္မည္းစာရင္း တင္သြင္းမယ္ဆိုတဲ့ ကိစၥကို က်ေနာ္တို႔အေနနဲ႔ မွန္ကန္တယ္လို႔ ေျပာႏိုင္ပါတယ္ခင္ဗ်။"

ျမန္မာႏိုင္ငံမွာ ေငြေၾကးခဝါခ်မႈ လုပ္ငန္းေတြ ပုံစံမ်ိဳးစုံရွိေနၿပီး ႏိုင္ငံတကာ စံသတ္မွတ္ခ်က္ေတြနဲ႔အညီ လုပ္ေဆာင္ဖို႔ အားနည္းခ်က္ေတြ ေတြ႕ရတဲ့အေၾကာင္း ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း အရင္ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရလက္ထက္ကတည္းက FATF အဖြဲ႕ႀကီးက မၾကာခဏ ေထာက္ျပခဲ့ပါတယ္။ အထူးသျဖင့္ ေ႐ႊႀတိဂံနယ္ေျမက မူးယစ္လုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ရာဇဝတ္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ဖို႔ တိုက္တြန္းခဲ့ၿပီး ေစာင့္ၾကည့္ႏိုင္ငံမ်ား စာရင္းမွာ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလကစၿပီး ျမန္မာႏိုင္ငံကို ထည့္သြင္းခဲ့ပါတယ္။

ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးမွာ ျမန္မာႏိုင္ငံဘက္က လိုအပ္ခ်က္ေတြ ရွိေနၿပီး ထိေရာက္ေအာင္ လုပ္ေဆာင္ဖို႔ ပ်က္ကြက္ေနတာကို ၿပီးခဲ့တဲ့ ဂြ်န္လအတြင္းက ျပင္သစ္အေျခစိုက္ FATF အဖြဲ႕က ထုတ္ျပန္တဲ့ စရင္းမွာ ေဖၚျပၿပီး အေၾကာင္းၾကားထားတဲ့အေၾကာင္းလည္း Nikkei Asia သတင္းစာမွာ ေရးပါတယ္။ ဒီလို အမည္မည္းစရင္းမွာ ထည့္သြင္းခံရမယ္ဆိုရင္ စီးပြားေရးအရ ဒဏ္ခတ္မႈေတြဟာ ႐ုန္းကန္ရပ္တည္ေနရတဲ့ ျမန္မာျပည္သူေတြအေပၚ ထိခိုက္ႏိုင္တယ္ဆိုတဲ့ သတိေပးတခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ငွေကြေးမသမာမှုလုပ်ဆောင်တဲ့နိုင်ငံစာရင်းမှာ မြန်မာကို ထည့်သွင်းတော့မလား

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ ပြင်သစ်အခြေစိုက် FATF (Financial Action Task Force) အဖွဲ့ရဲ့ အမည်မည်းစာရင်းမှာ မြန်မာနိုင်ငံကို မကြာခင် သီတင်းပတ်တွေအတွင်း ထည့်သွင်းမယ့်ပုံရှိကြောင်း အနောက်နိုင်ငံနဲ့ အာရှ အစိုးရအရာရှိတချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Nikkei Asia သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီလို ထည့်သွင်းမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာအကူအညီတွေအပေါ် ထိခိုက်နိုင်တယ်ဆိုပြီး သတိပေးချက်တွေလည်း ထွက်ပေးနေပါတယ်။ လူ့အခွင့် အရေးအဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက်နေသူတွေကတော့ ဒီအရေးယူမှုဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ထောက်ခံနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

FATF ရဲ့ အောက်တိုဘာလလယ် ပါရီမှာကျင်းပမယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမည်မည်းစာရင်း ထည့်သွင်းရေးဆုံးဖြတ်မယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ အစိုးရအရာရှိတွေ ပြောဆိုတာကို Nikkei Asia သတင်းစာက ရေးသားဖော်ပြပါတယ်။ FATF အဖွဲ့ဟာ အစိုးရတွေအတွင်း အသင်းအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ငွေကြေးမသမာမှုတွေကို စောင့်ကြပ်ပြီး မူဝါဒတွေ ချမှတ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုလို အမည်မည်းစာရင်း ထည့်သွင်းခံရမယ်ဆိုရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေအပေါ် ထိခိုက်နိုင်တာကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းရင်ဆိုင်နေရတဲ့ စီးပွားရေးအပေါ် ပိုပြီး ထိခိုက်နိုင်တယ်ဆိုပြီး ပြင်ပ ပညာရှင်တချို့က ရှုမြင်ပါတယ်။

မြန်မာ့လူ့အခွင့်အရေးကွန်ရက်ရဲ့ အမှုဆောင်ညွှန်ကြာရေးမှူး ဦးကျော်ဝင်းကတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။

"ကျနော်တို့အမြင်ကတော့ ဒီလိုအရေးယူတဲ့ဟာမျိုးက နောက်တောင်ကျနေပြီပေါ့နော်။ မြန်မာစစ်တပ်ကို အရေးယူသင့်တာ တော်တော်လေးကြာပြီ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်တွင်းစစ်ရှိတဲ့ နိုင်ငံတွေအားလုံးမှာ ဒီလိုငွေကြေးခဝါချမှုတွေ၊ လက်နက်မှောင်ခိုမှုတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ ဆိုတာ ငွေကုန်ကြေးကျများတဲ့ ပြည်တွင်းစစ်ကိုထောက်ပံ့ဖို့အတွက် ရှိစမြဲပါ။ သယံဇာတတွေ ခိုးထုတ်တာတွေ ဒါတွေက အမြဲတမ်းရှိနေတဲ့ ပြဿနာတခုပေါ့နော်။ ဒါတွေရဲ့ အဓိကသွေးကြော၊ အရင်းအမြစ်က ဘာလဲဆိုရင် စစ်တပ်ပဲ။ မြန်မာပြည်မှာ တကယ့်တကယ် စီးပွားရေးလုပ်မယ် ဆိုရင် စစ်တပ်နဲ့ မပတ်သက်လို့ မရဘူး။ နေရာတကာမှာ သူကချုပ်ကိုင်ထားတယ်။"

မြန်မာစစ်တပ်ကို ဘဏ္ဍာငွေကြေး ထောက်ပံ့နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းလို ရင်းနှီးမြှုပ်နှံမှုတွေမှာ သပိတ်မှောက်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆိုနေချိန်မှာပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးလုပ်ဖို့ တောင်းဆိုနေကြပါတယ်။ ဦးကျော်ဝင်းကတော့ စစ်တပ်နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ တခြားနိုင်ငံတကာစီးပွားရေး လုပ်ငန်းတွေ၊ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပိတ်ပင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

တချို့ကတော့ အခုလို အမည်မည်းစာရင်း တင်သွင်းတဲ့ကိစ္စတွေဟာ နိုင်ငံသားတယောက် ချင်းစီတိုင်းကို သက်ရောက်မှုရှိလာနိုင်တဲ့အတွက် ဒါကိုလက်မခံကြပါဘူး။ ငွေလွှဲတဲ့ကိစ္စတွေ၊ စီးပွားရေးလုပ်ငန်းတွေအပါအဝင်ကဏ္ဍစုံမှာ ခက်ခဲသွားတဲ့အခြေအနေကို ရောက်သွားနိုင်လို့ မြန်မာနိုင်ငံအတွက် လက်ရှိအခြေအနေမှာ မကောင်းတဲ့ကိစ္စဖြစ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲက ဗွီအိုအေကိုပြောပါတယ်။

"ကမ္ဘာမှာလည်း ဒီလိုအဖြစ်အပျက်မျိုးပေါ့ အဲဒီလို blacklist မျိုးက သိပ်မရှိဘူးထင်တယ်၊ ကျနော်တို့ကြားဖူးသလောက် အီရန်တို့၊ မြောက်ကိုရီးယားတို့ အဲလိုမျိုးဟာတွေတော့ ရှိတယ်။ သူက sanction နဲ့တော့ကွာတယ် sanction က နိုင်ငံရေးပိုဆန်တယ်၊ ဒီ FATF က ပိုပြီး techincial ဆန်တယ်။ အဲဒီဟာသည် တော်တော်လေးခက်လိမ့်မယ်။ ပြန်လျော့အောင် ပြန်လုပ်ဖို့က တော်တော်ကို လုပ်ရမဲ့ဟာမျိုးဖြစ်မယ်။ သေချာပေါက်ကတော့ဗျာ အခုလက်ရှိ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်စုနဲ့ကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ တိုင်းပြည်ကတော့ ပိုပြီး ပျက်သထက်ပျက်၊ ပိုဆိုးသထက် ဆိုးသွားတဲ့အခြေအနေကို ရောက်သွားတယ်လို့ ပြောလို့ရတယ်။"

FATF ရဲ့ တိုးမြှင့်စောင့်ကြည့်တဲ့ နိုင်ငံနဲ့ ဒေသများ စာရင်းကနေ လွတ်မြောက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင် ရွက်နေတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက စက်တင်ဘာ ၂၀ ရက်နေ့က ဘဏ်လုပ်ငန်းကဏ္ဍ အစည်းအဝေးမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင် ကျောက်စိမ်းထုတ်လုပ်မှု၊ လက်နက် မှောင်ခိုကူးမှု၊ သစ်ခိုးထုတ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း ငွေဖြူ၊ ငွေမည်းခဝါချတဲ့ ပြဿနာတွေ ပေါ်ပေါက်စေတယ်လို့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း FATF အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ စစ်အာဏာသိမ်းထားတဲ့ ကာလမှာ အခုလို အမည်မည်းစာရင်း တင်သွင်းခံရနိုင်ခြေရှိတာက နိုင်ငံတွင်းအကျိုးစီးပွား ထိခိုက်နိုင်ပေမယ့် ဒီလုပ်ဆောင်ချက်ဟာ မှန်ကန်တယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေသူတဦးက မှတ်ချက်ပြုထားပါတယ်။

"သဘာဝပတ်ဝန်းကျင် ကိစ္စနဲ့ပတ်သက်ရင် အစိုးရအစဉ်အဆက် မှားယွင်းခဲ့ကြတယ်။ အထူးသဖြင့် ဒီစစ်အာဏာရှင်တွေ လောလောလတ်လတ် အုပ်ချုပ်တဲ့အချိန်မှာ ပိုပြီးတော့သိသိသာသာ ထိခိုက်နစ်နာခဲ့ကြတယ်။ အဲတော့ ပြန်ပြီးနောက်ဆက်တွဲ အော်သံဟစ်သံတွေကြောင့် ပြန်လည်ထိန်းညှိကြတဲ့ကာလ ၂၀၁၂ ကနေစခဲ့ရင် အဲလိုကာလတွေမှာ အနည်းအကျဉ်းသက်သာတယ် ဆိုတာက ကြည့်နိုင်တဲ့အနေအထားပဲ ရောက်တယ်။ ဒါပေမယ့် ဆက်ပြီးလည်း လုပ်နေကြတယ်။ အဲဒီတော့ ဒီနေ့ဒီကာလမှာ သူတို့အနေနဲ့ အမည်မည်းစာရင်း တင်သွင်းမယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့အနေနဲ့ မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု လုပ်ငန်းတွေ ပုံစံမျိုးစုံရှိနေပြီး နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်ဖို့ အားနည်းချက်တွေ တွေ့ရတဲ့အကြောင်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ကတည်းက FATF အဖွဲ့ကြီးက မကြာခဏ ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ရွှေတြိဂံနယ်မြေက မူးယစ်လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ ရာဇဝတ်မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး စောင့်ကြည့်နိုင်ငံများ စာရင်းမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံကို ထည့်သွင်းခဲ့ပါတယ်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံဘက်က လိုအပ်ချက်တွေ ရှိနေပြီး ထိရောက်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်နေတာကို ပြီးခဲ့တဲ့ ဂျွန်လအတွင်းက ပြင်သစ်အခြေစိုက် FATF အဖွဲ့က ထုတ်ပြန်တဲ့ စရင်းမှာ ဖေါ်ပြပြီး အကြောင်းကြားထားတဲ့အကြောင်းလည်း Nikkei Asia သတင်းစာမှာ ရေးပါတယ်။ ဒီလို အမည်မည်းစရင်းမှာ ထည့်သွင်းခံရမယ်ဆိုရင် စီးပွားရေးအရ ဒဏ်ခတ်မှုတွေဟာ ရုန်းကန်ရပ်တည်နေရတဲ့ မြန်မာပြည်သူတွေအပေါ် ထိခိုက်နိုင်တယ်ဆိုတဲ့ သတိပေးတချက်တွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG