သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေငြေၾကးေဖါင္းပြမႈတိုက္ဖ်က္ေရး ဥပေဒၾကမ္း အေမရိကန္ အထက္လႊတ္ေတာ္ အတည္ျပဳ


ေငြေၾကးေဖာင္းပြမႈေလွ်ာ့ခ်ေရးဥပေဒၾကမ္းကို အတည္ျပဳခဲ့တဲ့ အထက္လႊတ္ေတာ္ 

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ ရာသီဥတုေဖါက္ျပန္ေျပာင္းလဲမႈတိုက္ဖ်က္ေရး၊ ေဆးဝါးအသုံးစရိတ္ ေလွ်ာ့ခ်ေရးနဲ႔ ေကာ္ပိုေရးရွင္းႀကီးေတြဆီက အခြန္ေတြ တိုးေကာက္ေရး ေဒၚလာ ဘီလ်ံ ၄၃၀ သုံးစြဲေရး ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က မေန႔က အတည္ျပဳလိုက္ပါတယ္။

ေငြေၾကးေဖါင္းပြမႈ တိုက္ဖ်က္ေရးလို႔ နာမည္ေပးထားတဲ့ ဥပေဒၾကမ္းဟာ ဒီႏွစ္ က်င္းပမယ့္ လႊတ္ေတာ္ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲေတြမွာ အႏိုင္ရၿပီး လႊတ္ေတာ္ကို အမ်ားစု ဆက္လက္စိုးမိုးႏိုင္ေရး အေထာက္အကူျပဳမယ့္ ဥပေဒအျဖစ္ ဒီမိုကရက္ပါတီဘက္က ေမွ်ာ္လင့္ထားပါတယ္။ ဒါေၾကာင့္လည္း မေန႔က အထက္လႊတ္ေတာ္မွာ အတည္ျပဳႏိုင္ခဲ့တာဟာ သမၼတ Joe Biden အတြက္ အဓိက ေအာင္ပြဲ တခုအျဖစ္ သတ္မွတ္ထားပါတယ္။

ႏွစ္ရက္ၾကာ တက္သုတ္႐ိုက္ ေဆြးေႏြးပြဲေတြ၊ ရီပတ္ဗလစ္ကန္ဘက္က ကန႔္ကြက္ မႈေတြ ႀကဳံရၿပီးတဲ့ေနာက္ ဥပေဒၾကမ္းကို ပါတီႏွစ္ခုရဲ႕ ရပ္တည္ခ်က္အတိုင္း တဘက္မဲ ၅၀ ဆီနဲ႔ အထက္လႊတ္ေတာ္မွာ တိုက္ေနပါတယ္။ ဒါေၾကာင့္ အထက္ လႊတ္ေတာ္ ဥကၠ႒ျဖစ္တဲ့ ဒုသမၼတ Kamala Harris ရဲ႕မဲ တမဲကို ဒီမိုကရက္ဘက္ က ရယူၿပီး ေထာက္ခံမဲ့ ၅၁ မဲ၊ ကန႔္ကြက္မဲ ၅၀ နဲ႔ အတည္ျပဳလိုက္ပါတယ္။ ဒီ ဥပေဒၾကမ္းကို ေအာက္လႊတ္ေတာ္မွာ လာမယ့္ ေသာၾကာေန႔ မဲခြဲ ဆုံးျဖတ္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ေအာက္လႊတ္ေတာ္မွာပါ အတည္ျပဳႏိုင္ၿပီး သမၼတ Joe Biden လက္မွတ္ေရးထိုးၿပီးရင္ ဥပေဒအျဖစ္ အတည္ျပဳႏိုင္ပါလိမ့္မယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ငွေကြေးဖေါင်းပွမှုတိုက်ဖျက်ရေး ဥပဒေကြမ်း အမေရိကန် အထက်လွှတ်တော် အတည်ပြု

အမေရိကန်ပြည်ထောင်စုမှာ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဆေးဝါးအသုံးစရိတ် လျှော့ချရေးနဲ့ ကော်ပိုရေးရှင်းကြီးတွေဆီက အခွန်တွေ တိုးကောက်ရေး ဒေါ်လာ ဘီလျံ ၄၃၀ သုံးစွဲရေး ဥပဒေကြမ်းကို အထက်လွှတ်တော်က မနေ့က အတည်ပြုလိုက်ပါတယ်။

ငွေကြေးဖေါင်းပွမှု တိုက်ဖျက်ရေးလို့ နာမည်ပေးထားတဲ့ ဥပဒေကြမ်းဟာ ဒီနှစ် ကျင်းပမယ့် လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီး လွှတ်တော်ကို အများစု ဆက်လက်စိုးမိုးနိုင်ရေး အထောက်အကူပြုမယ့် ဥပဒေအဖြစ် ဒီမိုကရက်ပါတီဘက်က မျှော်လင့်ထားပါတယ်။ ဒါကြောင့်လည်း မနေ့က အထက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တာဟာ သမ္မတ Joe Biden အတွက် အဓိက အောင်ပွဲ တခုအဖြစ် သတ်မှတ်ထားပါတယ်။

နှစ်ရက်ကြာ တက်သုတ်ရိုက် ဆွေးနွေးပွဲတွေ၊ ရီပတ်ဗလစ်ကန်ဘက်က ကန့်ကွက် မှုတွေ ကြုံရပြီးတဲ့နောက် ဥပဒေကြမ်းကို ပါတီနှစ်ခုရဲ့ ရပ်တည်ချက်အတိုင်း တဘက်မဲ ၅၀ ဆီနဲ့ အထက်လွှတ်တော်မှာ တိုက်နေပါတယ်။ ဒါကြောင့် အထက် လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဒုသမ္မတ Kamala Harris ရဲ့မဲ တမဲကို ဒီမိုကရက်ဘက် က ရယူပြီး ထောက်ခံမဲ့ ၅၁ မဲ၊ ကန့်ကွက်မဲ ၅၀ နဲ့ အတည်ပြုလိုက်ပါတယ်။ ဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ လာမယ့် သောကြာနေ့ မဲခွဲ ဆုံးဖြတ်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အောက်လွှတ်တော်မှာပါ အတည်ပြုနိုင်ပြီး သမ္မတ Joe Biden လက်မှတ်ရေးထိုးပြီးရင် ဥပဒေအဖြစ် အတည်ပြုနိုင်ပါလိမ့်မယ်။

XS
SM
MD
LG