သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲၿငိမ္သက္ေပမယ့္ ကေလးၿမိဳ႕နယ္ စစ္ေဘးေရွာင္ေတြ လုံၿခဳံမႈကင္းမဲ့ေန


kalay city ကေလးျမဳိ႕

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းမွာ ၿပီးခဲ့တဲ့ေမလကတည္းက စစ္ေကာင္စီတပ္ရဲ႕ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ေက်း႐ြာအေတာ္မ်ားမ်ားက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးၾကရပါတယ္။ စစ္ေကာင္စီတပ္ေတြ ႐ြာထဲဝင္ၿပီးေနာက္ ေနအိမ္မီးရႈိ႕တာခံရသလို ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္လာတာပါ။ တိုက္ပြဲတည္ၿငိမ္စျပဳလာတဲ့ လက္ရွိအခ်ိန္မွာ တခ်ိဳ႕ေဒသခံေတြ ေနအိမ္ျပန္လာႏိုင္ေပမယ့္ တခ်ိဳ႕ ေဒသခံေတြကေတာ့ ေတာေတာင္ထဲ အခက္အခဲေပါင္းစုံနဲ႔ ရင္ဆိုင္ေနၾကဆဲျဖစ္ပါတယ္။ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းက စစ္ေဘးဒုကၡသည္အေျခအေန ရန္ကုန္ကလာတဲ့ သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ေမလထဲက ကေလးၿမိဳ႕နယ္ေတာင္ပိုင္း ေက်း႐ြာေတြဘက္ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းဆင္း ဝင္ေရာက္ခဲ့ၿပီးေနာက္ ေက်း႐ြာေနအိမ္ေတြ မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ ႐ြာခံေတြက ေျပာဆိုၾကပါတယ္။ အဲ့ဒီေနာက္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ႏွစ္ဘက္ ထိေတြ႕တိုက္ပြဲေတြ ျဖစ္လာၿပီး ေရရွင္ေက်း႐ြာ၊ အေရွ႕စီးေက်း႐ြာ၊ ရွားဖိုေက်း႐ြာစတဲ့ ပတ္ဝန္းက်င္ေက်း႐ြာက ေဒသခံေတြလည္း ေဘးလြတ္ရာကို ထြက္ေျပးတိမ္ေရွာင္ေနၾကရပါတယ္။

တိုက္ပြဲတည္ၿငိမ္စျပဳလာလို႔ တခ်ိဳ႕ေဒသခံေတြက ေနအိမ္ျပန္လာၾကတာ တလေလာက္ရွိေနပါၿပီ။ ဒါေပမယ့္ ႐ြာလုံးကြၽတ္မီးရႈိ႕ခံရတဲ့ ေရရွင္ေက်း႐ြာနဲ႔ အေရွ႕စီးေက်း႐ြာ ေဒသခံတခ်ိဳ႕က ျပန္စရာေနအိမ္မရွိဘဲ ေတာေတာင္ထဲမွာ ခိုလႈံေနၾကဆဲျဖစ္တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေရရွင္ကေတာ့ ဘယ္သူမွျပန္လို႔မရဘူး။ သူတို႔႐ြာလည္း ဘာမွမက်န္ေတာ့ဘူးဆိုေတာ့ အေရွ႕စီးကေတာ့ ၃ ပုံ ၂ ပုံေလာက္ကေတာ့ ျပန္လာၾကၿပီဗ်၊ ျပန္လာၿပီးမွ ေဘးက ေက်း႐ြာထဲကေနၿပီးေတာ့မွ အိမ္အေသးေလးေတြ ေဆာက္ေပးၾကတယ္။ ရွိတဲ့ဟာေလးနဲ႔ေလ။ ေနာက္ၿပီးခါမွ စားနပ္ရိကၡာလည္း အဲ့လိုမ်ိဳးပဲ ေဘးကေနေထာက္ပံ့ေပးၾကတာ အဲ့လိုေနၾကတယ္ဗ်။ အေရွ႕စီးေတြ ျပန္လာၿပီ။ ရွားဖိုျပန္လာၿပီ။ တင္သားျပန္လာၿပီ။”

မီးေဘးသင့္ေဒသခံေတြ ေနထိုင္စားေသာက္ေရးအတြက္ ေဘးဝန္းက်င္ ေက်း႐ြာအခ်င္းခ်င္းက ဝိုင္းဝန္ကူညီထားၾကပါတယ္။ ႐ြာသူ႐ြာသားေတြ ေနအိမ္ျပန္လာႏိုင္ေပမယ့္ အခုခ်ိန္ထိ စိတ္ခ်လက္ခ်တဲ့ အေျခအေနမရွိေသးပါဘူး။
စစ္ေဘးဒုကၡသည္ေတြနဲ႔ မီးေဘးသင့္ ေဒသခံေတြအတြက္ အလႉရွင္ေတြ သိပ္မရၾကပါဘူး။ ေဆးဝါးနဲ႔ ရိကၡာအကူအညီေတြလည္း လိုအပ္ေနၾကတာလို႔ ဆိုပါတယ္။

“အခုခ်ိန္က မိုးတြင္းကာလဆိုေတာ့ ေဆးဝါးအခက္အခဲရွိတယ္ဗ်။ ေနာက္ၿပီး စားနပ္ရိကၡာလည္း အခက္အခဲရွိတယ္ဗ်။ မီးေဘးသင့္တဲ့႐ြာေတြက အေတာ္မ်ားတယ္ ဆိုေတာ့ ဒီက်န္ခဲ့တဲ့႐ြာကေနၿပီးမွ မွ်ၿပီးမွ ေပးရတာမ်ိဳးေတြ၊ အဲ့လိုမ်ိဳးပဲ စားေသာက္ေနၾကတယ္ ေလာေလာဆယ္ကေတာ့။ ေဘးကေန အမ်ားႀကီးကူညီေထာက္ပံ့တာမ်ိဳးေတာ့ သိပ္မရၾကေသးဘူး။ ဒီဘက္မွာကေတာ့ အခ်င္းခ်င္းကူညီတာပဲရွိတယ္။ က်ေနာ္တို႔ဘက္ကမွာလည္း စိတ္ခ်ရတဲ့ အေျခအေနမ်ိဳးေတာ့ မရွိဘူးဗ်၊ ဘာျဖစ္လို႔လဲဆိုေတာ့ ပ်ဴးေစာထီး႐ြာေတြနဲ႔လည္း ကပ္တယ္၊ ေျမာက္ပိုင္းမွာလည္း တိုက္ပြဲေတြက ျဖစ္ေနတယ္ဆိုေတာ့ အိမ္သမားေတြက အထုပ္ေတာင္မေျဖရဘူးေပါ့ဗ်ာ။ ဒီေက်ာပိုးအိတ္ဆိုရင္ ကိုယ့္အထုတ္နဲ႔ကိုယ္ ျပန္။ အိမ္ၿပီးၿပီဆိုလည္း ဒီအထုပ္က ဒီအတိုင္းပဲထားရတယ္၊ ဘယ္အခ်ိန္ေျပးရမလဲဆိုတာ မသိဘူးဆိုေတာ့ လြတ္လြတ္လပ္လပ္ေတာ့ ေနလို႔မရဘူး။ စိတ္ခ် လက္ခ်ကေတာ့။”

ေရရွင္႐ြာခံတဦးက ေဒသခံေတြ လက္ရွိတိမ္းေရွာင္ေနၾကတဲ့ ေတာေတာင္ထဲမွာ မိုးကာတဲထိုးၿပီး ျဖစ္သလို ေနထိုင္ၾကၿပီး အကူအညီေတြ သိပ္မရတာေၾကာင့္ စားစရာေတြက ေတာေတာင္ထဲမွာ ရွိတာေလးနဲ႔ ရွားစားေနရတာလို႔ ဆိုပါတယ္။

“ၿပီးခဲ့တဲ့ တေခါက္က ႐ြာထဲကို စစ္ေၾကာင္းထိုးေတာ့က်ရင္ တ႐ြာလုံးကို အဲ့လို စစ္တပ္က မီးရႈိ႕သြားတယ္ဆိုေတာ့ေလ။ အဲ့ဒါ တ႐ြာလုံး အိမ္ေတြ မရွိေတာ့ဘူး၊ အဲ့ဆိုေတာ့ ေတာထဲမွာပဲ ေနၾကတာ။ တ႐ြာလုံးကလူေတြက ႐ြာထဲမျပန္ၾကဘူး။ တ႐ြာလုံး အရႈိ႕ခံရတာ။ ႐ြာထဲမွာ အိမ္ေတြမရွိေတာ့ဘူးဆိုေတာ့ ႐ြာသူ႐ြာသားေတြက အဲ့ေတာထဲမွာပဲ တဲထိုးၿပီးေတာ့ ေနၾကတာ။ ေတာထဲမွာ အခုလိုအခ်ိန္ဆိုရင္ မိုးရာသီဆိုရင္ မႈိေတြေပၚတယ္ေလ၊ မွ်စ္ေတြ အဲ့လိုေတြပဲ ခ်ဥ္ေပါင္တို႔ အဲ့ဟာပဲရွိတာ လွည့္စားေနတာ။”

ေရရွင္ေက်း႐ြာဟာ အိမ္ေျခ ၄၀၀ ဝန္းက်င္ေလာက္ရွိပါတယ္။ ၿပီးခဲ့တဲ့ ေမလ ပထမအပတ္ေလာက္က စစ္ေကာင္စီတပ္ေတြ ႐ြာထဲဝင္လာၿပီး ေနအိမ္ေတြ အကုန္လုံး မီးရႈိ႕ဖ်က္စီးခံရတာလို႔ ဆိုပါတယ္။

အခုခ်ိန္မွာ တိုက္ပြဲတည္ၿငိမ္ေနေပမယ့္ ေဒသခံေတြ ျပန္စရာေနအိမ္ မရွိၾကဘဲ ေတာေတာင္ထဲမွာ အခက္အခဲေပါင္းစုံနဲ႔ ရင္ဆိုင္ေနၾကရတာပါ။ အရပ္သားေတြ ထိုခိုက္ခဲ့တဲ့ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF တပ္ေတြ အျပန္အလွန္ စြပ္စြဲေျပာဆိုေနၾကပါတယ္။ ထြက္ေျပးတိမ္းေရွာင္ေနနတဲ့ စစ္ေဘးဒုကၡသည္ေတြကေတာ့ တိုက္ပြဲေတြၿငိမ္သြားေပမဲ့ ေတ္ေတာင္ထဲမွာ ဆက္လက္ရပ္တည္ေရး အခက္အခဲေတြ မ်ိဳးစုံ ဆက္ၿပီး ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========== ===========

[[Unicode]]

တိုက်ပွဲငြိမ်သက်ပေမယ့် ကလေးမြို့နယ် စစ်ဘေးရှောင်တွေ လုံခြုံမှုကင်းမဲ့နေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့မေလကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာအတော်များများက ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးကြရပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ပြီးနောက် နေအိမ်မီးရှို့တာခံရသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လာတာပါ။ တိုက်ပွဲတည်ငြိမ်စပြုလာတဲ့ လက်ရှိအချိန်မှာ တချို့ဒေသခံတွေ နေအိမ်ပြန်လာနိုင်ပေမယ့် တချို့ ဒေသခံတွေကတော့ တောတောင်ထဲ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလထဲက ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာတွေဘက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းဆင်း ဝင်ရောက်ခဲ့ပြီးနောက် ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ရွာခံတွေက ပြောဆိုကြပါတယ်။ အဲ့ဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ဖြစ်လာပြီး ရေရှင်ကျေးရွာ၊ အရှေ့စီးကျေးရွာ၊ ရှားဖိုကျေးရွာစတဲ့ ပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

တိုက်ပွဲတည်ငြိမ်စပြုလာလို့ တချို့ဒေသခံတွေက နေအိမ်ပြန်လာကြတာ တလလောက်ရှိနေပါပြီ။ ဒါပေမယ့် ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ရေရှင်ကျေးရွာနဲ့ အရှေ့စီးကျေးရွာ ဒေသခံတချို့က ပြန်စရာနေအိမ်မရှိဘဲ တောတောင်ထဲမှာ ခိုလှုံနေကြဆဲဖြစ်တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ရေရှင်ကတော့ ဘယ်သူမှပြန်လို့မရဘူး။ သူတို့ရွာလည်း ဘာမှမကျန်တော့ဘူးဆိုတော့ အရှေ့စီးကတော့ ၃ ပုံ ၂ ပုံလောက်ကတော့ ပြန်လာကြပြီဗျ၊ ပြန်လာပြီးမှ ဘေးက ကျေးရွာထဲကနေပြီးတော့မှ အိမ်အသေးလေးတွေ ဆောက်ပေးကြတယ်။ ရှိတဲ့ဟာလေးနဲ့လေ။ နောက်ပြီးခါမှ စားနပ်ရိက္ခာလည်း အဲ့လိုမျိုးပဲ ဘေးကနေထောက်ပံ့ပေးကြတာ အဲ့လိုနေကြတယ်ဗျ။ အရှေ့စီးတွေ ပြန်လာပြီ။ ရှားဖိုပြန်လာပြီ။ တင်သားပြန်လာပြီ။”

မီးဘေးသင့်ဒေသခံတွေ နေထိုင်စားသောက်ရေးအတွက် ဘေးဝန်းကျင် ကျေးရွာအချင်းချင်းက ဝိုင်းဝန်ကူညီထားကြပါတယ်။ ရွာသူရွာသားတွေ နေအိမ်ပြန်လာနိုင်ပေမယ့် အခုချိန်ထိ စိတ်ချလက်ချတဲ့ အခြေအနေမရှိသေးပါဘူး။
စစ်ဘေးဒုက္ခသည်တွေနဲ့ မီးဘေးသင့် ဒေသခံတွေအတွက် အလှူရှင်တွေ သိပ်မရကြပါဘူး။ ဆေးဝါးနဲ့ ရိက္ခာအကူအညီတွေလည်း လိုအပ်နေကြတာလို့ ဆိုပါတယ်။

“အခုချိန်က မိုးတွင်းကာလဆိုတော့ ဆေးဝါးအခက်အခဲရှိတယ်ဗျ။ နောက်ပြီး စားနပ်ရိက္ခာလည်း အခက်အခဲရှိတယ်ဗျ။ မီးဘေးသင့်တဲ့ရွာတွေက အတော်များတယ် ဆိုတော့ ဒီကျန်ခဲ့တဲ့ရွာကနေပြီးမှ မျှပြီးမှ ပေးရတာမျိုးတွေ၊ အဲ့လိုမျိုးပဲ စားသောက်နေကြတယ် လောလောဆယ်ကတော့။ ဘေးကနေ အများကြီးကူညီထောက်ပံ့တာမျိုးတော့ သိပ်မရကြသေးဘူး။ ဒီဘက်မှာကတော့ အချင်းချင်းကူညီတာပဲရှိတယ်။ ကျနော်တို့ဘက်ကမှာလည်း စိတ်ချရတဲ့ အခြေအနေမျိုးတော့ မရှိဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ပျူးစောထီးရွာတွေနဲ့လည်း ကပ်တယ်၊ မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်ဆိုတော့ အိမ်သမားတွေက အထုပ်တောင်မဖြေရဘူးပေါ့ဗျာ။ ဒီကျောပိုးအိတ်ဆိုရင် ကိုယ့်အထုတ်နဲ့ကိုယ် ပြန်။ အိမ်ပြီးပြီဆိုလည်း ဒီအထုပ်က ဒီအတိုင်းပဲထားရတယ်၊ ဘယ်အချိန်ပြေးရမလဲဆိုတာ မသိဘူးဆိုတော့ လွတ်လွတ်လပ်လပ်တော့ နေလို့မရဘူး။ စိတ်ချ လက်ချကတော့။”

ရေရှင်ရွာခံတဦးက ဒေသခံတွေ လက်ရှိတိမ်းရှောင်နေကြတဲ့ တောတောင်ထဲမှာ မိုးကာတဲထိုးပြီး ဖြစ်သလို နေထိုင်ကြပြီး အကူအညီတွေ သိပ်မရတာကြောင့် စားစရာတွေက တောတောင်ထဲမှာ ရှိတာလေးနဲ့ ရှားစားနေရတာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ တခေါက်က ရွာထဲကို စစ်ကြောင်းထိုးတော့ကျရင် တရွာလုံးကို အဲ့လို စစ်တပ်က မီးရှို့သွားတယ်ဆိုတော့လေ။ အဲ့ဒါ တရွာလုံး အိမ်တွေ မရှိတော့ဘူး၊ အဲ့ဆိုတော့ တောထဲမှာပဲ နေကြတာ။ တရွာလုံးကလူတွေက ရွာထဲမပြန်ကြဘူး။ တရွာလုံး အရှို့ခံရတာ။ ရွာထဲမှာ အိမ်တွေမရှိတော့ဘူးဆိုတော့ ရွာသူရွာသားတွေက အဲ့တောထဲမှာပဲ တဲထိုးပြီးတော့ နေကြတာ။ တောထဲမှာ အခုလိုအချိန်ဆိုရင် မိုးရာသီဆိုရင် မှိုတွေပေါ်တယ်လေ၊ မျှစ်တွေ အဲ့လိုတွေပဲ ချဉ်ပေါင်တို့ အဲ့ဟာပဲရှိတာ လှည့်စားနေတာ။”

ရေရှင်ကျေးရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ပထမအပတ်လောက်က စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီး နေအိမ်တွေ အကုန်လုံး မီးရှို့ဖျက်စီးခံရတာလို့ ဆိုပါတယ်။

အခုချိန်မှာ တိုက်ပွဲတည်ငြိမ်နေပေမယ့် ဒေသခံတွေ ပြန်စရာနေအိမ် မရှိကြဘဲ တောတောင်ထဲမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတာပါ။ အရပ်သားတွေ ထိုခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်တွေ အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။ ထွက်ပြေးတိမ်းရှောင်နေနတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေငြိမ်သွားပေမဲ့ တေ်တောင်ထဲမှာ ဆက်လက်ရပ်တည်ရေး အခက်အခဲတွေ မျိုးစုံ ဆက်ပြီး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG